သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံသားတဦး တရုတ်နိုင်ငံမှာ သူလျှိုမှုနဲ့ ထောင်တသက်ချ


ဟောင်ကောင် လုံခြုံရေးဝန်ကြီး Chris Tang နဲ့ ဟောင်ကောင် ရာဇဝတ်မှုနှိမ်နှင်းရေးကော်မတီအဖွဲ့ဝင် Melody Kwok Sze-wai တို့ကို သူလျှိုလုပ်မှုတရားရုံးအမိန့်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)
ဟောင်ကောင် လုံခြုံရေးဝန်ကြီး Chris Tang နဲ့ ဟောင်ကောင် ရာဇဝတ်မှုနှိမ်နှင်းရေးကော်မတီအဖွဲ့ဝင် Melody Kwok Sze-wai တို့ကို သူလျှိုလုပ်မှုတရားရုံးအမိန့်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (မေ ၁၅၊ ၂၀၂၃)

တရုတ်နိုင်ငံမှာ သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ အသက် ၇၈ နှစ်အရွယ် အမေရိကန် နိုင်ငံသားတစ်ဦးကို တနင်္လာနေ့က ထောင်ဒဏ်တသက် စီရင်ချက် ချမှတ်လိုက်ပါတယ်။

ဟောင်ကောင်မှာ အမြဲတမ်းနေထိုင်ခွင့် ရယူထားတဲ့ ဂျွန်ရှင်-ဝမ် လျောင် (John Shing-Wan Leung) ကို အရှေ့တောင်ပိုင်း ဆူဂျို Suzhou မြို့မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တရုတ် တန်ပြန်ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

လျောင်ရဲ့ စီရင်ချက်ကို အဲဒီ မြို့က တရားရုံး လူမှုကွန်ရက်စာမျက်နှာမှာ အတိုချုံးထုတ်ပြန်ကြေညာခဲ့ပြီး စွဲချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာ မရှိပါဘူး။ တရုတ်နိုင်ငံမှာ အဲဒီလို စုံစမ်းစစ်ဆေးမှုတွေနဲ့ တရားခွင်တွေကို အများပြည်သူ မကြည့်ရှုနိုင်ဘဲ တံခါးပိတ်ကျင်းပလေ့ရှိပြီး အချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်တာ ဒါမှမဟုတ် လုံးဝမထုတ်ပြန်ပဲထားတာတွေ လုပ်လေ့ရှိပါတယ်။

အခု စီရင်ချက်ချတဲ့ အချိန်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ ထိပ်သီး စက်မှု စီးပွား ၇ နိုင်ငံ G-7 အစည်းအဝေး တက်မယ့် ခရီးစဉ် နဲ့ တိုက်ဆိုင်နေပါတယ်။ သမ္မတဘိုင်ဒင်က အဲဒီခရီးစဉ်အပြီး ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ပါပူဝါနယူးဂီနီကို သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။ အဲဒီ ဒေသတွင်းမှာ တရုတ်ဘက်ကလည်း စီးပွားရေး၊ စစ်ရေးနဲ့ သံတမန်ရေးအရ သြဇာလွှမ်းမိုးမှု တိုးမြှင့်ဖို့ ကြိုးပမ်းနေတာပါ။.

အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ ကုန်သွယ်ရေး၊ နည်းပညာ၊ လူ့အခွင့်အရေးနဲ့ တရုတ်ရဲ့ နယ်နိမိတ် ပိုင်နက်တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီး သမိုင်းဝင်အနိမ့်ဆုံးအဆင့်ကို ကျဆင်းနေပါတယ်။

အမေရိကန် နိုင်ငံသားတဦး တရုတ်နိုင်ငံမှာ သူလျှိုမှုနဲ့ ထောင်တသက်ချ
please wait

No media source currently available

0:00 0:00:33 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG