သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် ၂၁ နေရာ ထပ်တိုး


Brazilနိုင်ငံက ကုလသမဂ္ဂ UNESCOရဲ့ ရှေးဟောင်းအမွေအနှစ်နေရာ စာရင်းဝင် ၂၁နေရာကို အသစ်တခု
Brazilနိုင်ငံက ကုလသမဂ္ဂ UNESCOရဲ့ ရှေးဟောင်းအမွေအနှစ်နေရာ စာရင်းဝင် ၂၁နေရာကို အသစ်တခု

၄၁ကြိမ်မြောက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ ကော်မီတီရဲ့ညီလာခံကို ပိုလန်နိုင်ငံ Kraków မြို့မှာ ကျင်းပခဲ့ပြီး ကုလသမဂ္ဂ UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ်နေရာ စာရင်းဝင် ၂၁နေရာကို အသစ်သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ UNESCO ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး စာရင်းဝင်နေရာပေါင်း ၁၀၇၃ နေရာရှိသွားပြီဖြစ်ပါတယ်။

အသစ်သတ်မှတ်လိုက်တဲ့ ၂၁နေရာထဲမှာ ကမ္ဘောဒီယား၊ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက သမိုင်းဝင်နေရာတွေလည်း ပါဝင်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ရှေးဟောင်း အစ်ရှနာပူရဒေသမှာ စံဘော်ပရီကွခ်စေတီနေရာ၊ တရုတ်နိုင်ငံ Qinghai ပြည်နယ်က Hoh Xil ဒေသ၊ ဒီဒေသဟာအစဉ်အလာအရ တိဘက်ယဉ်ကျေးမှု ဆင်းသက်ရာဒေသဖြစ်ပါတယ်။ အိန္ဒိယ မှာတော့ ၁၅ရာစုက ဆူလ်တန် အာမက်ရှားဘုရင်လက်ထက်က မြို့ရိုးကာထားတဲ့ အာမာဒဘတ်မြို့နဲ့ ဂျပန်နိုင်ငံ တောင်ပိုင်းက အိုကီနိုရှိမားကျွန်း ဒီကျွန်းဟာ ၄ရာစုကတည်းက ရှင်တိုဘာသာကြီးစိုးတဲ့ ဓလေ့ရှိသူတွေက ကမ္ဘာအနှံ့ ရေကြောင်းသွားလာခဲ့စဉ်က သယ်ဆောင်လာခဲ့ကြတဲ့ ရှေးဟောင်းပစ္စည်း တွေကို ဒီကျွန်းမှာလှူဒန်းခဲ့တာကြောင့် ရှေးဟောင်းပစ္စည်းတွေ အများအပြား ရှိနေတာပါ။ ဒီကျွန်းဟာ ဘာသာရေးအရအထွဋ်အမြတ်ထားတဲ့နေရာဖြစ်တာ ကြောင့် အမျိုးသမီးတွေ လာခွင့်မရှိတဲ့နေရာလည်းဖြစ်ပါတယ်။

ရှေးဟောင်းအမွေအနှစ်နေရာသစ် ၂၁ခုမှာ အီရန်နိုင် ငံသဲကန္တာရမြို့တခု၊ အင်္ဂလန်အနောက်မြောက်ပိုင်းမှာရှိတဲ့ Lake District တောင်တွေကြားက ရေကန်ဒေသ၊ ဂျာမနီနိုင်ငံ က ရေခဲခေတ်ဂူတွေနဲ့ အာဖရိကန်ကျေးကျွန်တွေ တင်ဆောင်လာတဲ့ သင်္ဘောတွေဆိုက်ကပ်ဖို့ ဆောက်လုပ်ထားတဲ့ ဘရာဇီးနိုင်ငံက ဆိပ်ခံတံတားတခု စသည်ဖြင့်ပါဝင်ပါတယ်။ မြန်မာနိုင်ငံကတော့ BC၂၀၀နဲ့ AD ၉၀၀အကြားနှစ်ပေါင်း ၁ထောင်ကျော်သက်တန်းရှိခဲ့တဲ့ ပျူခေတ်က ဟန်လင်း၊ ဗိဿနိုးနဲ့သရေခေတ္တရာ ဒေသတွေကို UNESCOရဲ့ ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် ၂၀၁၄ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။

UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် ၂၁ နေရာ ထပ်တိုး
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG