သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ဂါဇာ ပဋိပက္ခအရေးညှိနှိုင်းဖို့ တူရကီကိုရောက်ရှိ

U.S. Secretary of State Blinken visits Turkey
U.S. Secretary of State Blinken visits Turkey

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ဂါဇာ ပဋိပက္ခအရေးညှိနှိုင်းဖို့ တူရကီကိုရောက်ရှိ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ကို သောကြာနေ့က ဆိုက်ရောက်ခဲ့ပြီး စနေနေ့မှာတော့ တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံဖွယ် ရှိနေပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က စခဲ့တဲ့ အစ္စရေးလ်နဲ့ ဟားမတ်စ်ကြား တိုက်ပွဲတွေ နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ လေးကြိမ်မြောက် အရှေ့အလယ်ပိုင်း ခရီးစဉ်ဖြစ်ပြီး စစ်အပြီး ဂါဇာ ဒေသ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး သံတမန်ရေး အရ ထပ်မံ ကြိုးပမ်းမှု ဖြစ်ပါတယ်။ ဒါ့အပြင် ဂါဇာ ပဋိပက္ခကနေ အစ္စရေးလ် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း၊ လက်ဘနွန်နဲ့ ပယ်လယ်နီ ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတို့ထိ စစ်ချဲ့လာတာကို ရပ်တန့်ရေး အတွက် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

ဂါဇာ အတွက် လူသားချင်း စာနာမှု အကူအညီတွေ တိုးပေးရေး အတွက်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က ထပ်မံ တိုက်တွန်းမယ့် အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သီတင်းတပတ်ကြာမယ့် ခရီးစဉ် အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က တူရကီ၊ ဂရိ၊ ဂျော်ဒန်၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်တို့ အပြင် အစ္စရေးလ်နဲ့ အနောက်ဘက်ကမ်းတို့ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ သုံးလတာ အတွင်း ဂါဇာဒေသဟာ မျှော်လင့်ချက် ပျက်သုဉ်း၊ သေဆုံးရာ ဒေသ တခု ဖြစ်လာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှုးချုပ် Martin Griffiths က ကြေညာချက် ထုတ်ပြန်လိုက်တဲ့ သောကြာနေ့မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အရှေ့အလယ်ပိုင်းကို ခရီးထွက်ခွာတာ ဖြစ်ပါတယ်။

ဂါဇာ အလယ်ပိုင်းနဲ့ တောင်ပိုင်းမြို့ Khan Younis တို့မှာတော့ တိုက်ပွဲတေါ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဂါဇာမြောက်ပိုင်းမှာ ဟားမတ် တိုက်ခိုက်ရေးသမား ထောင်ချီ ရှိနေသေးကြောင်း အစ္စရေလ်း ကာကွယ်ရေး ဝန်ကြီး Yoav Gallant ကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG