သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတွင်းခိုးယူခံရတဲ့ရှေးဟောင်းပစ္စည်းနှစ်ခု ကန်လွှဲပြောင်း


ကမ္ဘာတဝန်းက ခိုးယူ စုဆောင်းခံရတဲ့ ရှေးဟောင်းအနုပညာလက်ရာတွေကို အမေရိကန်က မူရင်းနိုင်ငံတွေဆီ ပြန်လွှဲပြောင်းပေးတဲ့အထဲက ရှေးဟောင်းပစ္စည်းတခုကို နယူးယောက်မြို့ မက်ဟန်တန်တရားရေးဌာနက ထုတ်ဖော်ပြသထားစဥ်. (မေ ၁၀၊ ၂၀၂၃)  
ကမ္ဘာတဝန်းက ခိုးယူ စုဆောင်းခံရတဲ့ ရှေးဟောင်းအနုပညာလက်ရာတွေကို အမေရိကန်က မူရင်းနိုင်ငံတွေဆီ ပြန်လွှဲပြောင်းပေးတဲ့အထဲက ရှေးဟောင်းပစ္စည်းတခုကို နယူးယောက်မြို့ မက်ဟန်တန်တရားရေးဌာနက ထုတ်ဖော်ပြသထားစဥ်. (မေ ၁၀၊ ၂၀၂၃)  

တရုတ်နိုင်ငံကနေခိုးယူခံခဲ့ရတဲ့ ရှေးဟောင်းပစ္စည်းနှစ်ခုကို အမေရိကန်ကပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ နယူးယောက်မြို့ တာဝန်ရှိသူတွေက အင်္ဂါနေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံပေါင်းတဒါဇင်ကျော်ကခိုးယူခံထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်လွှဲပြောင်းပေးတဲ့အထဲမှာ နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။

၁၉၉၀ ပြည့်အစောပိုင်းနှစ်တွေမှာ ရှေးဟောင်းပစ္စည်းသူခိုးတွေက တရုတ်သင်္ချိုင်းတခုကနေ ၇ ရာစုဝန်းကျင်က ကျောက်ထွင်းရုပ်တုနှစ်ခုကို ခိုးယူခဲ့ကြတယ်လို့ နယူးယောက်မြို့ မက်ဟင်တန်ခရိုင် ရှေ့နေ Alvin Bragg က ပြောပါတယ်။ အဲ့ဒီရုပ်တုတွေဟာ လက်ရှိမှာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၅ သန်းတန်ဖိုးရှိပါတယ်။

ဒီပစ္စည်းတွေဟာ နယူးယောက်က ပုဂ္ဂလိကပန်းချီစုဆောင်းသူတယောက်ဖြစ်တဲ့ Shelby White က နိုင်ငံ ၁၀ နိုင်ငံ က ဝယ်ယူခဲ့တဲ့ ရှေးဟောင်းပစ္စည်း ၈၉ ခု ထဲက ရုပ်တုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရုပ်တုတွေကို ၁၉၉၈ ခုနှစ်ကစပြီး မက်ထရိုပိုလီတန် အနုပညာပြတိုက်ကို ငှားရမ်းခဲ့ရာက ဒီနှစ်ပိုင်းထဲမှာ ခရိုင်ဥပဒေရုံးက ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးပြီးနောက်ပိုင်း သိမ်းဆည်းခဲ့တာပါ။

အဲဒီထဲက တခုကို ပြတိုက်ရဲ့ စတိုခန်းထဲမှာ သိမ်းဆည်းထားပြီး ပြပွဲမှာ ပြသဖူးခြင်းမရှိဘူးလို့ ခရိုင်ဥပဒေရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုပ်တုတွေကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကိုတော့ နယူးယော့ခ်မြို့က တရုတ်ကောင်စစ်ဝန်ရုံးမှာ ပြုလုပ်ခဲ့တာပါ။

“ယဉ်ကျေးမှုဆိုင်ရာပစ္စည်းတွေကို လက်ဝယ်ထားရှိမှုနဲ့ဆိုင်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းတာဟာ မြင့်မြတ်တဲ့တာဝန်တရပ်ဖြစ်တယ်” လို့ တရုတ်ကောင်စစ်ဝန်ချုပ် Huang Ping က ပြောကြောင်း မက်ဟင်တန် ခရိုင်တရားဥပဒေရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ၂၀၂၂ ဇန်နဝါရီကစတင်ပြီး အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော်တန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်း ၉၅၀ ကျော်ကို ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီဂျစ်၊ အီရတ်၊ ဂရိ၊ တူရကီနဲ့ အီတလီအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံကို ပြန်လည်ပေးအပ်ခဲ့ပြီးပါပြီ။

၂၀၂၁ ခုနှစ်မှာလည်း ပုဂ္ဂလိကစုဆောင်းသူတဦးဖြစ်တဲ့ Michael Steinhardt က တရားရုံးပြင်ပ သဘောတူညီချက်အရ ဒေါ်လာ သန်း ၇၀ တန်ကြေးရှိ သူဝယ်ယူစုဆောင်းထားတဲ့ ခိုးရာပါ ရှေးဟောင်းပစ္စည်း ၁၈၀ လောက်ကို ပြန်လည်ပေးအပ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG