သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက Danny Fenster ကို ျပန္လႊတ္ၿပီး ျပည္ႏွင္ဒဏ္ေပး


Frontier Myanmar သတင္းခန္းအယ္ဒီတာ Danny Fenster ျပန္လည္လြတ္ေျမာက္လာစဥ္။ (ႏိုဝင္ဘာ ၁၅၊ ၂၀၂၁/ ဓာတ္ပံု-စစ္ေကာင္စီသတင္းျပန္ၾကားေရး)

{{Zawgyi/Unicode}}

ျမန္မာႏိ္ုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိ္ုင္း ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံထားရတဲ့ အေမရိကန္ႏိုင္ငံသား Frontier Myanmar သတင္းဌာနရဲ႕ သတင္းခန္းအယ္ဒီတာ Danny Fenster ကို ျပန္လႊတ္လိုက္ၿပီျဖစ္ ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အတည္ျပဳေျပာဆိုပါတယ္။

“Frontier သတင္းေထာက္ေပါ့၊ အေမရိကန္ႏုိင္ငံသား Danny Fenster ကို ဒီေန႔ လႊတ္ေပးလိုက္ပါတယ္။ ထုံးစံအတုိင္း က်ေနာ္တို႔ ျပည္ႏွင္ဒဏ္ေပးလုိက္ပါတယ္။ က်န္တဲ့သတင္းအခ်က္အလက္ေတြကိုေတာ့ က်ေနာ္တို႔ဆက္ၿပီး ထုတ္ျပန္ေပးသြားပါမယ္။ သတင္းသမားေတြကိုမွ မဟုတ္ပါဘူး၊ က်န္တဲ့လူေတြကိုလည္း က်ေနာ္တို႔ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းနဲ႔ကိုက္ညီတယ္ဆိုရင္ ေျဖေလွ်ာ့ၿပီးေတာ့ လႊတ္ေပးတာေတြ ေဆာင္ရြက္လွ်က္ရွိတယ္။ ယခင္ကလည္း သီတင္းကၽြတ္ မတုိင္ခင္ ႏွစ္ဆန္းတရက္ေန႔ဆိုရင္ လႊတ္ေပးတာခဲ့တာမ်ိဳးလည္းရွိပါတယ္။ အက်ဥ္းသားေတြကို လႊတ္ေပးခဲ့တာလည္းရွိပါတယ္။ ေနာင္မွာလည္း ဒီလိုအစီအစဥ္မ်ိဳးေတြ ရွိတယ္ဆိုတာမ်ိဳးပဲ အၾကမ္းဖ်ဥ္းေျပာပါရေစ။”

“Frontier သတင္းေထာက္ေပါ့၊ အေမရိကန္ႏုိင္ငံသား Danny Fenster ကို ဒီေန႔ လႊတ္ေပးလိုက္ပါတယ္။ ထုံးစံအတုိင္း က်ေနာ္တို႔ ျပည္ႏွင္ဒဏ္ေပးလုိက္ပါတယ္။ .... သတင္းသမားေတြကိုမွ မဟုတ္ပါဘူး၊ က်န္တဲ့လူေတြကိုလည္း က်ေနာ္တို႔ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းနဲ႔ကိုက္ညီတယ္ဆိုရင္ ေျဖေလွ်ာ့ၿပီးေတာ့ လႊတ္ေပးတာေတြ ေဆာင္ရြက္လွ်က္ရွိတယ္။” (ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း)


Danny Fenster ကို စစ္ေကာင္စီက ျပန္လြတ္ေပးလိုက္ၿပီး သူ႔လက္ထဲကို လြဲႊေျပာင္းေပးလိုက္ၿပီျဖစ္ေၾကာင္း လက္ရွိ ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ New Mexico ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္းလည္းျဖစ္၊ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္းလည္းျဖစ္တဲ့ Bill Richardson က ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ၿပီးခဲ့တဲ့ ေမလကတည္းက ဖမ္းဆီးခံထားရတဲ့ Danny Fenster ဟာ သူအေပၚ စြပ္စြဲထားတဲ့ အမႈေတြထဲက ပုဒ္မ ၅၀၅ (က) တပ္မေတာ္ၿပိဳကြဲေအာင္ ေသြးထိုး လႈံ႔ေဆာ္မႈ၊ ပုဒ္မ ၁၇ (၁) မတရားအသင္း ဆက္သြယ္မႈနဲ႔ ပုဒ္မ ၁၃ (၁) လူဝင္မႈႀကီးၾကပ္ေရး ဥပေဒခ်ဳိးေဖာက္မႈ စြဲခ်က္ေတြနဲ႔ ဒီလ ၁၂ ရက္၊ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကပဲ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခဲ့ရတာပါ။

ဒါ့အျပင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဥပေဒပုဒ္မ ၁၂၄ (က) တို႔နဲ႔လည္း ထပ္တိုး တရားစြဲဆိုထားရတာ ျဖစ္ပါတယ္။

ခုလို ထပ္တိုး တရားစြဲဆိုခံထားရၿပီး ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခံရၿပီး ရက္ပိုင္းအတြင္းမွာပဲ Danny Fenster ျပန္လြတ္လာတာျဖစ္ၿပီး ဘာေၾကာင့္ ျပန္လႊတ္ေပးသလဲဆိုတဲ့ အေသးစိတ္ကို ေသခ်ာ မသိရေသးပါဘူး။

Danny Fenster ဟာ ၿပီးခဲ့တဲ့ ေမလ ၂၄ ရက္ေန႔က ေနရပ္ျပန္ဖို႔ ရန္ကုန္ ေလဆိပ္ က ထြက္ခြာေနတဲ့အခ်ိန္ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ သတင္းသမား ၁၀၀ ေက်ာ္ရွိၿပီး တဝက္နီးပါးက ဆက္လက္ ဖမ္းဆီး ထိန္းသိမ္းခံထားရဆဲ ျဖစ္ပါတယ္။ ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ တရားစြဲဆိုခံရတာရွိသလို အမ်ားစုကေတာ့ တပ္မေတာ္ၿပိဳကြဲေအာင္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုထားရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

စစ်ကောင်စီက Danny Fenster ကို ပြန်လွှတ်ပြီး ပြည်နှင်ဒဏ်ပေး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအယ်ဒီတာ Danny Fenster ကို ပြန်လွှတ်လိုက်ပြီဖြစ် ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

“Frontier သတင်းထောက်ပေါ့၊ အမေရိကန်နိုင်ငံသား Danny Fenster ကို ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ကျနော်တို့ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ ကျန်တဲ့သတင်းအချက်အလက်တွေကိုတော့ ကျနော်တို့ဆက်ပြီး ထုတ်ပြန်ပေးသွားပါမယ်။ သတင်းသမားတွေကိုမှ မဟုတ်ပါဘူး၊ ကျန်တဲ့လူတွေကိုလည်း ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီတယ်ဆိုရင် ဖြေလျှော့ပြီးတော့ လွှတ်ပေးတာတွေ ဆောင်ရွက်လျှက်ရှိတယ်။ ယခင်ကလည်း သီတင်းကျွတ် မတိုင်ခင် နှစ်ဆန်းတရက်နေ့ဆိုရင် လွှတ်ပေးတာခဲ့တာမျိုးလည်းရှိပါတယ်။ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာလည်းရှိပါတယ်။ နောင်မှာလည်း ဒီလိုအစီအစဉ်မျိုးတွေ ရှိတယ်ဆိုတာမျိုးပဲ အကြမ်းဖျဉ်းပြောပါရစေ။”

“Frontier သတင်းထောက်ပေါ့၊ အမေရိကန်နိုင်ငံသား Danny Fenster ကို ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ကျနော်တို့ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ .... သတင်းသမားတွေကိုမှ မဟုတ်ပါဘူး၊ ကျန်တဲ့လူတွေကိုလည်း ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီတယ်ဆိုရင် ဖြေလျှော့ပြီးတော့ လွှတ်ပေးတာတွေ ဆောင်ရွက်လျှက်ရှိတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)


Danny Fenster ကို စစ်ကောင်စီက ပြန်လွတ်ပေးလိုက်ပြီး သူ့လက်ထဲကို လွဲှပြောင်းပေးလိုက်ပြီဖြစ်ကြောင်း လက်ရှိ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ Bill Richardson က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက ဖမ်းဆီးခံထားရတဲ့ Danny Fenster ဟာ သူအပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅ (က) တပ်မတော်ပြိုကွဲအောင် သွေးထိုး လှုံ့ဆော်မှု၊ ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်မှုနဲ့ ပုဒ်မ ၁၃ (၁) လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု စွဲချက်တွေနဲ့ ဒီလ ၁၂ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ရတာပါ။

ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ (က) တို့နဲ့လည်း ထပ်တိုး တရားစွဲဆိုထားရတာ ဖြစ်ပါတယ်။

ခုလို ထပ်တိုး တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ Danny Fenster ပြန်လွတ်လာတာဖြစ်ပြီး ဘာကြောင့် ပြန်လွှတ်ပေးသလဲဆိုတဲ့ အသေးစိတ်ကို သေချာ မသိရသေးပါဘူး။

Danny Fenster ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က နေရပ်ပြန်ဖို့ ရန်ကုန် လေဆိပ် က ထွက်ခွာနေတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိပြီး တဝက်နီးပါးက ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံရတာရှိသလို အများစုကတော့ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားရတာ ဖြစ်ပါတယ်။

#DannyFenster#၁၂၄(က)#ပြည်နှင်ဒဏ်#၅၀၅(က)#သတင်းသမား။

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG