သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ပါပူဝါနယူးဂီနီ လုံခြုံရေးသဘောတူညီချက် လက်မှတ်ထိုး


ပါပူဝါနယူးဂီနီနိုင်ငံရဲ့ Port Moresby မှာ ကျင်းပတဲ့ အခမ်းအနားမှာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မေ ၂၂၊ ၂၀၂၃)
ပါပူဝါနယူးဂီနီနိုင်ငံရဲ့ Port Moresby မှာ ကျင်းပတဲ့ အခမ်းအနားမှာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မေ ၂၂၊ ၂၀၂၃)

ပါပူဝါနယူးဂီနီနိုင်ငံရဲ့ ရေပိုင်နက်နဲ့ ဆိပ်ကမ်းတွေကို အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုခွင့် အပါအဝင် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် တရပ်ကို အမေရိကန်နဲ့ ပါပူဝါနယူးဂီနီကြား ဒီနေ့ပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ဒေသတွင်း တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုတွေအပေါ် စိုးရိမ်မှုတွေနဲ့ အမေရိကန်က အာရုံစိုက်နေချိန်မှာပဲ သဘောတူညီမှု ရခဲ့တာပါ။ Port Moresby မှာ ကျင်းပတဲ့ အခမ်းအနားမှာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ သဘောတူညီချက်ဟာ နိုင်ငံတခုခုကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

"အချုပ်အခြာအာဏာပိုင် နိုင်ငံတွေအဖြစ် တန်းတူညီမျှ မူကြမ်းရေးဆွဲခဲ့တဲ့ ပါပူဝါနယူးဂီနီနဲ့ အမေရိကန် ပြည်ထောင်စုကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ဟာ စာနာမှုအကူအညီနဲ့ ကပ်ဘေးသင့်သူတွေကို ကူညီရာမှာ ပါပူဝါနယူးဂီနီ တပ်ဖွဲ့တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။" လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။

အခုသဘောတူညီချက်အရ ၂ နိုင်ငံ တပ်ဖွဲ့တွေ သင်္ဘောတွေပေါ် အပြန်အလှန် တက်ခွင့်ရမှာဖြစ်သလို၊ ကျွမ်းကျင်မှုတွေ ဖလှယ်နိုင်မှာဖြစ်ပြီး၊ ပင်လယ်ပြင်မှာ အတူတကွ ကင်းလှည့်တာတွေကို ပိုပြီးထိရောက်အောင် လုပ်နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ အမေရိကန်မှာ အကြွေးယူနိုင်မယ့် ပမာဏ တိုးမြှင့်သတ်မှတ်ရေး ညှိနှိုင်းဖို့ လိုအပ်ချက်တွေကြောင့် သမ္မတ Joe Biden မသွားနိုင်ဘဲ ဖျက်ခဲ့ရတဲ့ ပါပူဝါနယူးဂီနီ ခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ပါပူဝါနယူးဂီနီ လုံခြုံရေးသဘောတူညီချက် လက်မှတ်ထိုး
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG