သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကုလသံအမတ်ဟောင်းနဲ့ မြန်မာစစ်ကောင်စီအကြီးအကဲတွေ့ဆုံ


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson အား လက်ခံတွေ့ဆုံ (ဓာတ်ပုံ-တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson အား လက်ခံတွေ့ဆုံ (ဓာတ်ပုံ-တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

{{{Zawgyi/Unicode}}}

နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ဟာ ဒီနေ့ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ် 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကုသရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေတွေနဲ့ အမေရိကန်ပြည်ထောင်စုဘက်က ရောဂါ ကာကွယ်ဆေး ကူညီပေးမယ့် အခြေအနေတွေကို ဆွေးနွေးကြတဲ့အကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ Bill Richardson ရဲ့ ခရီးစဉ်ဟာ သူ့ အစီအစဉ်နဲ့သူ သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပေမဲ့ လူသားချင်းစာနာမှုအကူညီတွေ မြန်မာနိုင်ငံဆီ အမြန်ရောက်နိုင်ရေး အထောက်အကူ ဖြစ်စေနိုင်တာကြောင့် အမေရိကန်အစိုးရအနေနဲ့ ကြိုဆိုကြောင်း မနေ့က ပြောဆိုပါတယ်။

ကိုရိုနာကပ်ရောဂါကုသရေး အကူအညီတွေနဲ့ တခြား အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေကို မြန်မာ ခေါင်းဆောင်တွေဘက်က ခွင့်ပြုလာအောင် နားချတိုက်တွန်းနိုင်မယ်လို့ မျှော်တဲ့အကြောင်းလည်း အမေရိကန် အစိုးရက ပြောပါတယ်။ Bill Richardson ရဲ့ အရင် ဆယ်စုနှစ်တွေအတွင်း ခရီးစဉ်တွေမှာ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေး ကြိုးပမ်းခဲ့ဘူးတဲ့ အစဉ်အလာတွေ ရှိတာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား သတင်းထောက် Danny Fenster လွတ်မြောက်ရေးအတွက် အခုခရီးစဉ်အတွင်း ကြိုးပမ်းနိုင်တယ်လို့ အကဲခတ်တွေက မျှော်လင့်ထားပါတယ်။

Bill Richardson ရဲ့ ပြောခွင့်ရက ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်တဦးဖြစ်ခဲ့တဲ့ Bill Richardson ဟာ ၂၀၁၈ ခုနှစ်ကတော့ အကြံပေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို ဝေဖန်ပြီး မြန်မာအစိုးရနဲ့ အချေအတင် သဘောကွဲလွဲခဲ့တာကြောင့် အကြံပေးအဖွဲ့က နုတ်ထွက်ခဲ့ပါတယ်။ အခု ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကို အသိပေးခဲ့တဲ့အကြောင်းနဲ့ ခရီးစဉ်ရဲ့ ရလဒ်ကိုလည်း အတွင်းရေးမှူးချုပ်ကို အသိပေးအကြောင်းကြားမယ့်အကြောင်းလည်း ကုလသမဂ္ဂ ပြောခွင့်ရကလည်း မနေ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


===========


{{{Unicode}}}





#USMyanmar #BillRichardson #VOABurmese


XS
SM
MD
LG