သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို "ကမ္ဘာမြေရဲ့ငရဲပြည်" လို့ UNRWA ကုလမှတ်ချက်ပြု 


ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ထဲမှာ အစ္စရေးဗုံးဒဏ်ကြောင့် မီးသင့်လောင်ကျွမ်းနေတဲ့ အပျက်အစီးတွေကြားမှာ စားစရာရှာဖွေနေကြတဲ့ ပါလက်စတိုင်းဒုက္ခသည်များ။ (မေ ၂၇၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ထဲမှာ အစ္စရေးဗုံးဒဏ်ကြောင့် မီးသင့်လောင်ကျွမ်းနေတဲ့ အပျက်အစီးတွေကြားမှာ စားစရာရှာဖွေနေကြတဲ့ ပါလက်စတိုင်းဒုက္ခသည်များ။ (မေ ၂၇၊ ၂၀၂၄)

ဂါဇာဒေသရဲ့ အခြေအနေဟာ ကမ္ဘာပေါ်က ငရဲပြည်လိုဖြစ်နေပြီလို့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNRWA က တနင်္လာနေ့မှာ ပြောပါတယ်။ ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးလ်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၄၅ ဦးထက်မနည်းသေဆုံးကြောင်း ဂါဇာကျန်းမာရေးဌာနရဲ့ ပြောဆိုချက်ထွက်လာအပြီးမှာပဲ ကုလက ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ရာဖာမှာ ခိုလှုံနေကြတဲ့ မိသားစုတွေအပေါ် ဆက်ပြီးတိုက်ခိုက်နေတဲ့ သတင်းတွေက ထိတ်လန့်စရာကောင်းတယ်လို့လည်း UNRWA ကပြောပါတယ်။ အစုလိုက်အပြုံလိုက် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေလည်းပါဝင်တယ်လို့လည်းဆိုပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း ဂါဇာတောင်ပိုင်း ရာဖာမြို့က ဟာမတ်စ်တို့ကိုပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာမှာ ဒုက္ခသည်စခန်းတွေမှာခိုလှုံနေတဲ့ ပါလက်စတိုင်း ၄၅ ဦးနဲ့ လူ၂ ရာလောက် ထိခိုက်ဒဏ်ရာရခဲ့တာဟာ "ဝမ်းနည်းစရာ အမှားတရပ်" ဖြစ်တယ်လို့ တနင်္လာနေ့မှာ ဝန်ခံပြောဆိုပါတယ်။​ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်လို့လည်း ဝန်ကြီးချုပ် Netanyahu ကအစ္စရေးလ် လွှတ်တော်မှာ ပြောကြားသွားပါတယ်။

အစ္စရေးလ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဧရိယာထဲက ယာယီတဲတွေမီးစွဲလောင်ခဲ့တာမှာ လူတွေသေဆုံးခဲ့ရပြီး ဒဏ်ရာရသူက ဒါဇင်နဲ့ချီရှိတယ်လို့ ဂါဇာကျန်းမာရေးဌာနက ပြောပါတယ်။ အစ္စရေးလ်စစ်တပ်ကတော့ သူတို့ရဲ့တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟာမတ်စ်အကြီးအကဲ Yassin Rabia သေဆုံးခဲ့တယ်လို့ပြောပါတယ်။

အစ္စရေလ်း-ဂါဇာ အပစ်အခတ်ရပ်စဲပြီး အပြန်အလှန်အားဖြင့် ဂါဇာမှာရှိနေတဲ့ ဓားစားခံတွေပြန်လွတ်ရေး ကြိုးပမ်းမှုတွေဟာ အစ္စရေလ်းရဲ့ တိုက်ခိုက်မှုကြောင့် ရှုပ်ထွေးသွားစေတယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG