သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေး ဝန်ကြီးတွေ တွေ့ဆုံဖို့ အမေရိကန်အဆိုပြုချက် တရုတ်ပယ်ချ


အမေရိကန်ပြည်ထောင်စု ပင်တာဂွန်စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (လွိုက်အော်စတင်) (မေ ၂၅၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ပင်တာဂွန်စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (လွိုက်အော်စတင်) (မေ ၂၅၊ ၂၀၂၃)

ဒီသီတင်းပတ်ကုန် စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် နှစ်ပတ်လည် လုံခြုံရေးညီလာခံမှာ ၂ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်တွေ တွေ့ဆုံဖို့အတွက် အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်တာကြောင့် အင်အားကြီးနိုင်ငံကြား တင်းမာမှုသစ်အဖြစ် တွေ့မြင်ကြရပါတယ်။

"စင်္ကာပူမှာ တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီး Li Shangfu (လီရှန်းဖူ) နဲ့ တွေ့ဆုံဖို့အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd J. Austin (လွိင် အော်စတင်) က မေလအစောပိုင်းက ကမ်းလှမ်းထားတာကို ငြင်းပယ်လိုက်ကြောင်း တရုတ်ဖက် က အမေရိကန်ကို အကြောင်းကြားခဲ့တယ်" လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ကို Wall Street Journal မှာဖော်ပြထားပါတယ်။

ပင်တဂွန်ကတော့ ‌ပြိုင်ဆိုင်မှုတွေ ပဋိက္ခတွေမဖြစ်ဖို့အတွက် ပွင့်လင်းတဲ့ ဆက်သွယ်ရေးကိုသာ ယုံကြည်တယ်လို့ ပြောပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ (Li Shangfu)
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ (Li Shangfu)

ပြီးခဲ့တဲ့အပတ်ကတော့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ John Kirby (ဂျွန်ကာဘီ) က မတ်လမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတို့ကြား တွေဆုံဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် ကာကွယ်ရေးဌာနက ဆွေးနွေးမှုတွေကျင်းပခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ကန်ကာကွယ်ရေးဝန်ကြီး Austin ကို တွေ့ဖို့ငြင်းဆိုလိုက်တဲ့ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ စင်ကာပူအခြေစိုက် လုံခြုံရေးလေ့လာသုံးသပ်သူ Ian Storey (အီရန် စတိုရီ) က ပြောပါတယ်။

ဒေသတွင်းမှာ လုံခြုံရေးတင်းမာမှုတွေနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေကြောင့် နှစ်နိုင်ငံကြားတွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အလားအလာကို အနီးကပ်စောင့်ကြည့်နေပေမဲ့၊ အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ပြန်လည်ထိတွေ့ဆက်ဆံမယ့် အစီအစဉ်တွေကတော့ နှောင့်နှေးသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG