သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်ဘက်ခြမ်းက ပစ်တဲ့ဒုံးကျည် အစ္စရေးအရပ်သားနှစ်ဦး သေဆုံး


အစ္စရေးမြောက်ပိုင်းကနေ လက်ဘနွန်ဘက်ကို ချိန်ရွယ်ပစ်ခတ်နေတဲ့ အစ္စရေးအမြောက်တပ်။ (ဇန်နဝါရီ ၁၁၊ ၂၀၂၄)။
အစ္စရေးမြောက်ပိုင်းကနေ လက်ဘနွန်ဘက်ကို ချိန်ရွယ်ပစ်ခတ်နေတဲ့ အစ္စရေးအမြောက်တပ်။ (ဇန်နဝါရီ ၁၁၊ ၂၀၂၄)။

လက်ဘနွန်ကပစ်လိုက်တဲ့ တင့်ကားပစ်ဒုံးကျည်က အစ္စရေးနိုင်ငံမြောက်ပိုင်းနယ်စပ်အနီး က အိမ်ကိုထိမှန်ခဲ့တဲ့အတွက် အစ္စရေးအရပ်သားနှစ်ယောက် တနင်္ဂနွေနေ့က သေဆုံးသွားခဲ့ပါတယ်။ လက်ဘနွန်ကနေ အစ္စရေးနိုင်ငံထဲကိုဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ စစ်သွေးကြွ ၃ ယောက် အစ္စရေးကတိုက်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့ကြောင်း ကြေညာအပြီးတ ရက်အကြာမှာ ခုလို ဟက်ဇ်ဘိုလာက ပစ်ခတ်ခဲ့တာပါ။

အစ္စရေး ဟားမတ်စ် ပဋိပက္ခ ရက် ၁၀၀ မြောက်နေ့မှာ ဖြစ်ပွါးခဲ့တာပါ။ ရက် ၁၀၀ ရှိလာတဲ့အခါ ပါလက်စတိုင်း ၂၄,၀၀၀ နီးနီး အသက်ဆုံးရှုံးခဲ့ရပြီး ဂါဇာနေလူဦးရေ ၂.၃ သန်းရဲ့ ၈၅ ရာနှုန်းဟာ အိုးအိမ်စွန့်ခွါ စစ်ရှောင်နေကြရပါတယ်။ လူဦးရေရဲ့လေးပုံတပုံက ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ကြိုနေကြရပါတယ်။ ဂါဇာမှာ အပစ်ရပ်တဲ့အထိ သူ့အဖွဲ့က တိုက်ခိုက်မှာ ဖြစ်တယ်လို့ ဟက်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာစရာလား (Hassan Nasrallah) က ပြောပါတယ်။

"ဂါဇာမှာ သေဆုံးပျက်စီးတာတွေ ကြီးမားလှတာကြောင့် တောင်အာဖရိကနိုင်ငံက နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ အစ္စရေးကို လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ စွဲဆိုထားပါတယ်။ ဘယ်သူမှကျနော်တို့ကို ရပ်အောင် မလုပ်နိုင်ဘူး။ အိုင်စီဂျေ မလုပ်နိုင်ဘူး။ မကောင်းဆိုးဝါးနိုင်ငံတွေ မလုပ်နိုင်ဘူး။" လို့ အီရန်နဲ့ သူ့မဟာမိတ်နိုင်ငံတွေကို ရည်ညွှန်းပြီး အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု က တနင်္ဂနွေညနေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG