သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်နိုင်ငံစာရင်းမှာ မြန်မာ ပါဝင်


ကမ္ဘာတလွှားမှာ အစိုးရပိုင်းကရော အစိုးရမဟုတ်သူတွေကပါ  သူတို့ရဲ့ ယုံကြည်ချက်နဲ့ မကိုက်ညီသူတွေကို အနှောင့်အယှက်ပေးတာအပြင် သတ်ဖြတ်မှုတွေပါရှိနေပါတယ်။ ဒီလို မတရားလုပ်ဆောင်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုက လက်ပိုက်ကြည့်နေမှာ မဟုတ်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။  

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်နိုင်ငံစာရင်းမှာ မြန်မာ ပါဝင်

{{Zawgyi/Unicode}}

ကမ္ဘာတလွှားမှာ အစိုးရပိုင်းကရော အစိုးရမဟုတ်သူတွေကပါ သူတို့ရဲ့ ယုံကြည်ချက်နဲ့ မကိုက်ညီသူတွေကို အနှောင့်အယှက်ပေးတာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးထောင်ချတာ အပြင် သတ်ဖြတ်မှုတွေပါရှိနေပါတယ်။ ဒီလို မတရားလုပ်ဆောင်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုက လက်ပိုက်ကြည့်နေမှာ မဟုတ်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ၁၉၉၈ ခုနှစ် ဥပဒေအရ ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျနဲ့ ပုံမှန် ချိုးဖေါက်နေတယ်လို့ ယုံကြည်ရတဲ့ နိုင်ငံတွေကို အထူးစိုးရိမ်ရတဲ့နိုင်ငံများစာရင်းမှာ ထည့်သွင်းသတ်မှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကို သမ္မတက တာဝန်ပေးအပ်ထားတာပါ။

အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် နိုင်ငံခြားရေးဝန်ကြီး Blinken သတ်မှတ်ခဲ့တဲ့ထဲမှာ အီရန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၂ နိုင်ငံစလုံးကတော့ မနှစ်ကလည်း ပါဝင်ခဲ့ပါတယ်။

အီရန်မှာဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းမှုကနေ အီရန်နိုင်ငံသား ရာနဲ့ချီသေဆုံးခဲ့ရတာပါ။ ကုလသမဂ္ဂထုတ်ပြန်ချက်အရ အီရန်မှာ စက်တင်ဘာ ၁၆ ရက်က မွတ်စလင်ခေါင်းစည်းပုဝါကို စံနစ်တကျ မခြုံမှုနဲ့ အဖမ်းဆီးခံရတဲ့ Kurd အမျိုးသမီးငယ် Mahsa Amini - ရဲလက်ထဲ သေဆုံးခဲ့ရတဲ့နောက် ဖြစ်ပွါးလာတဲ့ဆန္ဒပြမှုတွေကြောင့် အဖမ်းခံရသူက ၁၄ ၀၀၀ ရှိနေပါတယ်။

အီရန်အာဏာရှင်ဟာ Baha’is တွေ ဆူနီမွတ်စလင်တွေ၊ ခရစ်ယန် ဘာသာပြောင်းထားသူတွေ၊ ဘုရားမဲ့ဝါဒီတွေ အပါအဝင် အနည်းစုဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ တရုတ်အာဏာပိုင်တွေဟာ လူသားမျိုးနွယ်တွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ genocide လူမျိုးတုန်းသတ်ဖြတ်မှုတွေ အပြင် ရှင်ကျန်းမှာ အများစုဖြစ်နေတဲ့ ဝှီဂါမွတ်စလင်တွေနဲ့ တခြားတိုင်းရင်းသားတွေ၊ လူနည်းစုဘာသာဝင်တွေအပေါ်ပြစ်မှုကျူးလွန်နေတာ တွေအတွက် အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ဝန်ကြီး Blinken က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်မှုအတွက် အထူးစိုးရိမ်ရတဲ့ နောက်နိုင်ငံတွေကတော့ မြန်မာ၊ ကျူးဘား၊ Eritrea, Nicaragua ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျီကစ်စတန်နဲ့ တပ်ခ်မန်နီစတန်နိုင်ငံတွေ ဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယား၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ Comoros နဲ့ ဗီယက်နမ်နိုင်ငံ တွေကိုတော့ ဘာသာရေးလွတ်လပ်ခွင့် အကြီးအကျယ်ချိုးဖေါက်မှုကို လက်ခံတာ ဒါမှမဟုတ် လုပ်ဆောင်နေတာကြောင့် အထူးစောင့်ကြည့်ရမယ့် နိုင်ငံများ စာရင်းမှာ ဝန်ကြီး Blinken က ထည့်သွင်းခဲ့ပါတယ်။

ဒါ့အပြင် အထူးစိုးရိမ်ရတဲ့ အဖွဲ့အစည်းတွေအဖြစ် al-Shabaab, Boko Haram, Hayat Tahrir al-Sham ၊ ဟူသီတွေနဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ ဆာဟာရဒေသနဲ့ အနောက်အာဖရိကဒေသ အဖွဲ့ခွဲတွေ၊ ဂျမား နူစရတ် - al-Islam wal-Muslimin တွေ၊ တာလီဘန်နဲ့ CAR နိုင်ငံထဲ လှုပ်ရှားနေတဲ့ Wagner အဖွဲ့ အပါအဝင် အဖွဲ့အစည်းအများအပြားကို ထည့်သွင်းသတ်မှတ်ထားတာပါ။

ကမ္ဘာတလွှားက နိုင်ငံတိုင်းမှာ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်မှုရှိ-မရှိ၊ ဘာသာရေးနှိပ်ကွပ်မှု ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုနဲ့ ရင်ဆိုင်နေရမှုရှိ-မရှိ ဆိုတာကို အမေရိကန်က ဆက်လက်ပြီး သေသေချာချာ စောင့်ကြည့်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Blinken က ပြောကြားခဲ့ပါတယ်။

နိုင်ငံအစိုးရတွေ အနေနဲ့ နိုင်ငံတကာစံနှုန်းတွေ၊ ပေးထားတဲ့ ကတိကဝတ်တွေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေ၊ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖြေရှင်းဖို့၊ အခုစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အသတ်မှတ်ခံနေရတဲ့ စာရင်းကနေ ပယ်ဖျက်နိုင်မယ့် ခိုင်မာတဲ့နည်းလမ်းတွေကို ချပြဖို့ရာ အစိုးရအားလုံးနဲ့ တွေ့ဆုံရေးကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။

....................................................


{{Zawgyi/Unicode}}












XS
SM
MD
LG