သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သတင်းသမား Danny Fenster ရဲ့အာမခံလျှောက်ထားချက် တရားရုံးက ပယ်ချ


 အမေရိကန် ပြည်ထောင်စု မီရှီဂန်ပြည်နယ် Detroit မြို့ က သူနေအိမ်မှာ Danny Fenster အလုပ်လုပ်ခဲ့စဉ် (၂ဝ၁၈ AP ဓါတ်ပုံ)
အမေရိကန် ပြည်ထောင်စု မီရှီဂန်ပြည်နယ် Detroit မြို့ က သူနေအိမ်မှာ Danny Fenster အလုပ်လုပ်ခဲ့စဉ် (၂ဝ၁၈ AP ဓါတ်ပုံ)

အမေရိကန် သတင်းသမား Danny Fenster ရဲ့အာမခံလျှောက်ထားချက် တရားရုံးက ပယ်ချ

{{Zawgyi/Unicode}}

အကျဉ်းကျခံနေရတဲ့ အမေရိကန် သတင်းသမား Danny Fenster ရဲ့အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီး ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ဥပဒေ ချိုးဖောက်မှုဆိုတဲ့ပြစ်မှုတခုနဲ့ပါ ထပ်မံစွဲဆိုလိုက်တယ်လို့ သူရဲ့ရှေ့နေဖြစ်သူက မနေ့ ဗုဒ်ဓဟူးနေ့က ပြောပါတယ်။ အဲဒီလို ထပ်မံစွဲချက်တင်လိုက်တဲ့ ဗီဇာဥပဒေအရ ပြစ်မှုထင်ရှားရင် ၆ လကနေ ၅နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်လို့ သူရဲ့ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။သူကို အင်စိန်ထောင်တွင်းတရားရုံးကနေ ကြားနာစစ်ဆေးတာလို့လည်း ရှေ့နေကပြောပါတယ်။

Danny Fenster ကို အဲဒီလို တရားရုံးက ဆုံးဖြတ်လိုက်တာဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Bill Richardson မြန်မာနိုင်ငံကို လာရောက်ပြီး တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။ ဒါအပြင် သူရဲ့ ခရီးစဉ်အတွင်းမှာ Danny Fenster လွတ်မြောက်ရေးအတွက်လည်း ဆောင်ရွက်လိမ့်မယ်လို့လည်း အများက ထင်ကြေးပေးနေကြပါတယ်။

Danny Fenster ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က မိသားစုရှိရာ အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်၊ ဒီထရွိုက်မြို့ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကနေတဆင့် ပြန်လာဖို့ ထွက်တဲ့အချိန် ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။သူအပေါ် တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားခဲ့ပါတယ်။

...................................

တိုက်ရိုက် လင့်ခ်



{{Unicode}}




XS
SM
MD
LG