သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-လက်ဘနွန် နယ်စပ် စစ်ရေးတင်းမာမှုအဆုံးသတ်ဖို့ ကန်အထူးသံမျှော်လင့်


သမ္မတဂျိုးဘိုင်ဒန်ရဲ့အိမ်ဖြူတော်အကြံပေး Amos Hochstein (ဝဲ) နဲ့ လက်ဘနွန် ယာယီဝန်ကြီးချုပ် Najib Mikati လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ တွေ့ဆုံကြစဥ်။ (ဇန်နဝါရီ ၁၁၊ ၂၀၂၄)
သမ္မတဂျိုးဘိုင်ဒန်ရဲ့အိမ်ဖြူတော်အကြံပေး Amos Hochstein (ဝဲ) နဲ့ လက်ဘနွန် ယာယီဝန်ကြီးချုပ် Najib Mikati လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ တွေ့ဆုံကြစဥ်။ (ဇန်နဝါရီ ၁၁၊ ၂၀၂၄)

အစ္စရေး−လက်ဘနွန် နယ်စပ်တလျှောက် သုံးလကြာဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေ အမြန်အဆုံးသတ်သွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း အမေရိကန် သံတမန်တဦးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ လက်ဘနွန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဘေရွတ်မြို့မှာ လေးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန် အထူးသံကိုယ်စားလှယ်( အေးမော့စ် ဟော့ခ် စတိုင်း ) Amos Hochstein က သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

အမေရိကန်သမ္မတ အိမ်ဖြူတော်အကြံပေးလည်းဖြစ်တဲ့ Amos Hochstein ဟာ လက်ဘနွန် ယာယီဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ၊ စစ်တပ်အကြီးအကဲအပြင် ပါလီမန်ဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လက်ရှိ နယ်စပ်တင်းမာမှုတွေ အရှိန် ဆက်မြင့်လာမှာကို လက်ဘနွန်ပြည်သူတွေ လိုလားကြမှာမဟုတ်သလို နယ်စပ် နှစ်ဖက်စလုံးမှာရှိတဲ့ လက်ဘနွန် ပြည်သူတွေရော၊ အစ္စရေးပြည်သူတွေပါ နေရပ်ပြန်နိုင်ရေးအတွက် သံတမန်ရေး ကြိုးပမ်းမှု အဖြေထွက်ဖို့လိုနေပြီလို့ Hoch−stein က တိုက်တွန်းပါတယ်။

အစ္စရေးကို ဟားမတ်စ်အဖွဲ့က စတင်တိုက်ခိုက်ခဲ့တဲ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးစစ်တပ်နဲ့အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ Hezbollah (ဟက်ဇ်ဘိုလာ) စစ်အုပ်စုတို့ကြား အကြိမ်ကြိမ် အပြန်အလှန် တိုက်ခိုက်နေကြတာပါ။

အစ္စရေးစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ဘနွန်အရပ်သား အနည်းဆုံး ၂၅ ဦး သေဆုံးပြီး အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၁၄၀ လောက် သေဆုံးခဲ့ရသလို အစ္စရေးဘက်မှာလည်း စစ်သား ၉ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးခဲ့ရပါတယ်။ Hochstein ဟာ လက်ဘနွန်ခရီးစဥ်မတိုင်ခင် ပြီးခဲ့တဲ့အပတ်က အစ္စရေးကိုသွားရောက်ပြီး စစ်မျက်နှာမကျယ်ပြန့်ရအောင် ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG