သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာက ကုလစာသင်ကျောင်း အစ္စရေးလေကြောင်းတိုက်ခိုက်


CORRECTION Israel Palestinians
CORRECTION Israel Palestinians

ဂါဇာအလယ်ပိုင်းမှာဖွင့်ထားတဲ့ ကုလသမဂ္ဂစာသင်ကျောင်းကို ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဌာနကတော့ အစ္စရေးကို အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုမှာပါဝင်သူတွေဟာ ဒီကျောင်းကို သူတို့ခိုလှုံရာနေရာအဖြစ် အသုံးချပြီး အကြမ်းဖက်မှုတွေကို ဒီနေရာကနေ ညွှန်ကြားလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဟာမတ်စ် သတင်းမီဒီယာရုံးကတော့ အစ္စရေးရဲ့အဲဒီကြေညာချက်ကို ငြင်းဆိုလိုက်ပြီး အစ္စရေးတပ်တွေဟာ အိုးအိမ်ရွှေ့ပြောင်းနေရသူတွေအပေါ် ရက်စက်တဲ့ရာဇဝတ်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး သေဆုံးရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ၂၃ ယောက် ပါနေတယ်လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ပြောခွင့်ရ ဒုဗိုလ်မှူးကြီး Peter Lerner ကတော့ အရပ်သား ထိခိုက်သေဆုံးတဲ့သတင်း သူတို့မသိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ဂါဇာက Nuseirat မှာ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် ကုလသမဂ္ဂကဖွင့်ထားတဲ့ကျောင်း အတိုက်ခိုက်ခံရတာပါ။

ဒါဟာ ဂါဇာမှာ ကြောက်စရာကောင်းတဲ့ နောက်ထပ်ရက်စွဲတခုဖြစ်ကြောင်း ကုလကယ်ဆယ်ကူညီရေး အေဂျင်စီအကြီးအကဲ Philippe Lazzarini က ပြောပါတယ်။ အစ္စရေးတွေက အဲဒီမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ကိုရော အဲဒီဒေသမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၆,၀၀၀ ကိုပါ တစုံတရာ သတိပေးတာ မရှိဘဲတိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။

ဒီကျောင်းကို ဟာမတ်စ် တိုက်ခိုက်ရေးသမားတွေ ခိုလှုံရာနေရာအဖြစ်သုံးနေတယ်လို့ အစ္စရေးရဲ့ပြောကြားချက်ကိုတော့ ကုလသမဂ္ဂအဖွဲ့က အတည်ပြုမပေးနိုင်ဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် အခုလို တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းရမှာဖြစ်ပြီး ကျူးလွန်သူအားလုံး တာဝန်ခံ တာဝန်ယူမှု ရှိရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဂါဇာက ကုလစာသင်ကျောင်း အစ္စရေးလေကြောင်းတိုက်ခိုက်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG