သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ဆက်သွယ်ရေး လမ်းကြောင်းဆက်ဖွင့်ဖို့ ကန်တိုက်တွန်း


US Secretary of Defense Lloyd Austin speaks at the 20th International Institute for Strategic Studies Shangri-La Dialogue, Asia's annual defense and security forum, in Singapore, June 3, 2023.
US Secretary of Defense Lloyd Austin speaks at the 20th International Institute for Strategic Studies Shangri-La Dialogue, Asia's annual defense and security forum, in Singapore, June 3, 2023.

ကမ္ဘာ့အင်အားကြီးအမေရိကန်နဲ့ တရုတ်အကြားဆက်သွယ်ရေးလမ်းကြောင်းဆက်လက်ဖွင့်လှစ်ထားဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှပစ္စဖိတ်လုံခြုံရေး ဆိုင်ရာထိပ်သီးအစည်း-ရှန်ဂရီလာဆွေးနွေးပွဲမှာ စနေနေတုန်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကန်-တရုတ် ဆက်သွယ်ရေး လမ်းကြောင်းဆက်ဖွင့်ဖို့ ကန်တိုက်တွန်း

ကမ္ဘာ့အင်အားကြီးအမေရိကန်နဲ့ တရုတ်အကြားဆက်သွယ်ရေးလမ်းကြောင်းဆက်လက်ဖွင့်လှစ်ထားဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှပစ္စဖိတ်လုံခြုံရေး ဆိုင်ရာထိပ်သီးအစည်းအဝေး-ရှန်ဂရီလာဆွေးနွေးပွဲမှာ စနေနေတုန်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်။

“နှစ်နိုင်ငံအကြား ပြဿနာရပ်တွေကိုစီမံဆောင်ရွက်နိုင်မယ့် ဆက်သွယ်လုပ်ဆောင်ရေးအစီအစဉ်တွေအတွက် အလေး အနက်ထားဆွေးနွေးဖို့ကို တရုတ်ဘက်ကမလိုလားတဲ့အပေါ် အလွန်ဘဲစိုးရိမ်မကင်းဖြစ်မိတယ်ပါတယ်။ ပဋိပက္ခတွေဖြစ် သွားစေနိုင်တဲ့ မှားယွင်းတွက်ချက်မှုတွေကိုရှောင်ရှားနိုင်ဖို့ နှစ်နိုင်ငံအကြားဆက်သွယ်ရေးဟာအရေးကြီးပါတယ်လို့” ကာကွယ်ရေးဝန်ကြီးအော်စတင်ကပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာကိစ္စတွေဆွေးနွေးဖို့အတွက် အမေရိကန်ဘက်ကတောင်းဆိုခဲ့ပေမယ့်၊ ရှန်ဂရီလာအစည်း အဝေးတက်ရောက်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လီရှန်ဖူက ငြင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်ပြင်ပိုက်နက်ကိစ္စ၊ ထိုင်ဝမ်ကျွန်းအရေး၊ တရုတ်ထောက်လှမ်းရေး မိုးပျံပူပေါင်း ကိစ္စ၊ စတာတွေအတွက်တင်းမာမှုတွေရှိနေပြီး၊ ဆွေးနွေးဖြေရှင်းဖို့လိုအပ်နေပါတယ်။ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်ကရန်လိုတဲ့အပြုအမှုတွေတိုးလုပ်လာနေပြီး၊ ရုရှားကယူကရိန်းကိုကျူးကျော်တာနဲ့ဆင်တူတဲ့အခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူးဟာ ဒီကနေ့တနင်္ဂနွေနေ့မှာ အစည်းအဝေးမှာ စကားပြောကြားမှာဖြစ်ပါတယ်။

XS
SM
MD
LG