Zawgyi/Unicode
ေမလ ၂၄ ရက္ေန႔ကတည္းက ဖမ္းဆီးထားတဲ့ Frontier Myanmar သတင္းဌာနရဲ႕ အုပ္ခ်ဳပ္မႈ အယ္ဒီတာ အေမရိကန္ႏိုင္ငံသား Danny Fenster ရဲ႕ လက္ရွိ အေျခအေန၊ သူ႔ကိုစစ္ေဆးေနတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ဒီေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဗြီအိုေအက ေမးျမန္းခဲ့ပါတယ္။
“Frontier မဂၢဇင္းမွာလုပ္ခဲ့တဲ့ အေမရိကန္သတင္းေထာက္ေပါ့ေနာ္။ အုပ္ခ်ဳပ္မႈအယ္ဒီတာDanny Fenster ကို ဖမ္းထားတာၾကာၿပီဆိုေတာ့ က်ေနာ္ကလည္း ဒီေန႔သတင္းစာရွင္းလင္းပြဲမွာ တက္ရေတာ့ ေမးၾကည့္ပါတယ္။ ...အဲဒီေတာ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ သူဟာ က်န္းမာေရး ေကာင္းမြန္တဲ့အေျခအေနမွာရွိပါေၾကာင္း၊ ေနာက္ ကာကြယ္ေဆး ထိုးဖို႔၊ မထိုးဖို႔ကေတာ့ ကာယကံရွင္ရဲ႕ဆံုးျဖတ္ခ်က္ျဖစ္တာေၾကာင့္ အဲဒီကိစၥကိုေတာ့ သူတို႔ ရွင္းရွင္းလင္းလင္း မသိရေသးဘူး။ ၿပီးေတာ့ သူ႔ကို စြဲတင္ထားတဲ့ အမႈေတြအေၾကာင္းကိုေတာ့ က်ေနာ္ ေမးၾကည့္တဲ့အခါမွာ ဗုိလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို ေျပာတယ္ခင္ဗ်။”
“သတင္းေထာက္မ်ားနဲ႔ပတ္သက္လို႔ကေတာ့ သတင္းေထာက္မ်ားသည္ သတင္းေထာက္အလုပ္ကိုသာ မွ်မွ်တတ လုပ္တယ္ဆိုရင္ ဖမ္းဆီးစစ္ေဆးစရာ အေၾကာင္းမရွိပါဘူး။ သူ႔အေနနဲ႔ကေတာ့ သတင္းေထာက္လုပ္ငန္းေတြထက္ ေက်ာ္လြန္ေဆာင္ရြက္ခဲ့တာေတြ ရွိလို႔ စစ္ေဆးခဲ့တာ ရွိပါတယ္။ က်န္းမာေရး အေျခအေန ေကာင္းမြန္ပါတယ္။ ကိုဗစ္-၁၉ေဆးထုိးျခင္း၊ မထုိးျခင္းနဲ႔ပတ္သက္လို႔ကေတာ့ အက်ဥ္းေထာင္မွာရွိေနတဲ့ အက်ဥ္းသားမ်ား၊ အခ်ုပ္သားမ်ားကို ကိုဗစ္-၁၉ေဆး ထိုးႏွံေပးလွ်က္ရွိပါတယ္။ ထိုးျခင္း၊ မထိုးျခင္းသည္ သူ႔ဆႏၵသာ ျဖစ္ပါတယ္။”
ကိုရန္ႏုိင္။။ လက္ရွိက သူ႔ကို ဘာမႈနဲ႔စြဲထားတယ္လို႔ေရာ တိတိက်က် ေျဖသြားတာ ရွိပါလား။
ကိုစည္သူ။။ က်ေနာ္က အမႈအေၾကာင္း ရွင္းရွင္းလင္းလင္းမ်ား သိရမလားလို႔ ထပ္ေမးတဲ့အခါမွာေတာ့ သူက - သတင္းေထာက္ေဘာင္ကို ေက်ာ္ၿပီးေတာ့ က်ဴးလြန္ထားတယ္ဆိုတာေတာ့ ေသခ်ာတယ္၊ သို႔ေသာ္ သူတို႔ စစ္ေဆးေမးျမန္းေနဆဲျဖစ္တဲ့အတြက္ အမႈကို စြဲတင္တယ္ဆိုတာေတာ့ ေသခ်ာေနတယ္။ ဒါေပမယ့္ အမႈအေသးစိတ္ကိုေတာ့ ေနာက္မွပဲ ေျပာပါမယ္ဆိုၿပီးေတာ့ တိတိက်က် ရွင္းလင္းခ်က္ ေပးမသြားဘူး ခင္ဗ်။”
ဒီကေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စစ္ေကာင္စီရဲ႕သတင္းစာရွင္းလင္းပြဲကို ကိုယ္တုိင္သတင္းသြားယူခဲ့တဲ့ ဗီြအိုေအသတင္းေထာက္ ကုိစည္သူ ေျပာသြားတာ ျဖစ္ပါတယ္။
---------
Unicode
Danny Fenster သတင်းထောက်အလုပ်ထက် ကျော်လုပ်ခဲ့တယ်လို့ စစ်ကောင်စီစွပ်စွဲ
မေလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးထားတဲ့ Frontier Myanmar သတင်းဌာနရဲ့ အုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ရဲ့ လက်ရှိ အခြေအနေ၊ သူ့ကိုစစ်ဆေးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက မေးမြန်းခဲ့ပါတယ်။
“Frontier မဂ္ဂဇင်းမှာလုပ်ခဲ့တဲ့ အမေရိကန်သတင်းထောက်ပေါ့နော်။ အုပ်ချုပ်မှုအယ်ဒီတာDanny Fenster ကို ဖမ်းထားတာကြာပြီဆိုတော့ ကျနော်ကလည်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ တက်ရတော့ မေးကြည့်ပါတယ်။ ...အဲဒီတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူဟာ ကျန်းမာရေး ကောင်းမွန်တဲ့အခြေအနေမှာရှိပါကြောင်း၊ နောက် ကာကွယ်ဆေး ထိုးဖို့၊ မထိုးဖို့ကတော့ ကာယကံရှင်ရဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့် အဲဒီကိစ္စကိုတော့ သူတို့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ပြီးတော့ သူ့ကို စွဲတင်ထားတဲ့ အမှုတွေအကြောင်းကိုတော့ ကျနော် မေးကြည့်တဲ့အခါမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောတယ်ခင်ဗျ။”
“သတင်းထောက်များနဲ့ပတ်သက်လို့ကတော့ သတင်းထောက်များသည် သတင်းထောက်အလုပ်ကိုသာ မျှမျှတတ လုပ်တယ်ဆိုရင် ဖမ်းဆီးစစ်ဆေးစရာ အကြောင်းမရှိပါဘူး။ သူ့အနေနဲ့ကတော့ သတင်းထောက်လုပ်ငန်းတွေထက် ကျော်လွန်ဆောင်ရွက်ခဲ့တာတွေ ရှိလို့ စစ်ဆေးခဲ့တာ ရှိပါတယ်။ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါတယ်။ ကိုဗစ်-၁၉ဆေးထိုးခြင်း၊ မထိုးခြင်းနဲ့ပတ်သက်လို့ကတော့ အကျဉ်းထောင်မှာရှိနေတဲ့ အကျဉ်းသားများ၊ အချုပ်သားများကို ကိုဗစ်-၁၉ဆေး ထိုးနှံပေးလျှက်ရှိပါတယ်။ ထိုးခြင်း၊ မထိုးခြင်းသည် သူ့ဆန္ဒသာ ဖြစ်ပါတယ်။”
ကိုရန်နိုင်။။ လက်ရှိက သူ့ကို ဘာမှုနဲ့စွဲထားတယ်လို့ရော တိတိကျကျ ဖြေသွားတာ ရှိပါလား။
ကိုစည်သူ။။ ကျနော်က အမှုအကြောင်း ရှင်းရှင်းလင်းလင်းများ သိရမလားလို့ ထပ်မေးတဲ့အခါမှာတော့ သူက - သတင်းထောက်ဘောင်ကို ကျော်ပြီးတော့ ကျူးလွန်ထားတယ်ဆိုတာတော့ သေချာတယ်၊ သို့သော် သူတို့ စစ်ဆေးမေးမြန်းနေဆဲဖြစ်တဲ့အတွက် အမှုကို စွဲတင်တယ်ဆိုတာတော့ သေချာနေတယ်။ ဒါပေမယ့် အမှုအသေးစိတ်ကိုတော့ နောက်မှပဲ ပြောပါမယ်ဆိုပြီးတော့ တိတိကျကျ ရှင်းလင်းချက် ပေးမသွားဘူး ခင်ဗျ။”
ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူ ပြောသွားတာ ဖြစ်ပါတယ်။
#WhatIsHappeningInMyanmar #MyanmarMilitaryCoup #DannyFenster #voaburmese #စစ်အာဏာသိမ်းမှု #သတင်းလွတ်လပ်ခွင့် #ဗွီအိုအေမြန်မာပိုင်း