သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သတင္းသမား Fenster စိတ္ပ်က္အားေလ်ာ႔ေနဟန္ရွိ (ေရွ႕ေနဦးသန္းေဇာ္ေအာင္)


(Zawgyi / Unicode)

ျမန္မာ ႏိုင္ငံမွာ ဖမ္းဆီး ေထာင္ခ်ခံထားရတာ ၄ လ နီးပါး ရွိေနၿပီ ျဖစ္တဲ႔ အေမရိကန္ သတင္းသမား Danny Fenster ဟာ တနလာၤေန႔ တရားရံုး ၾကားနာမႈ အတြင္း စိတ္ပ်က္ အားေလ်ာ့ေနပံု ရေၾကာင္း သူ႔ရဲ႕ ေရွ႕ေနက ေျပာပါတယ္။

အေမရိကန္ သတင္းသမား Fenster ကို လံႈ႔ေဆာ္မႈနဲ႔ စြဲဆိုထားတာ ျဖစ္ၿပီး အျပစ္ရွိတယ္လို႔ ဆံုးျဖတ္ခံရရင္ ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ အထက္ က်ခံရႏိုင္ပါတယ္။ လံႈ႔ေဆာ္တယ္လို႔ စြပ္စြဲခံရတဲ႔ အခ်က္ေတြကိုေတာ့ စြဲခ်က္မွာ အတိအက် ေဖာ္ျပမထားပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ တနလာၤေန႔ တရားရံုးထုတ္ကို ဗြီဒီယို ကြန္းဖရင့္နဲ႔ လုပ္ခဲ႔ၿပီး ေရွ႕ေနနဲ႔လည္း စကားေျပာခြင့္ ရခဲ႔ပါတယ္။ တလေက်ာ္ အတြင္း ပထမဆံုး အႀကိမ္ အျဖစ္ ေရွ႕ေနနဲ႔ အမႈသည္ၾကား ဗြီဒီယို ကြန္းဖရင့္ကေန တဆင့္ စကားေျပာခြင့္ ရခဲ႔တာမွာ Fenster ဟာ စိတ္ပ်က္ စိတ္ဓာတ္က်ေနပံု ရတယ္လို႔ ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာပါတယ္။

ရန္ကုန္က အင္းစိန္ေထာင္မွာ ခ်ဳပ္ေႏွာင္ခံထားရတဲ႔ Danny Fenster ဟာ ဆံပင္ေတြလည္း ရွည္ေနေၾကာင္း၊ သူ႔ကို ၾကည့္ရတာ စိတ္ပ်က္ေနပံု ရၿပီး ဘာမွ ေျပာစရာ မရွိဘူးလို႔ စိတ္ဆိုးေနတဲ႔ ေလသံနဲ႔ ေျပာခဲ႔ေၾကာင္း ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာပါတယ္။ အာဏာပိုင္ေတြက ကာကြယ္ေဆး ထိုးေပးလားလို႔ ေမးတာမွာလည္း ထိုးမေပးဘူးလို႔ ေျပာေၾကာင္း၊ ဘာမွ ေတာင္းဆိုတာလည္း မရွိေၾကာင္း ေရွ႕ေနက ေျပာပါတယ္။

အေမရိကန္ ျပည္ေထာင္စု Detroit က မိသားစုထံ သြားဖို႔ အတြက္ ျပင္ဆင္တဲ႔ Fenster ကို ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ေမလ ၂၄ ရက္ေန႔က ဖမ္းဆီးခဲ႔တာ ျဖစ္ပါတယ္။ ရန္ကုန္ အေျခစိုက္ လြတ္လပ္တဲ႔ သတင္းမီဒီယာ Frontier Myanmar မွာ Danny Fenster စီမံခန္႔ခြဲမႈ အယ္ဒီတာ ျဖစ္ပါတယ္။ တနလာၤေန႔ တရားရံုးထုတ္မႈကေတာ့ Fenster ကို ခ်ဳပ္ရက္ ထပ္တိုးဖို႔ ျဖစ္ၿပီး ေအာက္တိုဘာလ ၄ ရက္ေန႔မွာ ေနာက္ထပ္ ရံုးထုတ္ဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကန်သတင်းသမား Fenster စိတ်ပျက်အားလျော့နေဟန်ရှိ (ရှေ့နေဦးသန်းဇော်အောင်)

မြန်မာ နိုင်ငံမှာ ဖမ်းဆီး ထောင်ချခံထားရတာ ၄ လ နီးပါး ရှိနေပြီ ဖြစ်တဲ့ အမေရိကန် သတင်းသမား Danny Fenster ဟာ တနလာၤနေ့ တရားရုံး ကြားနာမှု အတွင်း စိတ်ပျက် အားလျော့နေပုံ ရကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

အမေရိကန် သတင်းသမား Fenster ကို လှုံ့ဆော်မှုနဲ့ စွဲဆိုထားတာ ဖြစ်ပြီး အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရရင် ထောင်ဒဏ် ၃ နှစ်နဲ့ အထက် ကျခံရနိုင်ပါတယ်။ လှုံ့ဆော်တယ်လို့ စွပ်စွဲခံရတဲ့ အချက်တွေကိုတော့ စွဲချက်မှာ အတိအကျ ဖော်ပြမထားပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် တနလာၤနေ့ တရားရုံးထုတ်ကို ဗွီဒီယို ကွန်းဖရင့်နဲ့ လုပ်ခဲ့ပြီး ရှေ့နေနဲ့လည်း စကားပြောခွင့် ရခဲ့ပါတယ်။

တလကျော် အတွင်း ပထမဆုံး အကြိမ် အဖြစ် ရှေ့နေနဲ့ အမှုသည်ကြား ဗွီဒီယို ကွန်းဖရင့်ကနေ တဆင့် စကားပြောခွင့် ရခဲ့တာမှာ Fenster ဟာ စိတ်ပျက် စိတ်ဓာတ်ကျနေပုံ ရတယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ ရန်ကုန်က အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ Danny Fenster ဟာ ဆံပင်တွေလည်း ရှည်နေကြောင်း၊ သူ့ကို ကြည့်ရတာ စိတ်ပျက်နေပုံ ရပြီး ဘာမှ ပြောစရာ မရှိဘူးလို့ စိတ်ဆိုးနေတဲ့ လေသံနဲ့ ပြောခဲ့ကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

အာဏာပိုင်တွေက ကာကွယ်ဆေး ထိုးပေးလားလို့ မေးတာမှာလည်း ထိုးမပေးဘူးလို့ ပြောကြောင်း၊ ဘာမှ တောင်းဆိုတာလည်း မရှိကြောင်း ရှေ့နေက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု Detroit က မိသားစုထံ သွားဖို့ အတွက် ပြင်ဆင်တဲ့ Fenster ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန် အခြေစိုက် လွတ်လပ်တဲ့ သတင်းမီဒီယာ Frontier Myanmar မှာ Danny Fenster စီမံခန့်ခွဲမှု အယ်ဒီတာ ဖြစ်ပါတယ်။

တနလာၤနေ့ တရားရုံးထုတ်မှုကတော့ Fenster ကို ချုပ်ရက် ထပ်တိုးဖို့ ဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့မှာ နောက်ထပ် ရုံးထုတ်ဖို့ စီစဉ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG