သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Danny Fenster ကိုေထာင္ခ်တဲ့အေပၚ Frontier Myanmar စိတ္ပ်က္


Danny Fenster (ယာ)၊ နဲ႔ သူ႔မိဘႏွစ္ပါးနဲ႔အကို Fenster မိသားစု

{{Zawgyi/Unicode}}

Frontier Myanmar သတင္းဌာနက အေမရိကန္ႏုိင္ငံသား အမႈေဆာင္အယ္ဒီတာ Danny Fenster ကို ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္လိုက္တဲ့အေပၚ အထူးပဲ စိတ္ပ်က္ရေၾကာင္း သတင္းဌာနရဲ႕ အယ္ဒီတာတဦးျဖစ္သူ Thomas Kean ကေျပာပါတယ္။

"ဒီဆံုးျဖတ္ခ်က္အေပၚ Frontier က လူတိုင္း စိတ္ပ်က္လက္ပ်က္ျဖစ္ၾကရပါတယ္။ Danny သူ႔မိသားစုဆီ ျပန္ႏုိင္ေအာင္ ျဖစ္ႏုိင္သမွ် အျမန္ဆံုးျပန္လြတ္တာကို က်ေနာ္တို႔ျမင္ခ်င္ပါတယ္။ Danny ဟာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဥပေဒပုဒ္မ ၁၂၄ (က) တို႔နဲ႔ လည္း တရားစြဲခံထားရၿပီး အဲဒီအမႈေတြကို သီးျခားစီ

Danny Fenster ဟာ ဖမ္းဆီးခံရခ်ိန္က Myanmar Now သတင္းဌာနမွာ လုပ္ကိုင္ေနတာမဟုတ္ေတာ့ဘဲ Frontier Myanmar မွာ လုပ္ကိုင္ေနၿပီဆိုတာ အခြန္နဲ႔ လူမႈဖူလုံေရးမွတ္တမ္းနဲ႔ သတင္းဌာနက ဝန္ထမ္းတဦးရဲ႕ ထြက္ဆိုခ်က္အပါအဝင္ ခိုင္မာတဲ့အေထာက္အထားေတြ တင္ျပခဲ့ေပမယ့္လည္း တရား႐ုံးက မ်က္ကြယ္ျပဳခဲ့တယ္လို႔လည္း အယ္ဒီတာ Thomas Kean ကေျပာပါတယ္။


စစ္ေဆးဖို႔ရွိေနပါတယ္" လို႔ Frontier Myanmar သတင္းဌာနရဲ႕ အယ္ဒီတာ Thomas Kean ကေျပာပါတယ္။

Danny Fenster ဟာ ဖမ္းဆီးခံရခ်ိန္က Myanmar Now သတင္းဌာနမွာ လုပ္ကိုင္ေနတာမဟုတ္ေတာ့ဘဲ Frontier Myanmar မွာ လုပ္ကိုင္ေနၿပီဆုိတာ အခြန္နဲ႔ လူမႈဖူလံုေရးမွတ္တမ္းနဲ႔ သတင္းဌာနက ဝန္ထမ္းတဦးရဲ႕ ထြက္ဆိုခ်က္အပါအဝင္ ခုိင္မာတဲ့အေထာက္အထားေတြ တင္ျပခဲ့ေပမယ့္လည္း တရားရံုးက မ်က္ကြယ္ျပဳခဲ့တယ္လုိ႔လည္း အယ္ဒီတာ Thomas Kean ကေျပာပါတယ္။

ႏုိင္ငံတကာ အက်ပ္အတည္းေတြကို ေစာင့္ၾကည့္ေလ့လာေနတဲ့ Crisis Group အဖြဲ႔ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အႀကီးတန္းအၾကံေပးပုဂၢိဳလ္ Richard Horsey က ဒီျပစ္ဒဏ္ခ်မွတ္မႈဟာ "သိပ္ကို ဆိုးရြားလြန္းတယ္" လို႔ ေျပာတဲ့အေၾကာင္း ေအပီသတင္းမွာ ေရးထားပါတယ္။

လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ HRW ရဲ႕ အာရွေဒသဆိုင္ရာ ဒုတိိယၫႊန္ၾကားေရးမွဴး Phil Robertson ကလည္း ဒီလိုႏွစ္ရွည္ေထာင္ဒဏ္ ခ်တဲ့အေပၚ ျပစ္တင္ေဝဖန္ၿပီး ျပစ္ဒဏ္ကို ပယ္ဖ်က္ၿပီးေတာ့ ခ်က္ျခင္းျပန္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။

Danny Fenster ကို ပုဒ္မ ၅၀၅ (က) တပ္မေတာ္ၿပိဳကြဲေအာင္ ေသြးထိုးလႈံ႔ေဆာ္မႈနဲ႔ ေထာင္ ၃ ႏွစ္၊ ပုဒ္မ ၁၇ (၁) မတရားအသင္းဆက္သြယ္မႈနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္၊ ပုဒ္မ ၁၃ (၁) လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ဳိးေဖာက္မႈနဲ႔ ေထာင္ဒဏ္ ၅ ႏွစ္ ဒီကေန႔ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

Danny Fenster ကိုေထာင္ခ်တဲ့အေပၚ Frontier Myanmar စိတ္ပ်က္
please wait

No media source currently available

0:00 0:01:33 0:00
တိုက္႐ိုက္ လင့္ခ္

=========

{{Unicode}}

Danny Fenster ကိုထောင်ချတဲ့အပေါ် Frontier Myanmar စိတ်ပျက်

Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အမှုဆောင်အယ်ဒီတာ Danny Fenster ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တဲ့အပေါ် အထူးပဲ စိတ်ပျက်ရကြောင်း သတင်းဌာနရဲ့ အယ်ဒီတာတဦးဖြစ်သူ Thomas Kean ကပြောပါတယ်။

"ဒီဆုံးဖြတ်ချက်အပေါ် Frontier က လူတိုင်း စိတ်ပျက်လက်ပျက်ဖြစ်ကြရပါတယ်။ Danny သူ့မိသားစုဆီ ပြန်နိုင်အောင် ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လွတ်တာကို ကျနော်တို့မြင်ချင်ပါတယ်။ Danny ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ ၁၂၄ (က) တို့နဲ့ လည်း တရားစွဲခံထားရပြီး အဲဒီအမှု

Danny Fenster ဟာ ဖမ်းဆီးခံရချိန်က Myanmar Now သတင်းဌာနမှာ လုပ်ကိုင်နေတာမဟုတ်တော့ဘဲ Frontier Myanmar မှာ လုပ်ကိုင်နေပြီဆိုတာ အခွန်နဲ့ လူမှုဖူလုံရေးမှတ်တမ်းနဲ့ သတင်းဌာနက ဝန်ထမ်းတဦးရဲ့ ထွက်ဆိုချက်အပါအဝင် ခိုင်မာတဲ့အထောက်အထားတွေ တင်ပြခဲ့ပေမယ့်လည်း တရားရုံးက မျက်ကွယ်ပြုခဲ့တယ်လို့လည်း အယ်ဒီတာ Thomas Kean ကပြောပါတယ်။


တွေကို သီးခြားစီ စစ်ဆေးဖို့ရှိနေပါတယ်" လို့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ Thomas Kean ကပြောပါတယ်။

Danny Fenster ဟာ ဖမ်းဆီးခံရချိန်က Myanmar Now သတင်းဌာနမှာ လုပ်ကိုင်နေတာမဟုတ်တော့ဘဲ Frontier Myanmar မှာ လုပ်ကိုင်နေပြီဆိုတာ အခွန်နဲ့ လူမှုဖူလုံရေးမှတ်တမ်းနဲ့ သတင်းဌာနက ဝန်ထမ်းတဦးရဲ့ ထွက်ဆိုချက်အပါအဝင် ခိုင်မာတဲ့အထောက်အထားတွေ တင်ပြခဲ့ပေမယ့်လည်း တရားရုံးက မျက်ကွယ်ပြုခဲ့တယ်လို့လည်း အယ်ဒီတာ Thomas Kean ကပြောပါတယ်။

နိုင်ငံတကာ အကျပ်အတည်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Crisis Group အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Richard Horsey က ဒီပြစ်ဒဏ်ချမှတ်မှုဟာ "သိပ်ကို ဆိုးရွားလွန်းတယ်" လို့ ပြောတဲ့အကြောင်း အေပီသတင်းမှာ ရေးထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကလည်း ဒီလိုနှစ်ရှည်ထောင်ဒဏ် ချတဲ့အပေါ် ပြစ်တင်ဝေဖန်ပြီး ပြစ်ဒဏ်ကို ပယ်ဖျက်ပြီးတော့ ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

Danny Fenster ကို ပုဒ်မ ၅၀၅ (က) တပ်မတော်ပြိုကွဲအောင် သွေးထိုးလှုံ့ဆော်မှုနဲ့ ထောင် ၃ နှစ်၊ ပုဒ်မ ၁၇ (၁) မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၃ (၁) လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၅ နှစ် ဒီကနေ့ ချမှတ်ခဲ့တာဖြစ်ပါတယ်။

#Denny Fenster #Frontier Myanmar #Thomas Kean#အင်းစိန်ထောင်

========

XS
SM
MD
LG