သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေး ဟာမတ်စ်အပေါ်မူတည်နေ (ကန်နိုင်ငံခြားရေးဝန်ကြီး)


ဂျော်ဒန်နိုင်ငံမှာပြုလုပ်တဲ့ ဂါဇာအရေးဆွေးနွေးပွဲမှာ တွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဇွန် ၁၁၊ ၂၀၂၄)
ဂျော်ဒန်နိုင်ငံမှာပြုလုပ်တဲ့ ဂါဇာအရေးဆွေးနွေးပွဲမှာ တွေ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဇွန် ၁၁၊ ၂၀၂၄)

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် အဆင့်ဆင့် ပါဝင်တဲ့ အဆိုပြုချက်ကို လက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ထပ်လောင်းအတည်ပြုခဲ့ပြီး၊ ဟာမတ်စ်တွေဘက်က သဘောတူလက်ခံဖို့ပဲ လိုတော့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

"ဟာမတ်စ်ကလွဲလို့ အားလုံးက ထောက်ခံထားကြပါပြီ။ ကျနော်တို့လည်း ဒါကိုပဲ စောင့်နေတာပါ။ ဒီအဆိုပြုချက်အတိုင်း ဆက်လုပ် မလုပ်ဆိုတာကတော့ ဟာမတ်စ်တွေ အပေါ်မှာပဲ မူတည်နေပါတယ်။" လို့ ဝန်ကြီး Blinken က Tel Aviv မြို့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အမေရိကန်က မူကြမ်းရေးဆွဲခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အတည်ပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ဟာ တကမ္ဘာလုံးက လိုလားနေတဲ့ ကိစ္စဖြစ်တယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားက မဲမပေးပဲ နေခဲ့ပြီး ထောက်ခံမဲ ၁၄ မဲ ကန့်ကွက်သူ မရှိနဲ့ ဆုံးဖြတ်ချက်ကို မနေ့တုန်းက အတည်ပြုခဲ့တာပါ။

ဟာမတ်စ်အဖွဲ့ကတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ အမြဲတမ်းငြိမ်းချမ်းရေးရဖို့ ပါဝင်တာကြောင့် ကြိုဆိုကြောင်း ပြောခဲ့သလို ပါလက်စတိုင်းပြည်သူတွေနဲ့ တော်လှန်ရေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ရပ်တည်ချက်တွေအတိုင်း တဆင့်ခံဆွေးနွေးဖို့ ဆန္ဒရှိကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG