သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေ ရင်ဆိုင်ရတဲ့အန္တရာယ် သမ္မတဘိုင်ဒင် သတိပေး


Wall Street Journal journalist Vivian Salama displays a cape with the name of her colleague WSJ correspondent Evan Gershkovich, who is detained in Russia, at the annual White House Correspondents' Association Dinner in Washington, April 29, 2023.
Wall Street Journal journalist Vivian Salama displays a cape with the name of her colleague WSJ correspondent Evan Gershkovich, who is detained in Russia, at the annual White House Correspondents' Association Dinner in Washington, April 29, 2023.

အိမ်ဖြူတော်သတင်းထောက်များအသင်းရဲ့ နှစ်စဉ်ကျင်းပတဲ့ ညစာစားပွဲအခမ်းနားကို ဝါရှင်တန်ဒီစီမှာ မနေ့ စနေနေ့ညက ကျင်းပခဲ့ပြီး၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားအတွင်း ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်သတင်းထောက်တွေ ပြန်လွတ်မြောက်ဖို့အတွက် သူ့အနေနဲ့ အပြင်းအထန်ကြိုးပမ်းနေတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။

သတင်းသမားအလုပ်က ရာဇဝတ်မှု မဟုတ်ပါဘူး။ Evan နဲ့ Austin တို့ကိုလည်း ပြည်ပမှာ ဖမ်းခံနေရတဲ့ တခြားအမေရိကန်တွေနဲ့အတူ အမြန်ဆုံးပြန်လွှတ်ပေးသင့်ပါတယ်။ အဲဒီလူတွေ ပြန်လည်လွတ်မြောက်ပြီး အိမ်ကိုပြန်ရောက်လာဖို့အတွက် ကျနော်အနေနဲ့ အပြင်းအထန် ကြိုးပမ်းနေတယ်ဆိုတာ ကျနော် ကတိပေးတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ညစာစားပွဲအခမ်းအနားမှာ ပြောသွားတာပါ။

ဒီညစာစားပွဲအခမ်းအနားကို အမေရိကန်သမ္မတ Joe Biden နဲ့အတူ သမ္မတကတော် Jill Biden နဲ့ သတင်းထောက်တွေနဲ့ ဧည့်ပရိသတ် ၂၆၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့်တော့၊ နှစ်စဉ် ဒီအခမ်းအနားမှာ အမေရိကန်အစိုးရအပေါ် ဟာသတွေအပြည့်နဲ့ ထိုးနှက်တိုက်ခိုက်လေ့ရှိပေမယ့်၊ မနေ့ကတော့ သမ္မတဂျိုးဘိုင်ဒန်က ကမ္ဘာတဝန်းက အာဏာရှင်နိုင်ငံတွေမှာ အမေရိကန်သတင်းသမားတွေ ဖမ်းဆီးခံထားရတာကို ဝန်ခံအသိအမှတ်ပြုပြောသွားတဲ့အတွက် အရင်နှစ်တွေကထက် ပိုပြီးတော့ လေးလေးနက်နက်ရှိခဲ့ပါတယ်။

သမ္မတဘိုင်ဒန်ဟာ ရုရှားနိုင်ငံမှာ သူလျှိုလုပ်တယ်ဆိုပြီး ဖမ်းခံထားရတဲ့ Wall Street Journal သတင်းထောက် Evan Gershkovich ရဲ့ မိဘတွေနဲ့လည်း ဒီညစားစားပွဲမှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG