သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Danny Fenster ကို ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္


ျမန္မာႏိုင္ငံတြင္း အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၁ ခ်မွတ္ခံရသူ အေမရိကန္သတင္းေထာက္ Danny Fenster

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ Frontier Myanmar သတင္းဌာနရဲ႕ သတင္းခန္း အုပ္ခ်ဳပ္မႈအယ္ဒီတာ အေမရိကန္ႏို္င္ငံသား Danny Fenster ကို စစ္ေကာင္စီက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၁ နွစ္ခ်မွတ္လိုက္ပါတယ္။ အမႈ ၃ မႈအတြက္ အျမင့္ဆံုးေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့တာျဖစ္ၿပီး တရားခံဘက္ကတင္သြင္းတဲ့ သက္ေသေတြကိုထည့္မတြက္ဘဲ တရားရံုးက အမိန္႔ခ်လိုက္တာ ျဖစ္တယ္လို႔ သူ႔ေရွ႕ေနက ေျပာပါတယ္။ အခုခ်လိုက္တဲ့ျပစ္ဒဏ္ဟာ သတင္းေထာက္တေယာက္အတြက္ ဆယ္စုနွစ္တခုအတြင္း အျမင့္ဆံုး ျပစ္ဒဏ္ျဖစ္တယ္လို႔လည္း သတင္းမီဒီယာေကာင္စီဝင္ေဟာင္း ဦးျမင့္ေက်ာ္က ေျပာပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ပုဒ္မ ၃ ခုနဲ႔ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ Frontier Myanmar သတင္းဌာနရဲ႕ သတင္းခန္းအုပ္ခ်ဳပ္မႈအယ္ဒီတာ အေမရိကန္ႏို္င္ငံသား Danny Fenster ကို ဒီကေန႔မွာပဲ အင္းစိန္အက်ဥ္းေထာင္ အထူးတရားရံုးက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ စုစုေပါင္း ၁၁ ႏွစ္ ခ်မွတ္လိုက္တယ္လို႔ သူ႔ရဲ႕ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“ဒီေန႔ အမိန္႔ခ်လိုက္တာ မွန္တယ္။ ပထမခ်ိန္းထားတာကေတာ့ ဒီအမွုသံုးမွုအတြက္ အမိန္႔ခ်ဖို႔က ၁၅ ရက္ေန႔ ဆိုၿပီးေတာ့ ခ်ိန္းထားတာ။ အဲဒါကို မေန႔က ေန႔လည္မွာ တရားရံုးက က်ေနာ့္ကို ဖုန္းဆက္ၿပီးေတာ့ ဒီအမိန္႔အတြက္ ရံုးခ်ိန္းက ေျပာင္းသြားတယ္။ ဒီအပတ္ ေသာၾကာေန႔ ခ်မယ္ ဆိုၿပီးေတာ့ ျဖစ္သြားတာေပါ့ေနာ္။ ဒီေန႔ အမိန္႔ခ်တဲ့ထဲမွာ ၅၀၅-က အတြက္ ၃ႏွစ္၊ ၁၇ (၁) အတြက္ သံုးနွစ္၊ လဝက ၁၃ (၁) က ေထာင္ဒဏ္ ၅နွစ္ နဲ႔ ဒဏ္ေငြတသိန္း အားလံုး အလုပ္ၾကမ္းပါတယ္ေနာ္။ အဲလိုမ်ိဳးခ်လိုက္တယ္။”

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေမလ ၂၄ ရက္ေန႔က Danny Fenster ကုိ ရန္ကုန္ေလဆိပ္မွာ အာဏာပိုင္ေတြက ဖမ္းဆီးၿပီး တပ္မေတာ္ ၿပိဳကြဲေအာင္လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က)၊ မတရားအသင္းဆက္သြယ္မွု ပုဒ္မ ၁၇ (၁)၊ လူဝင္မႈ ႀကီးၾကပ္ေရး အက္ဥပေဒ ပုဒ္မ ၁၃ (၁) တို႔နဲ႔ တရားစြဲထား တာျဖစ္ပါတယ္။

အမႈ ၃ ခုအတြက္ ခ်လိုက္တဲ့ ျပစ္ဒဏ္ေတြဟာ အျမင့္ဆံုးျပစ္ဒဏ္ေတြျဖစ္ပါတယ္။ တရားခံဘက္ကတင္ျပတဲ့ သက္ေသေတြကို တရားရံုးက ထည့္သြင္းမစဥ္းစားဘဲ အမိန္႔ခ်လိုက္တာဟာ မသင့္ေလ်ာ္ ဘုူးလို႔လည္း Danny Fenster ရဲ႕ ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“သတင္းသမားတေယာက္ကို ေထာင္ဒဏ္အျမင့္ဆံုးခ်တာကေတာ့ ဒါ သင့္ေလ်ာ္မွုမရွိဘူး။ ေနာက္ၿပီးေတာ့ ဒီအမွုေတြအေပၚမွာ က်ေနာ္တို႔ဘက္က တင္သြင္းတဲ့ သက္ေသခံခ်က္ေတြကို ထည့္သြင္းသံုးသပ္ထားတာ မရွိဘူး။”

လက္ရွိအခ်ိန္မွာေတာ့ Danny Fensterကို အင္းစိန္ေထာင္မွာ အက်ဥ္းခ်ထားပါတယ္။ ခ်မွတ္လိုက္ တဲ့ ျပစ္ဒဏ္အတြက္ အယူခံ တက္မတက္ကိုေတာ့ အခုအခ်ိန္မေျပာႏိုင္ေသးဘူးလို႔လည္း ေရွ႕ေန က ေျပာပါတယ္။ သူ႔လြတ္ေျမာက္အေရးအတြက္ အေမရိကန္အစိုးရက ေတာက္ေလွ်ာက္ ေတာင္းဆိုေနခ်ိန္မွာပဲ ခုလို အျမင့္ဆံုးျပစ္ဒဏ္ေတြ ခ်လိုက္တာပါ။ သတင္းလြတ္လပ္ခြင့္အတြက္ ေဆာင္ရြက္ေနသူေတြ၊ လူ႔အခြင့္အေရးအဖဲြ႔ေတြကလည္း သူ႔ုကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။

ျမန္မာႏို္င္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်တာေတြ ရွိေပမယ့္ ဒီကေန႔ Danny Fenster အေပၚ ခ်လိုက္တဲ့ျပစ္ဒဏ္ဟာ ဆယ္နွစ္တခုအတြင္း ျမန္မာႏိုင္ငံမွာ သတင္းသမားတေယာက္အေပၚခ်တဲ့ အျမင့္ဆံုးျပစ္ဒဏ္ျဖစ္ၿပီး သတင္းသမားေတြအတြက္ ႀကီးမားတဲ့ သက္ေရာက္မွု ရွိႏိုင္တယ္လို႔လည္း သတင္းမီဒီယာ ေကာင္စီဝင္ေဟာင္း ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“ေျပာရရင္ေတာ့ ျပစ္ဒဏ္ေတြက အျမင့္ဆံုေပးႏိုင္တဲ့ ျပစ္ဒဏ္ အျမင့္ဆံုးေတြ ခ်ထားတယ္။ ေနာက္ လဝက ပုဒ္မနဲ႔ ဆိုရင္လည္း ၅နွစ္ဆုိတာ အံ့ၾသစရာေကာင္းေလာက္ေအာင္ ခ်တာေပါ့ ေနာ္။ ဒါေပမယ့္ တကယ္တမ္းက်ေတာ့ ဒီပုဒ္မေတြက ဆီေလ်ာ္တဲ့ပုဒ္မေတြလည္း မဟုတ္ဘူးေပါ့ေနာ္။ ေနာက္ထပ္စြဲထားတဲ့ ပုဒ္မေတြလည္း ဆီေလ်ာ္တဲ့ဟာေတာ့ မဟုတ္ဘူး။ ဆိုေတာ့ သတင္းေထာင္တေယာက္ အေနနဲ႔ ၁၁ နွစ္က်တယ္ဆိုတဲ့ဟာ ဒီဆယ္စုနွစ္ တခု နွစ္ခုအတြင္းမွာ အျမင့္ဆံုးျပစ္ဒဏ္ျဖစ္ေနတယ္။ ၿပီးခဲ့တဲ့ ဆယ္နွစ္အတြင္းမွာ ဒီေလာက္ျပစ္ ဒဏ္က်တဲ့ သတင္းသမားမရွိေသးဘူးေပါ့။ သတင္းေထာက္ေတြကို ဖမ္းတာေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားရွိတယ္။ ဒါေပမယ့္ ဒီအမွုက တျခားေသာသတင္းသမားေတြထက္ ပိုၿပီးေတာ့ ျပစ္ဒဏ္ခ်ခံရတာကေတာ့ နည္းနည္းေတာ့ ထူးဆန္းေနတယ္။ ဘယ္လိုႏို္င္ငံေရး ရွု႕ေထာင့္ကေန ဘယ္လို ခ်လိုက္လဲဆိုတာ နားမလည္ႏိုင္ဘူး။ ဒီဟာက သတင္း သမားေတြအေပၚမွာ ႀကီးမားတဲ့ သက္ေရာက္မွု ရွိလိမ့္မယ္လို႔ ထင္တယ္ေပါ့ေနာ္။”

လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ သတင္းသမား ၄၀ နီးပါးကို စစ္ေကာင္စီဘက္က ဖမ္းဆီးထိန္း သိမ္းထားၿပီး ပုဒ္မအမ်ိဳးမ်ိုးနဲ႔ တရားစြဲဆိုထားပါတယ္။ သတင္းသမား အမ်ားစုကိုေတာ့ တပ္မေတာ္ၿပိဳကြဲေအာင္လုပ္ေဆာင္မွုပုဒ္မ ၅၀၅(က) နဲ႔ တရားစြဲဆိုထားတာျဖစ္တယ္လို႔လည္း ဦးျမင့္ေက်ာ္က ေျပာပါတယ္။

Danny Fenster ကို ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္
please wait

No media source currently available

0:00 0:04:27 0:00
တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

Danny Fenster ကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ပါတယ်။ အမှု ၃ မှုအတွက် အမြင့်ဆုံးထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပြီး တရားခံဘက်ကတင်သွင်းတဲ့ သက်သေတွေကိုထည့်မတွက်ဘဲ တရားရုံးက အမိန့်ချလိုက်တာ ဖြစ်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ အခုချလိုက်တဲ့ပြစ်ဒဏ်ဟာ သတင်းထောက်တယောက်အတွက် ဆယ်စုနှစ်တခုအတွင်း အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တယ်လို့လည်း သတင်းမီဒီယာကောင်စီဝင်ဟောင်း ဦးမြင့်ကျော်က ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို ဒီကနေ့မှာပဲ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ် ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ အမိန့်ချလိုက်တာ မှန်တယ်။ ပထမချိန်းထားတာကတော့ ဒီအမှုသုံးမှုအတွက် အမိန့်ချဖို့က ၁၅ ရက်နေ့ ဆိုပြီးတော့ ချိန်းထားတာ။ အဲဒါကို မနေ့က နေ့လည်မှာ တရားရုံးက ကျနော့်ကို ဖုန်းဆက်ပြီးတော့ ဒီအမိန့်အတွက် ရုံးချိန်းက ပြောင်းသွားတယ်။ ဒီအပတ် သောကြာနေ့ ချမယ် ဆိုပြီးတော့ ဖြစ်သွားတာပေါ့နော်။ ဒီနေ့ အမိန့်ချတဲ့ထဲမှာ ၅၀၅-က အတွက် ၃နှစ်၊ ၁၇ (၁) အတွက် သုံးနှစ်၊ လဝက ၁၃ (၁) က ထောင်ဒဏ် ၅နှစ် နဲ့ ဒဏ်ငွေတသိန်း အားလုံး အလုပ်ကြမ်းပါတယ်နော်။ အဲလိုမျိုးချလိုက်တယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလ ၂၄ ရက်နေ့က Danny Fenster ကို ရန်ကုန်လေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးပြီး တပ်မတော် ပြိုကွဲအောင်လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) တို့နဲ့ တရားစွဲထား တာဖြစ်ပါတယ်။

အမှု ၃ ခုအတွက် ချလိုက်တဲ့ ပြစ်ဒဏ်တွေဟာ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်ပါတယ်။ တရားခံဘက်ကတင်ပြတဲ့ သက်သေတွေကို တရားရုံးက ထည့်သွင်းမစဉ်းစားဘဲ အမိန့်ချလိုက်တာဟာ မသင့်လျော် ဘုူးလို့လည်း Danny Fenster ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ဗွီအိုအေကို ပြောပါတယ်။

“သတင်းသမားတယောက်ကို ထောင်ဒဏ်အမြင့်ဆုံးချတာကတော့ ဒါ သင့်လျော်မှုမရှိဘူး။ နောက်ပြီးတော့ ဒီအမှုတွေအပေါ်မှာ ကျနော်တို့ဘက်က တင်သွင်းတဲ့ သက်သေခံချက်တွေကို ထည့်သွင်းသုံးသပ်ထားတာ မရှိဘူး။”

လက်ရှိအချိန်မှာတော့ Danny Fensterကို အင်းစိန်ထောင်မှာ အကျဉ်းချထားပါတယ်။ ချမှတ်လိုက် တဲ့ ပြစ်ဒဏ်အတွက် အယူခံ တက်မတက်ကိုတော့ အခုအချိန်မပြောနိုင်သေးဘူးလို့လည်း ရှေ့နေ က ပြောပါတယ်။ သူ့လွတ်မြောက်အရေးအတွက် အမေရိကန်အစိုးရက တောက်လျှောက် တောင်းဆိုနေချိန်မှာပဲ ခုလို အမြင့်ဆုံးပြစ်ဒဏ်တွေ ချလိုက်တာပါ။ သတင်းလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေသူတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ရှိပေမယ့် ဒီကနေ့ Danny Fenster အပေါ် ချလိုက်တဲ့ပြစ်ဒဏ်ဟာ ဆယ်နှစ်တခုအတွင်း မြန်မာနိုင်ငံမှာ သတင်းသမားတယောက်အပေါ်ချတဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး သတင်းသမားတွေအတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တယ်လို့လည်း သတင်းမီဒီယာ ကောင်စီဝင်ဟောင်း ဦးမြင့်ကျော်က ပြောပါတယ်။

“ပြောရရင်တော့ ပြစ်ဒဏ်တွေက အမြင့်ဆုံပေးနိုင်တဲ့ ပြစ်ဒဏ် အမြင့်ဆုံးတွေ ချထားတယ်။ နောက် လဝက ပုဒ်မနဲ့ ဆိုရင်လည်း ၅နှစ်ဆိုတာ အံ့သြစရာကောင်းလောက်အောင် ချတာပေါ့ နော်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီပုဒ်မတွေက ဆီလျော်တဲ့ပုဒ်မတွေလည်း မဟုတ်ဘူးပေါ့နော်။ နောက်ထပ်စွဲထားတဲ့ ပုဒ်မတွေလည်း ဆီလျော်တဲ့ဟာတော့ မဟုတ်ဘူး။ ဆိုတော့ သတင်းထောင်တယောက် အနေနဲ့ ၁၁ နှစ်ကျတယ်ဆိုတဲ့ဟာ ဒီဆယ်စုနှစ် တခု နှစ်ခုအတွင်းမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဒီလောက်ပြစ် ဒဏ်ကျတဲ့ သတင်းသမားမရှိသေးဘူးပေါ့။ သတင်းထောက်တွေကို ဖမ်းတာတွေကတော့ တော်တော်များများရှိတယ်။ ဒါပေမယ့် ဒီအမှုက တခြားသောသတင်းသမားတွေထက် ပိုပြီးတော့ ပြစ်ဒဏ်ချခံရတာကတော့ နည်းနည်းတော့ ထူးဆန်းနေတယ်။ ဘယ်လိုနိုင်ငံရေး ရှု့ထောင့်ကနေ ဘယ်လို ချလိုက်လဲဆိုတာ နားမလည်နိုင်ဘူး။ ဒီဟာက သတင်း သမားတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိလိမ့်မယ်လို့ ထင်တယ်ပေါ့နော်။”

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ သတင်းသမား ၄၀ နီးပါးကို စစ်ကောင်စီဘက်က ဖမ်းဆီးထိန်း သိမ်းထားပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုထားပါတယ်။ သတင်းသမား အများစုကိုတော့ တပ်မတော်ပြိုကွဲအောင်လုပ်ဆောင်မှုပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတာဖြစ်တယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

#Danny Fenster #Frontier Myanmar #သတင်းသမား #ပြစ်ဒဏ်ချ #ဦးမြင့်ကျော် #ရှေ့နေ #ဦးသန်းဇော်အော

XS
SM
MD
LG