သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာငြိမ်းချမ်းရေးအတွက် ဟာမတ်စ်တုံ့ပြန်ချက် အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေသုံးသပ်

ကာတာနိုင်ငံ ဒိုဟာမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဇွန် ၁၂၊ ၂၀၂၄)
ကာတာနိုင်ငံ ဒိုဟာမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဇွန် ၁၂၊ ၂၀၂၄)

အမေရိကန်က အဆိုပြုထားတဲ့ ဂါဇာအပစ်ရပ်ရေး မူကြမ်းအပေါ် ဟာမတ်စ်အဖွဲ့ရဲ့ တုံ့ပြန်ချက်နဲ့ပတ်သက်လို့ ကာတာ၊ အီဂျစ်နဲ့ အမေရိကန်အစိုးရတာဝန်ရှိတွေ ပြန်လည် သုံးသပ်နေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ကာတာ ဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani နဲ့ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။

ဟာမတ်စ်အဖွဲ့ရဲ့ သဘောထားတုံ့ပြန်ချက်ကို ကာတာနဲ့ အီဂျစ်နိုင်ငံတို့ကို မနေ့ အင်္ဂါနေ့မှာ ပေးပို့ခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က ပြောကြားခဲ့ပြီး ဒီတုံ့ပြန်မှုဟာ ဂါဇာမှာရှိတဲ့ ဟာမတ်စ်အဖွဲ့အကြီးအကဲ Yahya Sinwar ရဲ့ သဘောတူ ထောက်ခံမှုရရှိထားပြီးဖြစ်တယ်လို့ အမေရိကန်က ယူဆကြောင်း ပြောပါတယ်။ ဆွေးနွေးမှုအပေါ် ထိခိုက်မှာစိုးရိမ်တဲ့အတွက် တုံ့ပြန်ချက်အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အပြီးသတ် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေးတဲ့ သဘောတူညီချက်ရနိုင်ဖို့ သူတို့ဘက်က ဆန္ဒရှိကြောင်း ဟာမတ်စ်အဖွဲ့နဲ့ တခြား အစ္စလာမ်မစ်အဖွဲ့ငယ်တချို့တို့က ပြောဆိုထားပါတယ်။ လက်ရှိ နောက်ဆုံးတင်ပြထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း သဘောတူထားပြီးဖြစ်ကြောင်း ဝန်ကြီး Blinken က မနေ့ အင်္ဂါနေ့မှာ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG