သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသလုံခြုံရေးဆွေးနွေးပွဲကြီး စင်္ကာပူမှာ စတင် 

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အကြိမ် (၂၀)မြောက် IISS Shangri-La Dialogue ဆွေးနွေးပွဲအတွင်း အမှာစကားပြောကြားနေတဲ့ သြစတေးလျဝန်ကြီးချုပ် Anthony Albanese (ဇွန် ၂၊ ၂၀၂၃)
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အကြိမ် (၂၀)မြောက် IISS Shangri-La Dialogue ဆွေးနွေးပွဲအတွင်း အမှာစကားပြောကြားနေတဲ့ သြစတေးလျဝန်ကြီးချုပ် Anthony Albanese (ဇွန် ၂၊ ၂၀၂၃)

ကမ္ဘာ့စစ်ရေးအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား စစ်ဘက်ဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူတွေကြား ဆက်သွယ်ရေး လမ်းကြောင်းဖွင့်ဖို့ သြစတေးလျ ဝန်ကြီးချုပ် Anthony Albanese ကတိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာတဝှမ်းက စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ သံတမန်တွေ၊ လက်နက်ထုတ်လုပ် ရောင်းချသူတွေနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင် လေ့လာသုံးသပ်သူတွေ တက်ရောက်ကြတဲ့ Shangri-La Dialogue ဆွေနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဝန်ကြီးချုပ် Albanese က ခုလိုတိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အကြိမ် (၂၀)မြောက် IISS Shangri-La Dialogue ဆွေးနွေးပွဲအတွင်း တက်ရောက်လာတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu ကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၃)
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အကြိမ် (၂၀)မြောက် IISS Shangri-La Dialogue ဆွေးနွေးပွဲအတွင်း တက်ရောက်လာတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu ကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၃)

စင်္ကာပူနိုင်ငံမှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပမယ့် အာရှဒေသလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ရော တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu တို့လည်း တက်ရောက်နေပါတယ်။ ဒီဆွေးနွေးပွဲမှာ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ သီးခြားတွေ့ဆုံဖို့ အမေရိကန်ဘက်က ကမ်းလှမ်းတာကို တရုတ်ဘက်က လက်မခံခဲ့တဲ့ကိစ္စက အခုဆွေးနွေးပွဲမှာ ပြောဆို ဆွေးနွေးစရာဖြစ်နေပါတယ်။ အင်ဒိုပိစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ဦးဆောင်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဝန်ကြီး Austin စနေနေ့ကျရင် မိန့်ခွန်းပြောကြားမှာ ဖြစ်သလို၊ တရုတ် ကာကွယ်ရေးဝန်ကြီးသစ် Li Shangfu ကလည်း တနင်္ဂနွေနေ့မှာ မိန့်ခွန်း ပြောကြားဖို့ရှိပါတယ်။ အာရှဒေသတွင်း တရုတ်ရဲ့ စစ်ရေးအရ ချဲ့ထွက်မှု တိုးလာသလို ယူကရိန်းကို ရုရှားက ကျူးကျော်စစ် တိုက်ခိုက်နေချိန်မှာ အကြိမ် ၂၀ မြောက် Shangri-La Dialogue ဆွေးနွေးပွဲကို ကျင်းပနေတာဖြစ်ပါတယ်။

အာရှဒေသတွင်း လုံခြုံရေး စိုးရိမ်စရာဖြစ်နေတဲ့ မြန်မာနိုင်ငံကိစ္စကိုလည်း ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး သိပ္ပံက အာရှဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲကြီးကို နှစ်စဉ် စီစဉ်ကျင်းပတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG