သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်သင့် ပုဂံဘုရားပြု ပြင်ရေး UNESCO ကူညီမည်

Myanmar Earthquake
1/6 Myanmar Earthquake
အသေးစိတ် ဖတ်ရှုရန် Show less
Quake
2/6 Quake
အသေးစိတ် ဖတ်ရှုရန် Show less
Quake
3/6 Quake
အသေးစိတ် ဖတ်ရှုရန် Show less
Quake
4/6 Quake
အသေးစိတ် ဖတ်ရှုရန် Show less
Quake
5/6 Quake
အသေးစိတ် ဖတ်ရှုရန် Show less
Myanmar Earthquake
6/6 Myanmar Earthquake
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ငလျင်ဒဏ်သင့် ပုဂံဘုရားပုထိုးတွေ ပြန်လည်ပြုပြင်ဖို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က နည်းပညာနဲ့ ငွေကြေးအကူအညီပေးမယ်လို့ ပြော ပါတယ်။ ရှေးဟောင်း စေတီပုထိုးတွေကို ပြန်ပြီး ပြုပြင်တဲ့အခါ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအမြင်နဲ့ ဘာသာရေး အမြင်ကြား ချိန်ထိုးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဗိသုကာပညာရှင်တွေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက တင်ပြထားပါတယ်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO အေ နနဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေကို ပြန်လည်ပြုပြင်ဖို့ ကူညီသွားမယ်လို့ ယူနက်စကို ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး က အခုလိုပြောဆိုလိုက်ပါတယ်။

“ပထမဆုံးတော့ ကျမတို့က ရှေးဟောင်းသုသေတနနဲ့ ပူးပေါင်းပြီးတော့ ရှေးဟောင်း သုသေတန ပါမယ်။ နောက်Technological university က ဆရာဆရာမတွေ ကလေးတွေ ပါမယ်။ AMA လို့ခေါ်တဲ့ Association of Myanmar Architect ပေါ့ အဲဒီက architect တွေနဲ့ပေါင်းပြီးတော့ ဆက်လက်ပြီးတော့ ဘာတွေ ဆောင်ရွက် ရမလဲဆိုတာ ပထမအဆင့်အနေနဲ့ ကျမတို့ survey လုပ်ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်လောက်ပျက်စီးသွားလဲ ၊ ဘာတွေဖြစ်သလဲဆိုတာတွေရဲ့ အခြေအနေပေါ့လေ။ inventory documentary ကောက်တဲ့သဘောပါ။ အဲဒါတွေ ကို အရင်ဆုံးလုပ်ရပါမယ်။ အဲဒါပြီးတော့မှ ကျမတို့က Damage assessment ပေါ့၊ ဘယ်လောက်ထိDamage ဖြစ်သွားသလဲ ဆိုတာတွေကိုလုပ်ပြီးတော့ assessment သေချာပြန်ကောက်ရပါမယ် တခုချင်းစီတခုချင်းစီကိုပေါ့။”

ယူနက်စကိုအဖွဲ့အနေနဲ့ မြေပြင်အခြေအနေကိုလေ့လာဖို့ ဒီနေ့ပဲ ပုဂံမြို့ကို သွားရောက်နေတာပါ။

လက်ရှိငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ နေရာတွေမှာ ရှေးဟောင်း လက်ရာတွေကို မပျောက်ပျက်အောင်၊ နောက်ဆက်တွဲ ငလျင်အန္တရာယ်ကို ရှောင် ရှားနိုင်အောင်လို့ အပြင်လူတွေကို ဝင်ခွင့်မပေးဖို့ သက်ဆိုင်ရာကို ခွင့်တောင်း ထားတယ်လို့ ဒေါ်ဥမ္မာမျိုးကဆက်ပြောပါတယ်။

“ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာ စိုးရိမ်တာတခု ၊ နောက်ပြီးတော့ ဒီ ဘုရားပုထိုးတွေက ငလျင်ဒဏ်ကို ခံလိုက်ရတဲ့အခါမှာ သူတို့ရဲ့ ခံနိုင်ရည်အင်အားက ဘယ်လောက်အထိရှိသေးလဲဆိုတာကို ပြိုကျလုဆဲဆဲလား၊ မပြိုဘဲနဲ့ တည်း တည်းလေး ဖြစ်နေတာလား၊ ဒါမှမဟုတ် ဘာမှမဖြစ်ဘူး ကောင်းသလား ဆိုတာတွေကို တိုင်းဖို့ရှိတယ်လေ။ ပြီးရင် after shock တွေလာတက်ပါတယ်။ ငလျင် အကြီးပြီးသွားလို့ရှိရင် ငလျင်အသေးလေးတွေ ထပ်လှုပ်လိုက်ရင် ပြိုကျသွား မလား။ ဒါကြောင့် လူတွေက အထဲဝင်နေလို့ရှိရင် လူ့အသတ်အန္တရာယ်လည်း စိုးရိမ်ရတယ် လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ နဲ့ တခြားဌာနဆိုင်ရာတွေစီကို ဘယ်သူမှ မဝင်ရဆိုတဲ့ နယ်မြေလေးတွေ သတ်မှတ်ပေးပါလို့ ကျမ တို့က request လုပ် ထားပါတယ်။”

စစ်အစိုးရလက်ထက်တုန်းကပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရား ပုထိုး တော်တော် များများကို ပြန်လည်ပြင်ဆင်တဲ့ အခါမှာ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းတဲ့စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပြုပြင်မှုတွေကြောင့် ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ထိခိုက်မှုများခဲ့တဲ့ စူဠာမဏိစေတီတော်မှာဆိုရင်လည်း ထပ် ဆင့် ပြန်ပြီး ပြင်ဆင်ထားတဲ့ အုတ်ချပ်အသစ်တွေ ပြိုကျသွားတာကြောင့် ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်။

အခုငလျင်ဒဏ်ကြောင့် စေတီပုထိုးတွေကို ပြန်ပြင်တဲ့အခါ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အမြင်နဲ့ ဘာသာရေးအမြင်တွေကြားမှာချိန်ထိုးပြီး ပြင်ဆင်ဖို့ ပန်းပုအမွှန်းဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က အခုလို အကြံပြုပါတယ်။

“ရှေးဟောင်း သုသေတနအမြင်ကျတော့ အရှိကိုအရှိအတိုင်းထားတာ တန်ဖိုးရှိ တယ်။ မသိဘဲနဲ့ အပေါ်က ဘာပုံမှန်းမသိတဲ့ ပုံတွေတင်လိုက်ရင် ရှေးဟောင်း တန်ဖိုးပျက်တယ်ဆိုတာ အဲဒီ ၂ ခုကြား မှာ ဝိရောဓိ ဖြစ်နေတာပေါ့။ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်နေတဲ့အတွက် ဘာသာရေးလည်း ဦးစားပေးရမယ် ဆိုတော့ အကောင်းပြန်ပြင်ချင်တယ်ဆိုရင် အုတ်၊ အင်္ဂတေ နဲ့ သံချောင်းနဲ့ ကွန်ကရစ်နဲ့တွေကို သုံးမယ့် အစား ပိုပြီးတော့ ပေါ့ပါးတဲ့ Flexible ဖြစ်တဲ့၊ light ဖြစ်တာတွေ နဲ့ ပြန်ပြီးတော့ ပြုပြင်မယ်ဆိုရင်တော့ နောက်လည်း ငလျင်က မလှုပ်ဘူးလို့ မပြောနိုင်ဘူး။ အကြောင်း အမျိုးမျိုးကြောင့် လှုပ်ခဲ့တယ်ဆိုရင် ပြိုကျဦးတော့ အောက် က တကယ့် ရှေးဟောင်းပစ္စည်းတွေက သက်သာတာပေါ့။ အပေါ်က ငလျင်လှုပ် လို့ ပြန်ကျလာမယ့်ပစ္စည်းဟာ သဘာဝဘေးအန္တရာယ်ကို မတွန်းလှန်နိုင်လို့ ပျက်ပြီဆိုရင် အတုံးလိုက်ပြုတ်ကျမယ့်အစား တစစီပြုတ်ကျတဲ့ ပစ္စည်းမျိုးကို စဉ်းစားပြီးတော့ ကျနော်တို့လောလောဆယ်အဲဒီလိုတွေးမိပါတယ်။”

သမ္မတဦးထင်ကျော်ကတော့ ဒီနေ့ နေ့လည်ပိုင်းမှာပဲ ငလျင်ဒဏ်ခံရတဲ့ စေတီ ပုထိုး ပျက်စီးမှု အခြေအနေတွေကိုစစ်ဆေးဖို့ ပုဂံမြို့ကို ရောက်နေပါတယ်။ နိုင်ငံတော် ရဲ့အတိုင်ပင်ခံပုဂ္ဂိိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ဒဏ်ခံရတဲ့ ဘုရားပုထိုးတွေ ကို အချိန်ယူပြီး ပြင်ဆင်ဖို့ ပြောဆိုထားပြီးသာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကိုကလည်း ပညာရှင်တွေရဲ့ အကူအညီနဲ့ ရှေးမူမပျက် ပြန်လည်ပြင်ဆင်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

ငလျင်ဒဏ်သင့် ပုဂံဘုရားပြု ပြင်ရေး UNESCO ကူညီမည်
please wait

No media source currently available

0:00 0:04:23 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG