သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်ဒုဝန်ကြီးချုပ်နဲ့တွေ့ဆုံ


အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဂျဲနက် ရယ်လင်နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် လီဖန်း တို့ တွေ့ဆုံ။ (နိဝင်ဘာ ၉။ ၂၀၂၃)
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဂျဲနက် ရယ်လင်နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် လီဖန်း တို့ တွေ့ဆုံ။ (နိဝင်ဘာ ၉။ ၂၀၂၃)

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ရှေ့တပတ်ထဲ တွေ့ဆုံမယ်လို့ မျှော်လင့်ရတဲ့ အမေရိကန် အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် APEC အာရှပစိဖိတ် စီးပွားရေးပူပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲမတိုင်ခင် တရုတ် ဒုဝန်ကြီးချုပ် He Lifeng နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen တို့ရဲ့ ၂ ရက်တာ တွေ့ဆုံဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ စတင်လိုက်ပါတယ်။

ဒီတွေ့ဆုံမှုက တရုတ်−အမေရိကန် ဆက်ဆံရေး တင်းမာနေတာကို ဖြေလျော့ရေးနဲ့ ကာကွယ်ရေး၊ ကုန်သွယ်ရေး ၊ ဥတုရာသီ ဖေါက်ပြန်ပြောင်းလဲမှု ကိစ္စရပ်တွေမှာပါ ဆွေးနွေးသွားနိုင်ဖို့ လမ်းကြောင်း ဆက်ဖွင့်ထားနိုင်ရေးအတွက် ရည်ရွယ်ပုံရပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Yellen နဲ့ တရုတ်ဒုဝန်ကြီးချုပ် Lifeng တို့ ကြာသပတေးနဲ့ သောကြာ ၂ ရက်ကြာ တွေ့ဆုံမှုပြီးရင်တော့ ရှေ့တပတ်ထဲ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် APEC ဖိုရမ်ရဲ့ ဘေးပန်းမှာ သမ္မတ Biden နဲ့ သမ္မတ Xi Jinping တို့ သီးသန့် တွေ့ဆုံကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်ဒုဝန်ကြီးချုပ် Lifeng နဲ့ အမေရိကန်ဝန်ကြီး Yellen တို့ အခုတခေါက်တွေ့ဆုံမှုက အမေရိကန်−တရုတ် သမ္မတ ၂ ဦးတွေ့ဆုံကြမယ့်ပွဲ ပျက်မသွားရအောင်လို့ အခိုင်အမာဖြစ်စေရေး ညှိနှိုင်းတဲ့သဘောလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တရုတ်ကို ဆန့်ကျင်လမ်းခွဲသွားဖို့ ရည်ရွယ်ချက်မရှိပေမယ့် အမေရိကန်ကုမ္ပဏီတွေနဲ့ လုပ်သားတွေရဲ့ စီးပွားရေးဈေးကွက်ထဲ မျှတစွာပြိုင်ဆိုင်မှုကို တားမြစ်လာတာမျိုးလုပ်လာရင်တော့ တရုတ်တို့နဲ့ တိုက်ရိုက်ပြောဆိုရလိမ့်မယ်လို့ တရုတ် ဒုဝန်ကြီးချုပ်နဲ့ ကြာသပတေးနေ့ တွေ့ဆုံမှုမတိုင်ခင် အမေရိကန်ဝန်ကြီး Yellen က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG