သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး အစ္စရေးအဆိုပြုချက်အသစ် ဟားမတ်စ်သုံးသပ်


အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ကြောက်လန့်နေသည့် ရာဖာဆေးရုံတွင်းက ကလေးငယ်များ (Photo by AFP)
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ကြောက်လန့်နေသည့် ရာဖာဆေးရုံတွင်းက ကလေးငယ်များ (Photo by AFP)

ဂါဇာ အပစ်ရပ်ရေး အတွက် အစ္စရေးတင်ပြတဲ့ အဆိုပြုချက်အသစ်ကို သုံးသပ်နေတယ်လို့ ဟားမတ်စ်က စနေနေ့မှာ ပြောပါတယ်။ ဂါဇာအပစ်ရပ်ရေးအတွက်ရော၊ ဂါဇာတောင်ပိုင်းက ရာဖါကို ထိုးစစ်ဆင်ဖို့ လုပ်နေတဲ့ အစ္စရေးကို သူ့ရဲ့ အစီစဉ်တွေ ရပ်ဆိုင်းဖို့အတွက်ပါ အီဂျစ်ကကြားဝင်ပြီး ပြင်းပြင်းထန်ထန် ညှိနှိုင်းပေးနေတာပါ။

ဟားမတ်စ်အကြီးတန်း အရာရှိ ခါလီအယ်လ်ဟေရာ (Khalil al-Hayya)က အစ္စရေးရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ထုတ်မပြောပေမယ့် ဒီကမ်းလှမ်းချက်ဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက ဟားမတ်စ်တွေအဆိုပြုထားတာကို တုံ့ပြန်တဲ့ ကမ်းလှမ်းချက်ဖြစ်ကြောင်း ပြောပါတယ်။

ဒီလ အစောပိုင်းတုန်းက အပစ်ရပ်ညှိနှိုင်းမှု တွေမှာတော့ သီတင်း ၆ ပတ် အပစ်ရပ်ရေးအတွက် အရပ်သားနဲ့ နာမကျန်းတဲ့ ဓါးစာခံ အယောက် ၄၀ နဲ့ အစ္စရေးအကျဉ်းသား ပါလက်စတိုင်း ရာပေါင်းများစွာ ပြန်လွှတ်ပေးရေး အတွက် အဓိက ဆွေးနွေးခဲ့ကြတာပါ။

သောကြာနေ့က ဂါဇာ အပစ်ရပ်ရေး ပုံစံသစ်နဲ့ ဆွေးနွေးဖို့ အစ္စရေးကို သွားတဲ့ အီဂျစ်ကိုယ်စားလှယ်တွေ ပြန်ရောက်ပြီး နာရီပိုင်း အတွင်းမှာပဲ အခုလို ဟားမတ်စ်ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ ကမ်းလှမ်းချက် အသစ်ဟာ အီဂျစ်ညှှိုနှိုင်းရေးမှုးတွေ အစ္စရေးကို သွားရောက်တာနဲ့ တိုက်ရိုက်ဆက်နွယ်မှု ရှိမရှိတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစ္စရေးတပ်တွေက တောင်ပိုင်းက ရာဖါမြို့နဲ့ နီးတဲ့ နေရာမှာ တင့်ကားတွေ၊ သံချပ်ကာ ကားတွေအများအပြား ချထားပြီး ရာဖါမြို့တဝိုက်ကိုလည်း နေ့စဉ်လိုလို လေကြောင်းကနေ တိုက်ခိုက်နေတာပါ။ ရာဖါဟာ အီဂျစ်နယ်စပ်နဲ့ ကပ်နေတာကြောင့် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ပေါ်လာနိုင်တာအပြင်၊ ဂါဇာက လူသားစာနာမှုအခြေနေတွေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေ အတွက် အစ္စရေးက သတိထားစောင့်ကြည့်နေရတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG