သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဖို့ မလွယ်ကူသေး


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်(ဝဲ)နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် (ယာ)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်(ဝဲ)နဲ့ တရုတ်သမ္မတရှီကျင့်ဖျင် (ယာ)

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နဲ့ အမေရိကန်သမ္မ ဂျိုးဘိုင်ဒန်တို့ တွေ့ဆုံကြမယ့်လမ်းက မချောမွေ့လှဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့ က ပြောပါတယ်။ ရလဒ်ကောင်းတွေရဖို့ နှစ်ဘက်လုံး အတူတကွ လုပ်ကြရပါမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်တာပါ။

ဝါရှင်တန် သုံးရက်ခရီးစဥ်အတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်နဲ့ အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ္စကိုမှာ နိုဝင်ဘာလ ကျင်းပမယ့် အာရှ ပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးမှာ သမ္မတနှစ်ဦးတွေ့ဆုံနိုင်ဖို့အတွက် နှစ်ဘက်ဆွေးနွေးလုပ်ဆောင်သွားကြဖို့ သဘောတူကြပါတယ်။

ဒါပေမဲ့ “အမေရိကန် ပြည်ထောင်စု မဟာဗျူဟာ အသိုက်အဝန်းရဲ့ အဖွဲ့ဝင်တွေ” နဲ့ တွေ့ဆုံပြီးတဲ့နောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေါင်းချုပ်သတင်းထုတ်ပြန်ရာမှာ “နှစ်နိုင်ငံသွားရမယ့်လမ်းက မချောမွေ့လှဘူး”လို့ ပြောခဲ့တာပါ။ ဖြေရှင်းရမယ့်ပြဿနာတွေ အများကြီး ရှိနေသေးပြီး ဆက်လက် ပြောဆိုဆွေးနွေးတာက နှစ်ဘက်လုံးအတွက် လိုအပ်သလို အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG