သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ရှောင်လွှဲလို့မရ (တရုတ်နိုင်ငံခြားရေးဝန်ကြီး)


USA-CHINA
USA-CHINA

ကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ရှောင်လွှဲလို့မရ (တရုတ်နိုင်ငံခြားရေးဝန်ကြီး)

တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်ရေးက ရှောင်လွှဲလို့မရပဲ အလွန် အရေးပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောဆိုလိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် ဖွံ့ဖြိုးစေရေးလည်း တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ သောကြာနေ့ကကျင်းပတဲ့ အမေရိကန်နဲ့ တရုတ် သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့် အခမ်းအနားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အခင်းအကျင်းအရ အမေရိကန်နဲ့ တရုတ်တို့မှာ ဘုံအကျိုးစီးပွားတွေ အရင်ကထက် ပိုများလာပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ လိုအပ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

တရုတ် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံစလုံးအတွက် ဒါမှမဟုတ်လည်း ကမ္ဘာကြီးအနေနဲ့ ရှောင်လွှဲလို့ မရတော့တဲ့ ကိစ္စဖြစ်ပြီး အထူးအလေးထား ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စ တရပ်လို့ ပြောနိုင်ကြောင်း ဝန်ကြီး Wang က ပြောပါတယ်။

နှစ်နိုင်ငံကြား ပေါင်းကူး တည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံ အသုံးပြုဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ သံတမန်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း Wang က ပြောပါတယ်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား တနှစ်တာ ဆက်ဆံရေး တင်းမာခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အစောပိုင်းမှာ အမေရိကန် ဝေဟင်မှာ တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကို တွေ့ရှိခဲ့ပြီးနောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken သွားရောက်မယ့် တရုတ်ခရီးစဉ်ကို ဆိုင်းငံ့ခဲ့တာပါ။ တရုတ် မိုးပျံပူဖောင်းကိုလည်း အမေရိကန်က ပစ်ချခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG