သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ကူညီဖို့ G-7 သဘောတူ


American F16 fighter jets land in an airbase for the African Lion military exercise, in Ben Guerir, Morocco, Monday, June 14, 2021.
American F16 fighter jets land in an airbase for the African Lion military exercise, in Ben Guerir, Morocco, Monday, June 14, 2021.

အမေရိကန်နဲ့ မဟာမိတ်တွေပေါင်းပြီး ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ အမောင်းသင်တန်းတွေ ပေးဖို့ သဘောတူလိုက်ပါတယ်။ VOA ကို အိမ်ဖြူတော်က ပေးပို့လာတဲ့ ကြေညာချက်ထဲမှာတော့ - ယူကရိန်းရဲ့ လေတပ်အင်အား စွမ်းရည် မြှင့်တင်နိုင်ဖို့အတွက် F-16 အပါအဝင် အဆင့်မြင့် နည်းပညာသုံး နောက်ဆုံးပေါ် တိုက်လေယာဉ်တွေ နဲ့ ယူကရိန်း လေယာဉ်မှူးတွေကို သင်တန်းတွေ ပေးသွားဖို့ အမေရိကန်က မဟာမိတ် နိုင်ငံတွေနဲ့ လက်တွဲကြိုးပမ်းသွားမယ့်အကြောင်း သမ္မတဂျိုးဘိုင်ဒန်က G-7 ခေါင်းဆောင်တွေကို သောကြာနေ့က အသိပေးခဲ့တယ်လို့ အမေရိကန် အကြီးတန်း အစိုးရအရာရှိတဦးက ပြောပါတယ်။

သိပ်မကြာခင် သီတင်းပတ်တွေအတွင်းမှာပဲ ဥရောပနိုင်ငံတွေမှာ သင်တန်းတွေ စပေးသွားမှာဖြစ်ပြီး သင်တန်းကာလ လနဲ့ချီ ကြာနိုင်တယ်လို့လည်း အဲ့ဒီအရာရှိက ပြောပါတယ်။ လာမယ့်လတွေ အတွင်း သင်တန်းပေးနေတဲ့ တချိန်တည်းမှာ ဂျက်တိုက်လေယာဉ် ဘယ်လောက်များများကို ဘယ်အချိန်မှာ ဘယ်သူတွေက ပေးပို့ပေးမလဲဆိုတာတွေ အဆင့်ဆင့် ပြင်ဆင်လုပ်ဆောင်သွားမယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က ဒီကနေ့ G-7 ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေတဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပချိန် ပြောဆိုသွားပါတယ်။

အခုလို အဆင့်မြင့် တိုက်လေယာဉ်တွေ ကူညီပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တောင်းဆိုထားတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လတွေနဲ့ချီ ငြင်းဆိုထားခဲ့ပြီး အခု G-7 စက်မှု ထိပ်သီးနိုင်ငံတွေရဲ့ ဆွေးနွေးပွဲ ကျင်းပနေချိန်မှာမှ အခုလို ကြေညာလိုက်တာပါ။ သမ္မတ ဘိုင်ဒန်နဲ့ ကမာ္ဘ့အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ G-7 ထိပ်သီး ဆွေးနွေးပွဲမှာ ရုရှားကျုးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းကို စစ်ရေးအပါအဝင် တခြား အကူအညီတွေ ပေးဖို့ကိစ္စက အဓိကဆွေးနွေးနေတဲ့ အကြောင်းအရာတွေထဲက တခုပါ။

ဒီ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ယူကရိန်းသမ္မတ Zelenskyy လည်း ဂျပန်နိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိနေပါတယ်။ အမေရိကန် သမ္မတ သမ္မတဘိုင်ဒန်ကတော့ ရုရှားစစ်ကို တုံ့ပြန်တာအပြင် အင်အားကြီး လာနေတဲ့ တရုတ်ကို ချိန်ခွင်ရှာညှိုနိုင်ဖို့လည်း အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ၊ သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese တို့နဲ့ ဒီနေ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG