သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရွးေဟာင္းပစၥည္း ေမွာင္ခိုကူးမႈ တိုက္ဖ်က္ေရး UNESCO ရည္မွန္း


(Zawgyi /Unicode)

ေရွးေဟာင္း ပစၥည္း ေမွာင္ခို ေရာင္း၀ယ္မႈကို တိုက္ဖ်က္ႏိုင္ေရး နည္းလမ္းေတြ ရွာေဖြဖို႔ ကမ ၻာတ၀န္းက ယဥ္ေက်းမႈ အေမြအႏွစ္ ပစၥည္းဆိုင္ရာ ကြ်မ္းက်င္သူေတြနဲ႔ ညီလာခံ တခုကို ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔က က်င္းပပါတယ္။ စစ္ဒဏ္သင့္ ႏိုင္ငံေတြက ယဥ္ေက်းမႈ အေမြအႏွစ္ ပစၥည္းေတြနဲ႔ ေရွးေဟာင္း ပစၥည္းေတြကို မသမာသူေတြက ေမွာင္ခိုကူးၾကတာပါ။ AP သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂႌထိုက္ တင္ျပထားပါတယ္။

အာဖဂန္နစၥတန္ ႏိုင္ငံက တန္ဖိုးႀကီးလွတဲ႔ ေရွးေဟာင္း ဘာသာေရးဆိုင္ရာ အေမြအႏွစ္ ပစၥည္းေတြကို ျပန္လည္ ရွာေဖေတြ႕ရွိၿပီးေနာက္ ၿပီးခဲ႔တဲ႔ ဧၿပီလတုန္းက ႏိုင္ငံကို ျပန္ပို႔ခဲ႔ပါတယ္။ ဒါေပမယ့္လည္း ဒီေရွးေဟာင္း ပစၥည္းေတြရဲ႕ ေရရွည္ လံုျခံဳေရးကေတာ့ မေရရာ မေသခ်ာပါဘူး။ အာဖဂန္နစၥတန္ အစိုးရကို ျဖဳတ္ခ်ၿပီး တာလီဘန္တို႔က ၁၉၉၀ ျပည့္လြန္ႏွစ္ေတြက တင္းတင္းမာမာ အုပ္ခ်ဳပ္ခဲ႔ခ်ိန္က လူေဟာင္းေတြနဲ႔ အမ်ိဳးသား သီးသန္႔ ၾကားျဖတ္ အစိုးရ ေၾကညာထားပါတယ္။

ကမ ၻာ႔ ေရွးေဟာင္း ပစၥည္း ေမွာင္ခိုကူးမႈမွာ အေက်ာ္ၾကားဆံုး တဦး အျဖစ္ အာဏာပိုင္တို႔က ရည္ၫႊန္းေျပာဆိုထားတဲ႔ နယူးေယာက္ အေျခစိုက္ ေရွးေဟာင္း ပစၥည္း အေရာင္းအ၀ယ္ လုပ္သူ တဦးထံကေန သိမ္းဆည္းခဲ႔တဲ႔ ေရွးေဟာင္း ပစၥည္း ၃၃ ခုကို အာဖဂန္နစၥတန္ကို ျပန္ပို႔ထားပါတယ္။ ႏိုင္ငံေတြရဲ႕ ေရွးေဟာင္း ယဥ္ေက်းမႈ ပစၥည္းေတြကို ေမွာင္ခိုကူးမႈက ထိခိုက္နစ္နာမႈ ႀကီးျဖစ္တယ္လို႔ UNESCO ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔ က ေျပာပါတယ္။ ေရွးေဟာင္း ပစၥည္း ေမွာင္ခိုကူးမႈဟာ ကမ ၻာ့ေဒသတိုင္းကို ႐ိုက္ခတ္သက္ေရာက္မႈ ရွိၿပီး ကပ္ေဘးေရာဂါေၾကာင့္ သက္ေရာက္ ထိခိုက္မႈပိုၿပီး ႀကီးထြားေစတယ္လို႔လည္း UNESCO က ေျပာပါတယ္။

Newcastle တကၠသိုလ္က ေရွးေဟာင္းသုေတသန ဆိုင္ရာ ပါေမာကၡ Peter Stone ဟာဆိုရင္ လက္နက္ကိုင္ ပဋိပကၡေတြ အတြင္း ေရွးေဟာင္း ယဥ္ေက်းမႈ ပစၥညး္ေတြကို ကာကြယ္ထိန္းသိမ္းေရး UNESCO ကို အၾကံေပးဖို႔ အတြက္ ၁၉၉၆ ခုႏွစ္က ဖြဲ႔စည္းတဲ႔ Blue Shield - ႏိုင္ငံတကာ အဖြဲ႔အစည္းရဲ႕ အႀကီးအကဲေဟာင္းလည္း ျဖစ္ပါတယ္။ ေမွာင္ခို ကူးသန္းမႈ အမ်ားစုဟာ ဂိုဏ္းဂဏဖြဲ႔ၿပီး က်ဴးလြန္တဲ႔ ရာဇ၀တ္မႈ ပံုစံမ်ိဳးနဲ႔ ဆက္ႏြယ္ေနၿပီး ေမွာင္ခိုကူးသူေတြကို စစ္တပ္က ၀င္ေရာက္ စီးနင္းမႈဟာဆိုရင္လည္း နီးစပ္တဲ႔ ဆက္ဆံေရးကို ျပသေနတာ ျဖစ္တယ္လို႔လည္း ပါေမာကၡ Stone က ေျပာပါတယ္။

" အခန္းရဲ႕ တဖက္မွာ လက္နက္ ေမွာင္ခိုမႈ၊ ေနာက္ တဖက္မွာက ေငြေၾကးဆိုင္ရာ မႈခင္း၊ တတိယ တဖက္မွာက မူးယစ္ေဆးဝါး၊ စတုတၳ အျခမ္းမွာက ေရွးေဟာင္း ပစၥည္း။ ျပသနာက အတူတူပါဘဲ။ ေရွးေဟာင္း ပစၥည္းေတြကေတာ့ ရာဇ၀တ္မႈေတြရဲ႕ လ်ိဳ႕၀ွက္ခ်က္ ျဖစ္ပါတယ္။ "

ကမ ၻာတ၀န္းက ရဲတပ္ဖြဲ႔ေတြမွာလည္း ေရွးေဟာင္း ပစၥည္း ေမွာင္ခို ကူးသန္းမႈကို တိုက္ဖ်က္ေရး အတြက္ ရန္ပံုေငြက အကန္႔အသတ္နဲ႔သာ ရွိေနၿပီး ဒီကိစၥကို ဦးစားေပး လုပ္ဖို႔ လိုအပ္တယ္လို႔လည္း ပါေမာကၡ Stone က ေျပာပါတယ္။

" မူးယစ္ေဆးဝါးနဲ႔ လက္နက္ ကုန္ကူးမႈေတြကို တိုက္ဖ်က္ေရး အတြက္ ႀကိဳးပမ္းေနၾကတဲ႔ အဖြဲ႔အစည္းေတြ၊ ရဲတပ္ဖြဲ႔ေတြ အမ်ားအျပား ရွိပါတယ္။ "

က်န္းမာေရးဆိုင္ရာ ကပ္ေဘးေရာဂါ ကာလ အတြင္းမွာ ေစာင့္ၾကည့္မႈ၊ ကာကြယ္မႈနဲ႔ အရင္းအျမစ္ေတြလည္း ေလ်ာ့နည္းသြားတာေၾကာင့္ ျပသနာကို ေျဖရွင္းေရးပိုၿပီး ခက္ခဲသြားရတယ္လို႔လည္း UNESCO အဖြဲ႔ႀကီးက ေျပာပါတယ္။ ပိိတ္ထားတဲ႔ ျပတိုက္ေတြနဲ႔ ေရွးေဟာင္း သုေတသနဆိုင္ရာ နယ္ေျမေတြမွာလည္း အႀကီးအက်ယ္ ခိုးယူခံေနရၿပီး အေရာင္းအ၀ယ္ေတြလည္း တိုးလာေနတယ္လို႔ UNESCO အဖြဲ႔ႀကီးက ေျပာေပမယ့္လည္း စာရင္းအတိအက်ကိုေတာ့ မေဖာ္ျပပါဘူး။

" အႀကီးဆံုး ေမွာင္ခို ေစ်းကြက္က အစဥ္အဆက္ လန္ဒန္နဲ႔ အေမရိကန္ ျပည္ေထာင္စု အတြင္းမွာပါ။ အခုေတာ့ ပိုၿပီး က်ယ္ျပန္႔လာၿပီး အေရွ႕ပိုင္းထိ ေရာက္လာပါၿပီ။ တ႐ုတ္ႏိုင္ငံတြင္းနဲ႔ တျခား ေဒသေတြ၊ ေနာက္ ေတာင္အေမရိက၊ ေနာက္ ပင္လယ္ေကြ႕ ေဒသ တခ်ိဳ႕ထိ က်ယ္ျပန္႔လာပါတယ္။ "

အီရတ္နဲ႔ အာဖဂန္နစၥတန္ ႏိုင္ငံတြင္း ႏွစ္နဲ႔ခ်ီ ပဋိပကၡေတြေၾကာင့္ ေမွာင္ခို ကူးသန္မႈကို ပိုအားေကာင္းေစၿပီး စစ္ေသြးႂကြေတြ အတြက္ လက္နက္ ရရွိေရးနဲ႔ ေငြေၾကး ခဝါခ်ဖို႔ လမ္းေၾကာင္း ျဖစ္လာေစပါတယ္။ ေမွာင္ခိုကူးခံရတဲ႔ ေရွးေဟာင္း ပစၥည္းေတြရဲ႕ တန္ဖိုးကို တြက္ဆလို႔ မရႏိုင္ဘူးလို႔လည္း ပါေမာကၡ Stone က ေျပာပါတယ္။

" ရာဇ၀တ္မႈ ဒါမွမဟုတ္လည္း အၾကမ္းဖက္ ဝါဒစြဲ လႈပ္ရွားမႈေတြ အတြက္ ေငြရေရး ေရာင္းခ်ဖို႔ အတြက္ ပစၥည္းေတြ ခိုးယူ၊ လုယက္တဲ႔ အဖြဲ႔အစည္းေတြက ၿပီးခဲ႔တဲ႔ ႏွစ္ အနည္းငယ္ အတြင္း ပိုမ်ားလာပါတယ္။ တန္ဖိုး ခန္႔မွန္း တြက္ဆမႈေတြလည္း အမ်ိဳးမ်ိဳး ရွိပါတယ္။ အမွန္ေတာ့ ဘယ္သူမွ မသိပါဘူး။ ISIS ေတြနဲ႔ တာလီဘန္ေတြကို အခြန္ တြက္ခ်က္ခိုင္းဖို႔ လိုအပ္မွာ ျဖစ္ၿပီး ဒါကလည္း ျဖစ္လာႏိုင္စရာ မျမင္ပါဘူး။ ႏွစ္စဥ္ ေမွာင္ခို ေရွးေဟာင္း ပစၥည္းနဲ႔ ေမွာင္ခို ကုန္ကူးမႈက ေဒၚလာ သန္းခ်ီ ရွိႏိုင္သလို ေဒၚလာ သန္း ဆယ္ ဂဏန္းကေန ရာဂဏန္းေလာက္ထိ ရွိႏိုင္တယ္လို႔လညး္ ခန္႔မွန္းၾကပါတယ္။ "

အာဖဂန္နစၥတန္ ႏိုင္ငံဟာ ပိုၿပီး အထီးက်န္ ျဖစ္လာတာေၾကာင့္ အာဖဂန္ ျပည္သူေတြ အတြက္တင္ မဟုတ္ဘဲ ေရွးေဟာင္း အေမြအႏွစ္ေတြ အတြက္ပါ ပိုၿပီး စိုးရိမ္လာေနၾကပါတယ္။ ေမွာင္ခို ကူးသန္းမႈေတြ ပိုၿပီး တိုးလာတဲ႔ ကိစၥ အတြက္လည္း UNESCO နဲ႔ Blue Shield လို အဖြဲ႔အစည္းေတြက ျပင္ဆင္ထားၾကပါတယ္။

" ျပတိုက္ေတြမွာ ဒီပစၥည္းေတြ ရွိထားတာကို က်ေနာ္တို႔ သိပါတယ္။ ဒီပစၥည္းေတြ စာရင္းလည္း က်ေနာ္တို႔မွာ ရွိပါတယ္။ တာလီဘန္တို႔ဘက္က သူတို႔ လုပ္မယ္လို႔ ေျပာထားတာနဲ႔ ဆန္႔က်င္ဘက္ ျဖစ္တဲ႔ အရင္က ပံုစံမ်ိဳးသာ ျပန္သြားမယ္ဆိုရင္ေတာ့ ဒီပစၥည္း တခ်ိဳ႕ အတြက္ အႏၲရာယ္ ရွိပါတယ္။ ေနာက္ ေရွးေဟာင္းသုေတသန ဆိုဒ္ေတြနဲ႔ အေဆာက္အအံုေတြ၊ ေက်းလက္ေတြမွာလည္း ဒီပစၥည္းေတြ ရွိၿပီး တာလီဘန္ေတြ ဒါမွမဟုတ္လည္း သူတို႔ မိတ္ဖက္ေတြက သူတို႔ စံနဲ႔ သူတို႔ ဒါဟာ အစၥလာမ္နဲ႔ ဆန္႔က်င္တယ္လို႔ ယူဆၿပီး ပစ္မွတ္ထားလာႏိုင္ပါတယ္။ ဒါေၾကာင့္ ေရွးေဟာင္းသုေတသနဆိုဒ္ေတြကို စိုးရိမ္ပါတယ္။"

စစ္ပြဲေတြနဲ႔ လူမႈ မတည္ၿငိမ္မႈေတြ အတြင္း လူမႈအဖြဲ႔အစည္း ၿပိဳကြဲမႈကေန အျမတ္ထြက္တဲ႔သူေတြထဲမွာ ေမွာင္ခိုကူးသူေတြနဲ႔ ရာဇ၀တ္ဂိုဏ္ေတြလည္းပါ၀င္ ပါတယ္။ မဟာမိတ္တပ္ဖြဲ႔ေတြက အီရတ္ စစ္တပ္ကို ဖ်က္သိမ္းၿပီး အာဏာရ အစိုးရကို ျဖဳတ္ခ်ၿပီးေနာက္ ၂၀၀၃ ခုႏွစ္ အတြင္း အီရတ္ႏိုင္ငံမွာ ဒီလို အေျခအေနမ်ိဳးကို ေတြ႕ခဲ႔ရေၾကာင္းလည္း ပါေမာကၡ Stone က ေျပာပါတယ္။

ေမွာင္ခို ေရာင္း၀ယ္မႈကို ကိုင္တြယ္ေရး ရဲတပ္ဖြဲ႔ အတြက္ ပိုၿပီး ခက္ခဲလာပါတယ္။ အမ်ားသံုးေနၾကတဲ႔ ၀ဘ္ဆိုက္ေတြကေန ေရာင္းခ်မႈေၾကာင့္ ေရွးေဟာင္းပစၥည္း ေစ်းကြက္က ပိုၿပီး က်ယ္ျပန္႔လာပါတယ္။ ေမွာင္ခိုေစ်းကြက္ ကေန ၀ယ္လိုအား ရပ္သြားဖို႔က အေရးႀကီးတယ္လို႔ ပါေမာကၡ Stone က ေျပာပါတယ္။ ဒီလို ျဖစ္လာေရး ကလည္း ၀ယ္ယူ စုေဆာင္းသူေတြ အေနနဲ႔ ကိုယ္အလိုရွိေနတဲ႔ ပစၥည္းေတြရဲ႕ ေနာက္ကြယ္က က်င့္၀တ္ပိုင္းဆိုင္ရာ ကိစၥေတြကို နားလည္ဖို႔နဲ႔ သူတို႔ကို ေရာင္းဖို႔ ကမ္းလွမ္းလာတဲ႔ ပစၥည္းေတြရဲ႕ ဇစ္ျမစ္ကို သိရွိေအာင္ လုပ္ႏိုင္ေရး အေပၚမွာ မူတည္ေနတယ္လို႔လည္း ပါေမာကၡ Stone က ေထာက္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရှေးဟောင်းပစ္စည်း မှောင်ခိုကူးမှု တိုက်ဖျက်ရေးUNESCO ရည်မှန်း

ရှေးဟောင်း ပစ္စည်း မှောင်ခို ရောင်းဝယ်မှုကို တိုက်ဖျက်နိုင်ရေး နည်းလမ်းတွေ ရှာဖွေဖို့ ကမ ္ဘာတဝန်းက ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ညီလာခံ တခုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က ကျင်းပပါတယ်။ စစ်ဒဏ်သင့် နိုင်ငံတွေက ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေကို မသမာသူတွေက မှောင်ခိုကူးကြတာပါ။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံက တန်ဖိုးကြီးလှတဲ့ ရှေးဟောင်း ဘာသာရေးဆိုင်ရာ အမွေအနှစ် ပစ္စည်းတွေကို ပြန်လည် ရှာဖေတွေ့ရှိပြီးနောက် ပြီးခဲ့တဲ့ ဧပြီလတုန်းက နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရှေးဟောင်း ပစ္စည်းတွေရဲ့ ရေရှည် လုံခြုံရေးကတော့ မရေရာ မသေချာပါဘူး။ အာဖဂန်နစ္စတန် အစိုးရကို ဖြုတ်ချပြီး တာလီဘန်တို့က ၁၉၉၀ ပြည့်လွန်နှစ်တွေက တင်းတင်းမာမာ အုပ်ချုပ်ခဲ့ချိန်က လူဟောင်းတွေနဲ့ အမျိုးသား သီးသန့် ကြားဖြတ် အစိုးရ ကြေညာထားပါတယ်။

ကမ ္ဘာ့ ရှေးဟောင်း ပစ္စည်း မှောင်ခိုကူးမှုမှာ အကျော်ကြားဆုံး တဦး အဖြစ် အာဏာပိုင်တို့က ရည်ညွှန်းပြောဆိုထားတဲ့ နယူးယောက် အခြေစိုက် ရှေးဟောင်း ပစ္စည်း အရောင်းအဝယ် လုပ်သူ တဦးထံကနေ သိမ်းဆည်းခဲ့တဲ့ ရှေးဟောင်း ပစ္စည်း ၃၃ ခုကို အာဖဂန်နစ္စတန်ကို ပြန်ပို့ထားပါတယ်။ နိုင်ငံတွေရဲ့ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းတွေကို မှောင်ခိုကူးမှုက ထိခိုက်နစ်နာမှု ကြီးဖြစ်တယ်လို့ UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ က ပြောပါတယ်။ ရှေးဟောင်း ပစ္စည်း မှောင်ခိုကူးမှုဟာ ကမ ္ဘာ့ဒေသတိုင်းကို ရိုက်ခတ်သက်ရောက်မှု ရှိပြီး ကပ်ဘေးရောဂါကြောင့် သက်ရောက် ထိခိုက်မှုပိုပြီး ကြီးထွားစေတယ်လို့လည်း UNESCO က ပြောပါတယ်။

Newcastle တက္ကသိုလ်က ရှေးဟောင်းသုတေသန ဆိုင်ရာ ပါမောက္ခ Peter Stone ဟာဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေ အတွင်း ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းတွေကို ကာကွယ်ထိန်းသိမ်းရေး UNESCO ကို အကြံပေးဖို့ အတွက် ၁၉၉၆ ခုနှစ်က ဖွဲ့စည်းတဲ့ Blue Shield - နိုင်ငံတကာ အဖွဲ့အစည်းရဲ့ အကြီးအကဲဟောင်းလည်း ဖြစ်ပါတယ်။ မှောင်ခို ကူးသန်းမှု အများစုဟာ ဂိုဏ်းဂဏဖွဲ့ပြီး ကျူးလွန်တဲ့ ရာဇဝတ်မှု ပုံစံမျိုးနဲ့ ဆက်နွယ်နေပြီး မှောင်ခိုကူးသူတွေကို စစ်တပ်က ဝင်ရောက် စီးနင်းမှုဟာဆိုရင်လည်း နီးစပ်တဲ့ ဆက်ဆံရေးကို ပြသနေတာ ဖြစ်တယ်လို့လည်း ပါမောက္ခ Stone က ပြောပါတယ်။

" အခန်းရဲ့ တဖက်မှာ လက်နက် မှောင်ခိုမှု၊ နောက် တဖက်မှာက ငွေကြေးဆိုင်ရာ မှုခင်း၊ တတိယ တဖက်မှာက မူးယစ်ဆေးဝါး၊ စတုတ္ထ အခြမ်းမှာက ရှေးဟောင်း ပစ္စည်း။ ပြသနာက အတူတူပါဘဲ။ ရှေးဟောင်း ပစ္စည်းတွေကတော့ ရာဇဝတ်မှုတွေရဲ့ လျို့ဝှက်ချက် ဖြစ်ပါတယ်။ "

ကမ ္ဘာတဝန်းက ရဲတပ်ဖွဲ့တွေမှာလည်း ရှေးဟောင်း ပစ္စည်း မှောင်ခို ကူးသန်းမှုကို တိုက်ဖျက်ရေး အတွက် ရန်ပုံငွေက အကန့်အသတ်နဲ့သာ ရှိနေပြီး ဒီကိစ္စကို ဦးစားပေး လုပ်ဖို့ လိုအပ်တယ်လို့လည်း ပါမောက္ခ Stone က ပြောပါတယ်။

" မူးယစ်ဆေးဝါးနဲ့ လက်နက် ကုန်ကူးမှုတွေကို တိုက်ဖျက်ရေး အတွက် ကြိုးပမ်းနေကြတဲ့ အဖွဲ့အစည်းတွေ၊ ရဲတပ်ဖွဲ့တွေ အများအပြား ရှိပါတယ်။ "

ကျန်းမာရေးဆိုင်ရာ ကပ်ဘေးရောဂါ ကာလ အတွင်းမှာ စောင့်ကြည့်မှု၊ ကာကွယ်မှုနဲ့ အရင်းအမြစ်တွေလည်း လျော့နည်းသွားတာကြောင့် ပြသနာကို ဖြေရှင်းရေးပိုပြီး ခက်ခဲသွားရတယ်လို့လည်း UNESCO အဖွဲ့ကြီးက ပြောပါတယ်။ ပိတ်ထားတဲ့ ပြတိုက်တွေနဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ နယ်မြေတွေမှာလည်း အကြီးအကျယ် ခိုးယူခံနေရပြီး အရောင်းအဝယ်တွေလည်း တိုးလာနေတယ်လို့ UNESCO အဖွဲ့ကြီးက ပြောပေမယ့်လည်း စာရင်းအတိအကျကိုတော့ မဖော်ပြပါဘူး။

" အကြီးဆုံး မှောင်ခို ဈေးကွက်က အစဉ်အဆက် လန်ဒန်နဲ့ အမေရိကန် ပြည်ထောင်စု အတွင်းမှာပါ။ အခုတော့ ပိုပြီး ကျယ်ပြန့်လာပြီး အရှေ့ပိုင်းထိ ရောက်လာပါပြီ။ တရုတ်နိုင်ငံတွင်းနဲ့ တခြား ဒေသတွေ၊ နောက် တောင်အမေရိက၊ နောက် ပင်လယ်ကွေ့ ဒေသ တချို့ထိ ကျယ်ပြန့်လာပါတယ်။ "

အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွင်း နှစ်နဲ့ချီ ပဋိပက္ခတွေကြောင့် မှောင်ခို ကူးသန်မှုကို ပိုအားကောင်းစေပြီး စစ်သွေးကြွတွေ အတွက် လက်နက် ရရှိရေးနဲ့ ငွေကြေး ခဝါချဖို့ လမ်းကြောင်း ဖြစ်လာစေပါတယ်။ မှောင်ခိုကူးခံရတဲ့ ရှေးဟောင်း ပစ္စည်းတွေရဲ့ တန်ဖိုးကို တွက်ဆလို့ မရနိုင်ဘူးလို့လည်း ပါမောက္ခ Stone က ပြောပါတယ်။

" ရာဇဝတ်မှု ဒါမှမဟုတ်လည်း အကြမ်းဖက် ဝါဒစွဲ လှုပ်ရှားမှုတွေ အတွက် ငွေရရေး ရောင်းချဖို့ အတွက် ပစ္စည်းတွေ ခိုးယူ၊ လုယက်တဲ့ အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း ပိုများလာပါတယ်။ တန်ဖိုး ခန့်မှန်း တွက်ဆမှုတွေလည်း အမျိုးမျိုး ရှိပါတယ်။ အမှန်တော့ ဘယ်သူမှ မသိပါဘူး။ ISIS တွေနဲ့ တာလီဘန်တွေကို အခွန် တွက်ချက်ခိုင်းဖို့ လိုအပ်မှာ ဖြစ်ပြီး ဒါကလည်း ဖြစ်လာနိုင်စရာ မမြင်ပါဘူး။ နှစ်စဉ် မှောင်ခို ရှေးဟောင်း ပစ္စည်းနဲ့ မှောင်ခို ကုန်ကူးမှုက ဒေါ်လာ သန်းချီ ရှိနိုင်သလို ဒေါ်လာ သန်း ဆယ် ဂဏန်းကနေ ရာဂဏန်းလောက်ထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ "

အာဖဂန်နစ္စတန် နိုင်ငံဟာ ပိုပြီး အထီးကျန် ဖြစ်လာတာကြောင့် အာဖဂန် ပြည်သူတွေ အတွက်တင် မဟုတ်ဘဲ ရှေးဟောင်း အမွေအနှစ်တွေ အတွက်ပါ ပိုပြီး စိုးရိမ်လာနေကြပါတယ်။ မှောင်ခို ကူးသန်းမှုတွေ ပိုပြီး တိုးလာတဲ့ ကိစ္စ အတွက်လည်း UNESCO နဲ့ Blue Shield လို အဖွဲ့အစည်းတွေက ပြင်ဆင်ထားကြပါတယ်။

" ပြတိုက်တွေမှာ ဒီပစ္စည်းတွေ ရှိထားတာကို ကျနော်တို့ သိပါတယ်။ ဒီပစ္စည်းတွေ စာရင်းလည်း ကျနော်တို့မှာ ရှိပါတယ်။ တာလီဘန်တို့ဘက်က သူတို့ လုပ်မယ်လို့ ပြောထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အရင်က ပုံစံမျိုးသာ ပြန်သွားမယ်ဆိုရင်တော့ ဒီပစ္စည်း တချို့ အတွက် အန္တရာယ် ရှိပါတယ်။ နောက် ရှေးဟောင်းသုတေသန ဆိုဒ်တွေနဲ့ အဆောက်အအုံတွေ၊ ကျေးလက်တွေမှာလည်း ဒီပစ္စည်းတွေ ရှိပြီး တာလီဘန်တွေ ဒါမှမဟုတ်လည်း သူတို့ မိတ်ဖက်တွေက သူတို့ စံနဲ့ သူတို့ ဒါဟာ အစ္စလာမ်နဲ့ ဆန့်ကျင်တယ်လို့ ယူဆပြီး ပစ်မှတ်ထားလာနိုင်ပါတယ်။ ဒါကြောင့် ရှေးဟောင်းသုတေသနဆိုဒ်တွေကို စိုးရိမ်ပါတယ်။"

စစ်ပွဲတွေနဲ့ လူမှု မတည်ငြိမ်မှုတွေ အတွင်း လူမှုအဖွဲ့အစည်း ပြိုကွဲမှုကနေ အမြတ်ထွက်တဲ့သူတွေထဲမှာ မှောင်ခိုကူးသူတွေနဲ့ ရာဇဝတ်ဂိုဏ်တွေလည်းပါဝင် ပါတယ်။ မဟာမိတ်တပ်ဖွဲ့တွေက အီရတ် စစ်တပ်ကို ဖျက်သိမ်းပြီး အာဏာရ အစိုးရကို ဖြုတ်ချပြီးနောက် ၂၀၀၃ ခုနှစ် အတွင်း အီရတ်နိုင်ငံမှာ ဒီလို အခြေအနေမျိုးကို တွေ့ခဲ့ရကြောင်းလည်း ပါမောက္ခ Stone က ပြောပါတယ်။

မှောင်ခို ရောင်းဝယ်မှုကို ကိုင်တွယ်ရေး ရဲတပ်ဖွဲ့ အတွက် ပိုပြီး ခက်ခဲလာပါတယ်။ အများသုံးနေကြတဲ့ ဝဘ်ဆိုက်တွေကနေ ရောင်းချမှုကြောင့် ရှေးဟောင်းပစ္စည်း ဈေးကွက်က ပိုပြီး ကျယ်ပြန့်လာပါတယ်။ မှောင်ခိုဈေးကွက် ကနေ ဝယ်လိုအား ရပ်သွားဖို့က အရေးကြီးတယ်လို့ ပါမောက္ခ Stone က ပြောပါတယ်။ ဒီလို ဖြစ်လာရေး ကလည်း ဝယ်ယူ စုဆောင်းသူတွေ အနေနဲ့ ကိုယ်အလိုရှိနေတဲ့ ပစ္စည်းတွေရဲ့ နောက်ကွယ်က ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို နားလည်ဖို့နဲ့ သူတို့ကို ရောင်းဖို့ ကမ်းလှမ်းလာတဲ့ ပစ္စည်းတွေရဲ့ ဇစ်မြစ်ကို သိရှိအောင် လုပ်နိုင်ရေး အပေါ်မှာ မူတည်နေတယ်လို့လည်း ပါမောက္ခ Stone က ထောက်ပြပါတယ်။

XS
SM
MD
LG