သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဘိုင်ဒန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ


United States China
United States China


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ တို့ သောကြာနေ့က သမ္မတ အိမ်ဖြူတော်မှာ ၁ နာရီကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုဟာ ပထဝီနိုင်ငံရေးအရ ပြိုင်ဘက်နိုင်ငံကြီး နှစ်ခုကြား ပုံမှန် ဆက်သွယ်ရေး လမ်းကြောင်း ပြန်လည် ဖွင့်လင့်နိုင်ဖို့ အခွင့်အလမ်းကောင်းတရပ်ပါလို့ အိမ်ဖြူတော်က ပြောပါတယ်။

ကြာသပတေးနေ့က အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့လည်း သောကြာနေ့မှာ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံကြား ကွဲလွဲမှုတွေ စေ့စပ်ညှိနှိုင်းနိုင်ဖို့အပြင် လာမယ့် နိုဝင်ဘာလထဲ ကျင်းပနိုင်ဖွယ်ရှိနေတဲ့ အမေရိကန် သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ကြား ထိပ်သီး ဆွေးနွေးပွဲ အတွက် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာပါ။

အိမ်ဖြူတော် ပြောခွင့်ရ John Kirby ကတော့ သမ္မတ ဘိုင်ဒန်အနေနဲ့ သမ္မတရှီနဲ့ မကြာခင် အနာဂတ်မှာ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ ရှေ့လထဲ San Francisco မြို့မှာကျင်းပမယ့် အာရှ−ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ အပြင်ဘန်းမှာ သမ္မတ နှစ်ဦး သီးခြား တွေ့ဆုံဖို့ သဘောတူညီချက် ရထားပြီလား ဆိုတာကိုတော့ မပြောပါဘူး။

တရုတ် အစိုးရဘက်ကလည်း အဲ့ဒီ ထိပ်သီး ဆွေးနွေးပွဲကို သမ္မတရှီ တက်ရောက်မယ် မတက်ရောက်ဘူးဆိုတာကို တရားဝင် ကြေညာတာ မရှိသေးပါဘူး။ သောကြာနေ့က သမ္မတ ဘိုင်ဒန်နဲ့ ဝန်ကြီး ဝမ်ရီတို့ တွေ့ဆုံပွဲကို နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan တို့လည်း တက်ရောက်ခဲ့ကြတာဖြစ်ပြီး ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံကြား နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက် လုပ်သွားနိုင်ဖို့ အခွင့်အလမ်းကောင်းတခု ဖြစ်သလို၊ တိုးတက်လာတဲ့ အခြေအနေတခု ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Kirby က ပြောပါတယ်။

ဝန်ကြီး ဝမ်ရီရဲ့ ၃ ရက်ကြာ အမေရိကန် ခရီးစဉ်ဟာ သမ္မတဘိုင်ဒန် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်မြို့တော်ကို ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ကုန်သွယ်ရေးမညီမျှမှု၊ တရုတ် အနောက်မြောက်ပိုင်းဒေသက ရှင်ကျန်း ဒေသက ဝီဂါ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအပြင် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးတင်းမာမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ဘက်က ဖိအားတွေ တိုးမြင့်တက်လာမှုနဲ့ ကူးစက်ရောဂါလို ကိစ္စရပ်တွေကြောင့် ၂၀၁၈ ခုနှစ်ကတည်းက ဆိုးရွားနေတာပါ။

သမ္မတ ဘိုင်ဒန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG