သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် အမေရိကန်က နောက်ထပ် ဒေါ်လာ ၃၇၅ သန်းဘိုး စစ်ရေးအကူအညီပေးမည်

Ukrainian President Volodymyr Zelenskyy, center, meets with G-7 leaders before a working session on Ukraine during the G-7 Summit in Hiroshima, Japan, May 21, 2023.
Ukrainian President Volodymyr Zelenskyy, center, meets with G-7 leaders before a working session on Ukraine during the G-7 Summit in Hiroshima, Japan, May 21, 2023.

အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံကို နောက်ထပ် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

“ကျနော် ဒီနေ့ အမေရိကန်ကနေ ယူကရိန်းကိုပေးမယ့် စစ်ရေးအကူအညီသစ်တွေကို ကြေညာပါမယ်။ အဲဒီအကူအညီထဲမှာ ယူကရိန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ပိုအားကောင်းစေမယ့်၊ နောက်ထပ် လက်နက်ခဲယမ်းတွေ၊ အမြောက်တွေ၊ သံချပ်ကာကားတွေပါဝင်ပြီး၊ ယူကရိန်းအနေနဲ့ ခုခံတုံ့ပြန်ပြီး ပြန်တည်ဆောက်နိုင်အောင် အမေရိကန်အနေနဲ့ ဆက်ပြီးပံ့ပိုးကူညီသွားမှာ ဖြစ်တယ်လို့” သမ္မတ ဘိုင်ဒန်က ပြောလိုက်တာပါ။

ဒါ့အပြင် ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ယူကရိန်းရဲ့ ကာကွယ်ရေး စွမ်းရည်တွေ ပိုပြီးမြင့်တက်လာအောင် အမေရိကန်အနေနဲ့ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့လည်း သူက ယူကရိန်းသမ္မတ ဇလင်စကီးကို ပြောလိုက်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ဟာ ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့မှာ ကျင်းပနေတဲ့ G-7 စက်မှုအင်အားကြီးနိုင်ငံတွေရဲ့ ညီလာခံမှာ ယူကရိန်းသမ္မတ ဇလင်စကီးနဲ့ ဒီနေ့ သီးခြားတွေ့ဆုံပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိန်၊ ကနေဒါ၊ ဂျပန်အပါအဝင် G-7 ညီလာခံကို တက်ရောက်နေကြတဲ့ ခေါင်းဆောင်တွေကလည်း သူတို့အနေနဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ပြီး ဆက်လက် အားပေးထောက်ခံမယ်လို့ ဒီနေ့မှာ ထပ်ပြီးတာ့ ပြောကြားခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG