Zawgyi
Danny Fenster ကို ထောင်ဒဏ်ချမှတ်မှု ကန်အစိုးရ ပြင်းပြင်းထန်ထန် ရှုတ်ချ
အမေရိကန်သတင်းထောက် Danny Fenster ကို မြန်မာစစ်တပ်အာဏာပိုင်တွေက ထောင်ဒါဏ် ၁၁ နှစ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်အစိုးရက ပစ်တင်ရှုံချလိုက်ပြီး၊ ချက်ခြင်းလွှတ်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်အာဏာပိုင်တွေကအခုလိုအပြစ်ဒါဏ်ချမှတ်ခဲ့တာဟာ အပစ်မရှိသူတဦးအပေါ် ပစ်ဒါဏ်ချ ခဲ့တာဘဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကပြောဆိုခဲ့ပါတယ်။
Denny Fenster ရဲ့အခြေအနေတွေကို အမေရိကန်အစိုးရအနေနဲ့အနီးကပ်စောင့်ကြည့်နေပြီး၊ သူ့ရဲ့ လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လဲ ပြောရေးဆိုခွင့်ရှိသူကပြောဆို ပါတယ်။
သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းဟာ ရာဇဝတ်တခုမဟုတ်ပါဘူး၊ သာသာဝပြောပြီး လွတ်လပ်ကြံခိုင်တဲ့ လူအဖွဲ့အစည်းတရပ်ဖြစ်ဖို့ရာမှာ လွတ်လပ်တဲ့သတင်းမီဒီယာဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။
Danny Fenster ဟာ Frontier Myanmar သတင်းဌာနကသတင်းထောက်တဦး ဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက် မေလအတွင်းအဖမ်းခံခဲ့ရပါတယ်။ သောကြာနေ့တုန်းက တော့ အလုပ်နဲ့ ထောင်ဒါဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရပါတယ်။
Unicode
###