သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ဆင်ရဲ့သမီး ထိုင်းအာဏာရပါတီခေါင်းဆောင်ဖြစ်လာ


Pheu Thai ပါတီ ခေါင်းဆောင်ဖြစ်လာတဲ့ Paetongtarn Shinawatra
Pheu Thai ပါတီ ခေါင်းဆောင်ဖြစ်လာတဲ့ Paetongtarn Shinawatra

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinwatra) ရဲ့ သမီးဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ သက်ဆင်ရဲ့ အငယ်ဆုံးသမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra ကို Pheu Thai ပါတီ အမှုဆောင်အရာရှိတွေနဲ့ ပါတီဝင်တွေက ပါတီခေါင်းဆောင်အဖြစ် မဲပေး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

Pheu Thai ပါတီအနေနဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့ပါတီတွေနဲ့ပေါင်းပြီး အစိုးရ မဖွဲ့ပါဘူးဆိုတဲ့ ကတိကို ချိုးဖောက်ခဲ့တဲ့အတွက် အရင်ပါတီခေါင်းဆောင် Chonlanan Srikaew ရာထူးကနေ နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ မေလတုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ Pheu Thai ပါတီက ဒုတိယမဲအများဆုံး ရခဲ့ပေမဲ့ အစိုးရဖွဲ့နိုင်လောက်အောင် မဲမရခဲ့တာကြောင့် တခြားပါတီတွေနဲ့ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ရပါတယ်။ ရွေးကောက်ပွဲမှာ မျိုးဆက်သစ် လူငယ်ခေါင်းဆောင် Pita Limjaroenrat ရဲ့ Move Forward ပါတီက မဲအများဆုံးရခဲ့တာကြောင့် Pheu ပါတီမှာလည်း လူငယ်ခေါင်းဆောင်တွေ ပိုပြီးများတာ မြင်လိုတယ်လို့ အကြီးတန်းပါတီဝင်တွေက ပြောကြားခဲ့ကြပါတယ်။

၂၀၀၆ ခုနှစ်က အာဏာသိမ်း ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်သက်ဆင်ဟာ အဂတိလိုက်စားမှုတွေနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်ကို ရှောင်ရှားနိုင်ဖို့ နှစ်နဲ့ချီ နိုင်ငံခြားမှာ သွားရောက်ခိုလှုံနေခဲ့ပါတယ်။ သူထိုင်းနိုင်ငံကို သူထိုင်းနိုင်ငံကို ပြန်ရောက်လာပြီး ၂ လ အကြာမှာပဲ သူ့သမီးဖြစ်သူကို Pheu Thai ပါတီက ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG