သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒင် ငြိမ်းချမ်းရေးအဆိုပြုချက် အစ္စရေးလက်ခံ


ဂါဇာစစ်ပွဲ အဆုံးသတ်ရေး တောင်းဆို
ဂါဇာစစ်ပွဲ အဆုံးသတ်ရေး တောင်းဆို

ပါလက်စတိုင်းဒေသ၊ ဂါဇာမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအဆုံးသတ်ရေး အမေရိကန်သမ္မတ Joe Biden ရဲ့ အဆိုပြုချက် အခြေခံမူဘောင်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က လက်ခံလိုက်ကြောင်း ဝန်ကြီးချုပ်ရဲ့ လက်ထောက်တဦးက ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ အတည်ပြု ပြောဆိုပါတယ်။ ဒါပေမယ့် အဆိုပြုချက်မှာ လိုအပ်ချက်တွေ၊ ပြင်ဆင်စရာတွေ အများကြီးရှိနေတယ်လို့လည်း ပြောပါတယ်။

သမ္မတ Biden ရဲ့ အဆိုပြုချက်ဟာ ကောင်းတဲ့အပေးအယူ မဟုတ်ပေမဲ့ လက်ခံကြောင်း၊ ဖမ်းဆီးခံထားတဲ့ ဓားစာခံတွေအားလုံး ပြန်လွတ်လာရေးကို အထူးလိုလားကြောင်း - ဗြိတိန်အခြေစိုက် Sunday Times သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဝန်ကြီးချုပ် Netanyahu ရဲ့ နိုင်ငံခြားမူဝါရေးရာအကြံပေး Ophir Falk က ပြောပါတယ်။

သမ္မတ Biden ရဲ့ အဆိုပြုချက်မှာ အသေးစိတ် ပြင်ဆင်စရာတွေ အများအပြား ရှိနေကြောင်း၊ ဒါပေမယ့် ဓားစာခံတွေ အားလုံးပြန်လွတ်ရေးနဲ့ အကြမ်းဖက် ဟာမတ်စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းရေးဆိုတဲ့ အစ္စရေးရဲ့ ဦးတည်ချက်ကတော့ ပြောင်းလဲမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။
အစ္စရေးက ဟာမတ်စ်အဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ဂါဇာစစ်ပွဲကို အစောပိုင်းမှာ သမ္မတ Biden က ထောက်ခံအားပေးခဲ့ပေမယ့် နောက်ပိုင်း ပါလက်စတိုင်း အရပ်သားသေဆုံးမှုတွေ များပြားလာနေတာကြောင့် ပြီးခဲ့တဲ့ မေလ ၃၁ ရက်၊ သောကြာနေ့က ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အဆင့် ၃ ဆင့်ပါတဲ့ အဆိုပြုချက်မူကြမ်းကို ထုတ်ဖော် ပြောဆိုခဲ့တာပါ။

သူ့ရဲ့ အဆိုပြုချက်အရ ဟာမတ်စ်အဖွဲ့အုပ်ချုပ်မှုမပါတဲ့ ကောင်းမွန်တဲ့ အနာဂတ် ဂါဇာကို တည်ဆောက်နိုင်မယ်လို့ သမ္မတ Biden က ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG