သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ႏိုင္ငံသား အယ္ဒီတာ စစ္ေကာင္စီဖမ္းဆီး


Frontier Myanmar ရဲ့ အယ္ဒီတာ Danny Fenster (ဓာတ္ပံု- official site)

(Zawgyi/Unicode)
Frontier Myanmar မဂၢဇင္း အယ္ဒီတာ Danny Fenster ဟာ မေလးရွားႏိုင္ငံ Kuala Lumpur ကို သြားမယ့္ ေလယာဥ္ေပၚ မတက္ခင္ကေလးမွာပဲ တနလၤာေန႔ မနက္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ အဖမ္းခံခဲ့ရတယ္လို႔ မဂၢဇင္းတိုက္က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။ သူ႔ကို ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္ကို ပို႔လိုက္ေၾကာင္း သိရတယ္ လို႔လည္း ေျပာပါတယ္။

သူ႔ကို ဘာေၾကာင့္ဖမ္းဆီးမွန္း မသိရတဲ့ အျပင္ အဖမ္းခံရၿပီးကတည္းက သူနဲ႔ အဆက္အသြယ္ လုပ္လို႔မရေၾကာင္းလည္း ေျပာပါတယ္။ သူ႔အေျခေနကို စိုးရိမ္ပူပန္ ေနေၾကာင္းနဲ႔ သူ႔ကို အျမန္ဆံုး ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ Frontier Myanmar မဂၢဇင္း အေနနဲ႔ သူလိုအပ္တာေတြကို လုပ္ေပးဖို႔နဲ႔သူအႏၲရာယ္ မရွိေအာင္ ဦးစားေပး လုပ္ေဆာင္ေနေၾကာင္းလည္း တြစ္တာမွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံထဲမွာ တႏွစ္ပတ္လံုး အလုပ္လုပ္ေနတဲ့ အသက္ ၃၇ ႏွစ္အရြယ္ အေမရိကန္ႏိုင္ငံသား Fenster ဟာ သူ႔မိသားစုနဲ႔ ေတြ႕ဖို႔ ျပန္လာခ်ိန္မွာ အဖမ္းခံရတာ ျဖစ္ေၾကာင္း Frontier မဂၢဇင္းအယ္ဒီတာခ်ဳပ္ Thomas Kean က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရကလည္း အေမရိကန္ႏိုင္ငံသား တဦး ျမန္မာႏိုင္ငံမွာ အဖမ္းခံေနရတယ္လို႔ သိရေၾကာင္းနဲ႔ ႏိုင္ငံရပ္ျခားေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံသားေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံျခားေရးဌာနက အေလးအနက္ထားရွိသလို သူ႔ရဲ႕အေျခေနကို ေစာင့္ၾကည့္ေနေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့လတုန္းက အဖမ္းခံခဲ့ရတဲ့ ဂ်ပန္သတင္းေထာက္ Yuki Kitazumi ဟာလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ သူ႔ျပန္လႊတ္မေပးခင္အထိ အင္းစိန္အက်ဥ္းေထာင္မွာပဲ ထားတာ ျဖစ္ပါတယ္။

မတ္လတုန္းကလည္း ဆႏၵျပပြဲ သတင္းယူေနခ်ိန္မွာ အဖမ္းခံခဲ့ရတဲ့ ပိုလန္သတင္းေထာက္ Robert Bociaga ဟာလည္း သီတင္း ၂ ပတ္ေလာက္ အထိမ္းသိမ္းခံခဲ့ရတာပါ။

ျမန္မာႏိုင္ငံမွာ သတင္းမီဒီယာလုပ္ငန္း ဆက္လက္လုပ္ကိုင္ခြင့္အတြက္ ျမန္မာစစ္တပ္က လိုင္စင္ ႐ုတ္သိမ္းထားတဲ့ မီဒီယာက ၈ ခုရွိေနၿပီျဖစ္ၿပီး အဖမ္းခံခဲ့ရတဲ့ သတင္းသမား အနည္းဆံုး ၈၄ ေယာက္ ရွိေနသလို အခုထိ ဆက္အဖမ္းခံေနရဆဲ က ၄၈ ေယာက္ထက္မနည္း ရွိေနတယ္လို႔ ေမလ ၁၄ ရက္မွာ ကုလသမဂၢက ေျပာပါတယ္။

RSF နယ္စည္းမျခား သတင္းသမားမ်ား အဖြဲ႔ရဲ႕ ႏိုင္ငံေပါင္း ၁၈၀ အတြက္ ၂၀၂၁ သတင္းလြတ္လပ္ခြင့္ အၫႊန္းကိန္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၁၄၀ မွာ ရွိေနတာျဖစ္ပါတယ္။

..................................................................

တိုက္႐ိုက္ လင့္ခ္


အမေရိကန်နိုင်ငံသား အယ်ဒီတာ စစ်ကောင်စီဖမ်းဆီး

(Unicode)

Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာ Danny Fenster ဟာ မလေးရှားနိုင်ငံ Kuala Lumpur ကို သွားမယ့် လေယာဉ်ပေါ် မတက်ခင်ကလေးမှာပဲ တနင်္လာနေ့ မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံခဲ့ရတယ်လို့ မဂ္ဂဇင်းတိုက်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ သူ့ကို ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ကြောင်း သိရတယ် လို့လည်း ပြောပါတယ်။

သူ့ကို ဘာကြောင့်ဖမ်းဆီးမှန်း မသိရတဲ့ အပြင် အဖမ်းခံရပြီးကတည်းက သူနဲ့ အဆက်အသွယ် လုပ်လို့မရကြောင်းလည်း ပြောပါတယ်။ သူ့အခြေနေကို စိုးရိမ်ပူပန် နေကြောင်းနဲ့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ Frontier Myanmar မဂ္ဂဇင်း အနေနဲ့ သူလိုအပ်တာတွေကို လုပ်ပေးဖို့နဲ့သူအန္တရာယ် မရှိအောင် ဦးစားပေး လုပ်ဆောင်နေကြောင်းလည်း တွစ်တာမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံထဲမှာ တနှစ်ပတ်လုံး အလုပ်လုပ်နေတဲ့ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Fenster ဟာ သူ့မိသားစုနဲ့ တွေ့ဖို့ ပြန်လာချိန်မှာ အဖမ်းခံရတာ ဖြစ်ကြောင်း Frontier မဂ္ဂဇင်းအယ်ဒီတာချုပ် Thomas Kean က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရကလည်း အမေရိကန်နိုင်ငံသား တဦး မြန်မာနိုင်ငံမှာ အဖမ်းခံနေရတယ်လို့ သိရကြောင်းနဲ့ နိုင်ငံရပ်ခြားရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက အလေးအနက်ထားရှိသလို သူ့ရဲ့အခြေနေကို စောင့်ကြည့်နေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက အဖမ်းခံခဲ့ရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ သူ့ပြန်လွှတ်မပေးခင်အထိ အင်းစိန်အကျဉ်းထောင်မှာပဲ ထားတာ ဖြစ်ပါတယ်။

မတ်လတုန်းကလည်း ဆန္ဒပြပွဲ သတင်းယူနေချိန်မှာ အဖမ်းခံခဲ့ရတဲ့ ပိုလန်သတင်းထောက် Robert Bociaga ဟာလည်း သီတင်း ၂ ပတ်လောက် အထိမ်းသိမ်းခံခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့်အတွက် မြန်မာစစ်တပ်က လိုင်စင် ရုတ်သိမ်းထားတဲ့ မီဒီယာက ၈ ခုရှိနေပြီဖြစ်ပြီး အဖမ်းခံခဲ့ရတဲ့ သတင်းသမား အနည်းဆုံး ၈၄ ယောက် ရှိနေသလို အခုထိ ဆက်အဖမ်းခံနေရဆဲ က ၄၈ ယောက်ထက်မနည်း ရှိနေတယ်လို့ မေလ ၁၄ ရက်မှာ ကုလသမဂ္ဂက ပြောပါတယ်။

RSF နယ်စည္းမခြား သတင်းသမားများ အဖွဲ့ရဲ့ နိုင်ငံပေါင်း ၁၈၀ အတွက် ၂၀၂၁ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၄၀ မှာ ရှိနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG