သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြို့ အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်း ၂၀ ထက်မနည်းသေဆုံး


Khan Younis မြို့တွင်း အစ္စရေးရဲ့ မြေပြင်ထိုးစစ်အတွင်း မီးလောင်ပျက်စီးနေပုံ။
Khan Younis မြို့တွင်း အစ္စရေးရဲ့ မြေပြင်ထိုးစစ်အတွင်း မီးလောင်ပျက်စီးနေပုံ။

အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမြို့မှာ ကြာသပတေးနေ့က လူသားစာနာမှု အကူညီရဖို့ စောင့်နေတဲ့ပါလက်စတိုင်း ၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဟားမတ်စ် ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒီပြောကြားချက်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း ဂါဇာတောင်ပိုင်း ခန်ယူးနစ်စ် -(Khan Younis) က ကုလသမဂ္ဂ သင်တန်းကျောင်းနေရာကိုဗုံးကျည်ထိမှန်ပြီး ၁၂ ဦး သေဆုံးရသလို ၇၅ ဦးကျော် ဒဏ်ရာရခဲ့ကြတယ်လို့ ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာ ကုလ အရာရှိတဦးဖြစ်တဲ့ Thomas White က ပြောပါတယ်။ ဒီပစ်ခတ်မှုအတွက် အစ္စရေးဘက်ကိုတိုက်ရိုက်အပြစ် မတင်သလို အစ္စရေးစစ်တပ်ကလည်း လက်ရှိမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကို ရပ်ထားကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။ ဒါ့အပြင် ဒီအဆောက်အဦးဟာ ဟာမတ်စ်တွေရဲ့ ရော့ကက်ထိမှန်တာ ဖြစ်ဖို့များတယ်လို့ ပြောပါတယ်။

အစ္စရေးတင့်ကားတွေက Khan Younis က ဆေးရုံနှစ်ရုံရှိရာဒေသတဝိုက်မှာ ပစ်ခတ်ခဲ့တာကြောင့် အဲဒီမြို့မှာစစ်ရှောင်ဖို့ လာတဲ့ ပါလက်စတိုင်းတွေ မနေရဲဘဲ ထွက်ပြေးခဲ့ကြရတာပါ။ ဂါဇာကို ဟာမတ်စ်တွေ မထိန်းချုပ်နိုင်အောင် အစ္စရေးတွေက တိုက်ထုတ်နေတာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် Khan Younis မှာ နေအိမ်တလုံးကို ထိမှန်ပြီး ကလေး ၂ ဦး အပါအဝင် ပါလက်စတိုင်း ၅၀ ထက် မနည်း သေဆုံးခဲ့ရတယ်လို့ ဂါဇာ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒီမြို့ကို အစ္စရေးတပ်တွေဝိုင်းထားပြီး လေကြောင်းကရော၊ မြေပြင်ကပါ မပြတ် ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အစ္စရေးတောင်ပိုင်းကို ဟာမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်မှုကနေ လူပေါင်း ၁,၂၀၀ လောက် သေဆုံးပြီး ၂၅၀လောက် ဓါးစာခံအဖြစ် ခေါ်ဆောင်တာခံခဲ့ရတဲ့ အောက်တိုဘာ ၇ ရက်ကစပြီး ဂါဇာကို အစ္စရေးက တုံ့ပြန်တိုက်ခိုက်မှုကနေ လူပေါင်း နှစ်သောင်းခွဲကျော် သေဆုံးပြီး ၆ သောင်းကျော် ဒဏ်ရာရခဲ့တယ်လို့ ဟာမတ်စ်လက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG