သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသမှာ အစ္စရေး လေကြောင်းထိုးစစ်ဆင်

ဂါဇာဒေသထဲက မီးခိုးလုံးတွေကို အစ္စရေးဘက်က မြင်တွေ့ရစဉ် (ဇန်နဝါရီ ၁၆၊ ၂၀၂၄)
ဂါဇာဒေသထဲက မီးခိုးလုံးတွေကို အစ္စရေးဘက်က မြင်တွေ့ရစဉ် (ဇန်နဝါရီ ၁၆၊ ၂၀၂၄)

ဟာမတ်စ်တွေကို အပြင်းအထန်ချေမှုန်းမဲ့ အဆုံးသတ်အဆင့် အပြီးသတ်ဆင်နွဲဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောဆိုပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ဂါဇာဒေသ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက သတင်းထုတ်ပြန်ပါတယ်။ မြောက်ပိုင်း Shati ဒေသရှိ စစ်သွေးကြွတွေရှိတဲ့နေရာနဲ့ Khan Younis ဒေသတွေကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာပါ။

အစ္စရေးတပ်ဖွဲ့ဝင်တွေက စစ်သွေးကြွဒါဇင်ပေါင်းများစွာကို သုတ်သင်ခဲ့ပြီး၊ ဒုံးကျည်ပစ်တဲ့နေရာ ၁၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ လက်ဘနွန်တောင်ပိုင်းမှာလည်း ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ တင့်ကားဖျက်လက်နက်ကို ညဖက်မှာ တိုက်ခိုက်ခဲ့တာပါ။ အစ္စရေးတပ်ဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းမှာ ပဋိပက္ခတွေမြင့်တက်လာမှာကို စိုးရိမ်မှု တွေရှိနေကြပါတယ်။

ဟာမတ်စ်က စစ်ရေးအရ ဖိအားပေးမှုမရှိပဲနဲ့ နောက်ထပ် ဓားစာခံတွေကို လွှတ်ပေးမဲ့ အလားအလာ မရှိတဲ့အတွက် စစ်ဆင်ရေးကို အပြည့်အဝ မရပ်နိုင်ဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က သတင်းထောက်တွေကို မနေ့က ပြောပြီး အပစ်အခတ်ရပ်စဲရေးကိုလည်း ငြင်းဆိုခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေကို မကြာခင်ကပဲ အဆုံးသတ်ခဲ့သလို ဂါဇာတောင်ပိုင်းက ပြင်းထန်တဲ့ စစ်ဆင်ရေးကိုလည်း မကြာခင် အဆုံးသတ်ဆင်နွှဲမယ်လို့လည်း ပြောပါတယ်။ အောက်တိုဘာလထဲ အစ္စရေးကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားတဲ့ ဓားစာခံ နှစ်ဦး သေဆုံးမှုကို ဟားမတ်စ်က ကြေညာပြီးနောက်ပိုင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ISRAEL HAMAS.ဂါဇာဒေသမှာ အစ္စရေး လေကြောင်းထိုးစစ်ဆင်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG