သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao
တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao

အမေရိကန်နဲ့ တရုတ် ထိပ်တန်းကုန်သွယ်ရေးအရာရှိတွေ ဝါရှင်တန်ဒီစီမှာ မနေ့ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimond နဲ့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao တို့ ကြား တရုတ် အမေရိကန် ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်းနဲ့ အနှစ်သာရရှိရှိ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အမေရိကန် ကူသန်းရောင်းဝယ်ရေးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပါတယ်။

ဒီအစည်းအဝေးဟာ အမေရိကန် တရုတ်အကြား တာဝန်သိသိနဲ့ ဆောင်ရွက်ရေးအပြင်၊ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဖို့ ကြိုးပမ်းအားထုတ်မှု တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကြာသပတေးနေ့က ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲဟာ ဘိုင်ဒန်အစိုးရလက်ထက်မှာ အမေရိကန်နဲ့ တရုတ်ကြား ဝါရှင်တန်မြို့တော်မှာ ပထမဆုံးလုပ်တဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲဖြစ်ပါတယ်။

Michigan ပြည်နယ်မြို့တော် Detroit မှာ ကြာသပတေးနဲ့ ဒီကနေ့သောကြာနေ့မှာ ကျင်းပတဲ့ APEC အာရှပစိဖိတ်နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ၂၀၂၃ အတွက် ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးတွေ ဆွေးနွေးပွဲ တက်ရောက်ဖို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang အမေရိကန်ပြည်ထောင်စုကို ရောက်နေတာပါ။ တရုတ်စီးပွားရေး လွှမ်းမိုးလာမှုအပေါ် ဝေဖန်ဆွေးနွေးခဲတဲ့ G7 ကမ္ဘာ့ စက်မှုထိပ်သီး ၇ နိုင်ငံဆွေးနွေးပွဲကို အမေရိကန် သမ္မတ Joe Biden ကိုယ်တိုင်တက်ခဲ့ပြီးနောက် ဝန်ကြီး၂ ဦး အခုလို တွေ့ဆုံဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုခရီးမတိုင်ခင် တနင်္လာနေ့တုန်းကလည်း တရုတ်ကုန်သွယ်ရေးဝန်ကြီး Wang ဟာ Shanghai စီးပွားရေးအချက်အချာမြို့ကြီးမှာ အမေရိကန် ကုမ္ပဏီကြီးတွေနဲ့တွေ့ဆုံခဲ့ပြီး၊ အမေရိကန်လုပ်ငန်းတွေကို ဆက်လက်ကြိုဆိုကာ ၂ ဖက်လုံး အကျိုးရှိအောင် လုပ်သွားမယ်လို့ ပြောခဲ့ပါသေးတယ်။

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG