သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ အစုလိုက်မြှုပ်နှံမှု သီးခြားစစ်ဆေးဖို့ ကုလ လုံခြုံရေးကောင်စီတောင်းဆို


နက်ဆာ ဆေးရုံဝင်းတဝိုက်မှာ တွေ့ရတဲ့ ရုပ်အလောင်းတွေကို ကျန်းမာရေးလုပ်သားတွေက ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးဖေါ်ထုတ်နေစဥ်။ (April 25, 2024)
နက်ဆာ ဆေးရုံဝင်းတဝိုက်မှာ တွေ့ရတဲ့ ရုပ်အလောင်းတွေကို ကျန်းမာရေးလုပ်သားတွေက ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးဖေါ်ထုတ်နေစဥ်။ (April 25, 2024)

ဂါဇာက ဆေးရုံတွေနားမှာ ရာနဲ့ချီတဲ့ အလောင်းတွေ ပါဝင်တယ်လို့ ပြောကြတဲ့ အစုလိုက်အပြုံလိုက် မြှပ်နှံထားတာတွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ချက်ချင်း လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဂါဇာက နက်စာ (Nasser) နဲ့ ရှီဖါ (Shifa) ဆေးရုံတွေထဲမှာနဲ့ ဝန်းကျင်တဝိုက်မှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အသက်ရွယ်ကြီးသူတွေ ပါဝင်တဲ့ အလောင်း ရာပေါင်းများစွာ ပါဝင်တဲ့ အစုလိုက်မြှုပ်နှံထားတဲ့နေရာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးစိတ်ပူမိကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကြေညာချက် ထုတ်ပြန်ပြောဆိုတာပါ။

ဒါ့အပြင် ဒီကိစ္စအတွက် ကျူးလွန်သူတွေ တာဝန်ခံ တာဝန်ယူမှုရှိအောင် လုပ်ဆောင်ဖို့လိုသလို ဒါဟာ နိုင်ငံတကာ လိုက်နာရမယ့် ဥပဒေကို ချိုးဖေါက်မှု ရှိမရှိ သီးခြားလွတ်လပ်စွာ သေသေချာချာ ချက်ချင်း စုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေကိုလည်း ဒီလို မြှုပ်နှံထားတဲ့ နေရာတွေဆီ အတားဆီးမရှိ သွားရောက်ခွင့်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တဲ့ အစ္စရေးရဲ့ ဂါဇာတိုက်ခိုက်မှုတွေအတွင်း အစ္စရေးတပ်တွေဟာ ဂါဇာက ဆေးရုံတွေကို ထပ်တလဲလဲ စီးနင်းခဲ့တာဖြစ်ပါတယ်။ အစ္စရေးက ဟားမတ်စ်တွေဟာ ဒီဆေးရုံဝင်းတွေကို သူတို့ရဲ့ ကွပ်ကဲရေးဌာနတွေအဖြစ် အသုံးချနေကြောင်း စွပ်စွဲခဲ့သလို ဒီဆေးရုံဝင်းတွေမှာပဲ ဟားမတ်စ်တွေက အစ္စရေးဓါးစာခံတွေကို ထိန်းသိမ်းထားတာဖြစ်ကြောင်း ပြောပါတယ်။

ဂါဇာက ရှီဖါ ဆေးရုံတဝိုက် ရုပ်အလောင်း အများအပြားတွေ့ရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဧပြီလမှာ ပြောကြားခဲ့တာပါ။ အစ္စရေးစစ်တပ်ကတော့ ဒီဒေသတဝိုက် စစ်ဆင်ရေးအတွင်း ပါလက်စတိုင်းသား ၂၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်ရေးရုံးကလည်း ရှီဖာဆေးရုံနဲ့ ခန်းယူနစ်စ်က နက်စာ ဆေးရုံဝင်းမှာ အစုလိုက်မြှုပ်နှံမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းရတဲ့အတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ပြီးခဲ့တဲ့ လထဲမှာပဲ တောင်းဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG