သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှား ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ အမေရိကန်ထုတ်ပြန်


နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမှာစကားပြောကြားနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မေ ၁၅၊ ၂၀၂၃)
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမှာစကားပြောကြားနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မေ ၁၅၊ ၂၀၂၃)

ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်ခံရတဲ့ အခြေအနေတွေ ဆိုးရွားနေဆဲ ဖြစ်ပြီး ဒီအထဲမှာ အထူးသဖြင့် တရုတ်၊ အီရန်၊ ရုရှားနဲ့ မြန်မာနိုင်ငံတွေ ကတော့ အဆိုးရွားဆုံး နိုင်ငံတွေ ဖြစ်တဲ့အကြောင်း အနေရိကန်အစိုးရက ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ မြန်မာ အပါအဝင် ကမ္ဘာတဝန်းက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေအကြောင်း နိုင်ငံခြားရေးဌာနဆိုင်ရာ ဗွီအိုအေ တာဝန်ခံ သတင်းထောက် Nike Ching ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ကမ္ဘာတဝန်း အာဏာရှင်အစိုးရတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံ အခွင့်အရေးတွေကို ဆက်ပြီး ချိုးဖောက်နေခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ကမ္ဘာတဝန်း ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်တဲ့အချိန် မနေ့ တနင်္လာနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုသွားပါတယ်။

“ကမ္ဘာတဝန်း နေရာဒေသ အတော်များများမှာ အစိုးရတွေဟာ လူနည်းစု ဘာသာဝင်တွေကို ပစ်မှတ်ထား ဖိနှိပ်တာတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ရိုက်နှက် ညှင်းပမ်းနှိပ်စက်တာ၊ တရားမဝင် စောင့်ကြည့်ထောက်လှမ်းတာ နဲ့ ပညာပေး စခန်းတွေလို့ အမည်တပ်ပြီး ထိန်းသိမ်းတာတွေ အပါအဝင် နည်းမျိုးစုံနဲ့ ဖိနှိပ်နေကြပါတယ်။”

တရုတ် Xinjiang ဒေသမှာ Uyghurs မွတ်ဆလင်တွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုတရပ်လုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ ဝန်ကြီး ဘလင်ကန်က ထောက်ပြပါတယ်။ အလားတူ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Rashad Hussain ကလည်း ခုလို ပြောပါတယ်။

“တရုတ်အစိုးရဟာ အထူးသဖြင့် ဝီဂါ မွတ်ဆလင်တွေကို ပညာပေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီး၊ အကျဉ်းချ၊ နှိမ်နှင်းတာတွေ လုပ်နေပါတယ်။”

ခုလို ပြစ်တင်ဝေဖန်မှုတွေကို တရုတ်အစိုးရကတော့ ငြင်းပယ်ထားပြီး ထိန်းသိမ်းရေး စခန်းတွေဟာ အသက်မွေးဝမ်းကြောင်း မှုဆိုင်ရာ ပညာပေး သင်တန်းကျောင်းတွေ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် ပါတီကြီးနှစ်ရပ်လုံးက တာဝန်ရှိသူတွေ ပါဝင်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် ကတော့ ဒါတွေဟာ အကျဉ်းစခန်းတွေလို့ ပြောပါတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်ကလည်း အလားတူ ပြောဆိုပါတယ်။

“ပညာရေးစခန်းတွေလို့ သုံးတဲ့အခါ တကယ်ကို လုံး၀ အပြစ်မရှိပုံ ပေါက်တာကြောင့် ဒီလို တမင်သုံးနှုန်းပြီး ကြီးမားလှတဲ့ အကျဉ်းစခန်းကြီးတွေမှာ သူတို့ ကျူးလွန်နေတဲ့ ၂၁ ရာစု ခေတ်သစ် လူမျိုးတုံး သတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာပါ။ ခုချိန်အထိ ဝီဂါ မွတ်ဆလင် ၂ သန်းကနေ ၃ သန်းလောက် ထိန်းသိမ်း နှိမ်းနင်းခံနေရဆဲ ဖြစ်ပါတယ်။ ဒါတွေဟာ အကျဉ်းစခန်းတွေပါ။ ကွန်ဂရက်လွှတ်တော် ကတော့ ဒီလိုပဲ မြင်ပါတယ်။”

မြန်မာနဲ့ ကမ္ဘာတဝှမ်း ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ
please wait

No media source currently available

0:00 0:04:13 0:00

မနေ့က ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ရိုဟင်ဂျာအရေး ကိစ္စအပြင် ပဋိပက္ခနယ်မြေတွင်း စစ်ကောင်စီတပ်တွေက ခရစ်ယာန်ဘုရားကျောင်းတွေကို ဝင်ရောက် စီးနင်းဖျက်ဆီးမှုတွေနဲ့ ကချင်ဘာသာရေး ခေါင်းဆောင် ခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထားတဲ့ ကိစ္စတွေ ထည့်သွင်းထားပါတယ်။ ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့ စိုးရိမ်ရတဲ့နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံကို ဆက်လက် သတ်မှတ် ထည့်သွင်းထားပြီး မြန်မာနိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့်အတွက် ဆော်သြစည်းရုံးကြသူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ ပြောဆိုပါတယ်။

“ဘာသာရေးအရ လူနည်းစုတွေကို စစ်ကောင်စီက ဆက်လက်ဖိနှိပ်နေတဲ့ကြားကပဲ မွတ်ဆလင်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်နဲ့ တခြား ဘာသာဝင် ဆရာ ဆရာမတွေက လူ့အခွင့်အရေး အရေးကြီးပုံကို ဆက်လက် သင်ကြားပေးနေကြပါတယ်။ ဒီအထဲမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ဘာသာတရားတွေကြား လေးစားရေးလည်း ပါဝင်ပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်အတွက် ဒီလို သတ္တိရှိရှိ ဆော်သြစည်းရုံးနေကြသူတွေကို အမေရိကန်ပြည်ထောင်စုက သူတို့နဲ့အတူ ရပ်တည်ထောက်ခံသွားပါမယ်။”

ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ မြန်မာနဲ့အတူ တရုတ်၊ အီရန်၊ ရုရှားနဲ့ အာဖဂန်တာလီဘန် အစိုးရတို့ကို ထည့်သွင်း ဖော်ပြထားတာပါ။

တချိန်တည်းမှာပဲ နိုင်ငံတချို့မှာတော့ ဘာသာရေး လွတ်လပ်ခွင့် တိုးတက်လာတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ အရပ်သားတွေအပေါ် ဘာသာရေးလွတ်လပ်ခွင့် အခြေခံ ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အထူး ရာဇဝတ်ခုံရုံးတင် စစ်ဆေး အရေးယူမှုတွေ လုပ်နေတဲ့ ဗဟိုအာဖရိက ရီပတ်ဘလစ် နိုင်ငံလည်း ပါပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG