သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခအရှိန်မြင့်လာတဲ့အပေါ် ကုလစိုးရိမ်


စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (မတ် ၂၀၂၄)
စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (မတ် ၂၀၂၄)

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ အရှိန်ပိုတိုးလာတာအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မေလ ၉ ရက် ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ အသိုင်းအဝိုင်းတွေကြား တင်းမာမှုတွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓမ္မစစ်သားစုဆောင်မှုတွေတိုးလာနေတာနဲ့အတူ ဒေသခံအရပ်သားတွေဟာ ဆိုးဝါးတဲ့အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်မှာဆို စစ်ကောင်စီတပ်တွေနဲ့ AA အာရက္ခတပ်တော်တို့ကြား တိုက်ပွဲတွေဟာ ရုတ်ချည်းတိုးလာနေပြီး တခြားလက်နက်ကိုင်အဖွဲ့တွေလည်း တိုက်ပွဲမှာ ပါဝင်လာတယ်ဆိုတဲ့ သတင်းတွေရနေတာကြောင့် အုပ်စုချင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုဖြစ်ပွါးမှာကို ဒေသခံတွေကရော ဒေသတွင်းအကူအညီပေးနေသူတွေကပါ စိုးရိမ်လာနေတယ်လို့ ဖေါ်ပြထားပါတယ်။

AA ဘက်က မြို့လည်ခေါင်မှာ နေရာယူလာချိန်မှာပဲ စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနေတာကြောင့် တိုက်ပွဲမှာ ပါဝင်နေသူအားလုံးအနေနဲ့ နိုင်ငံတကာ လူသားစာနာမှုဥပဒေကိုလိုက်နာပြီး အကူညီပေးရေးလုပ်သားတွေကို ဖြစ်စေ၊ လူသားစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ ရှိရာ နေရာတွေကို ဖြစ်စေ ပစ်မှတ်ထားတိုက်ခိုက်တာမလုပ်ကြဖို့ လည်း သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတလွှား လုံခြုံရေးအခြေအနေသိပ်ဆိုးဝါးနေတာကြောင့် အရပ်ဘက် ပြည်သူတွေကို ကာကွယ်ဖို့၊ ရန်လိုမှုတွေရပ်ဆိုင်းဖို့နဲ့ လူသားစာနာမှုအကူညီတွေ လိုအပ်သူတွေဆီရောက်အောင်ကူညီဖို့ ကုလသမဂ္ဂက ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် သတင်းမှားတွေ၊ အမုန်စကားတွေမဖြန့်ကြဖို့ အတူယှဉ်တွဲနေထိုင်ပြီး လူ့အခွင့်ရေး လေးစားကြဖို့ သက်ဆိုင်ရာအဖွဲ့အသီးသီးကိုလည်း ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG