သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်းကို အကျဉ်းထောင်က ဆေးရုံပြောင်းရွှေ့ 


ပြည်ပကနေပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra
ပြည်ပကနေပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra

ပြည်ပမှာ တိမ်းရှောင်နေရာက ထိုင်းနိုင်ငံကို ပြန်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ အချုပ်ထောင်တွင်း ပထမဆုံးနေ့မှာပဲ နှလုံးနဲ့ သွေးတိုးကြောင့် ကျန်းမာရေး စိုးရိမ်ရတာကြောင့် ဆေးရုံကိုပြောင်းရွှေ့ပေးလိုက်ကြောင်း ဒီနေ့ပဲ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းရှင်သူဋ္ဌေး အဖြစ်ကနေ ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် Thaksin ရဲ့ လက်ရှိ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရင်ဘတ်တောင့်ပြီး၊ သွေးတိုးလာတာကြောင့် မနက် ၂ နာရီလောက်မှာပဲ ဘန်ကောက်ရဲတပ်ဖွဲ့ ဆေးရုံကြီးကို ပို့ဆောင်လိုက်ကြောင်း အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

ဘန်ကောက်မြို့က ရဲတပ်ဖွဲ့ဆေးရုံကြီး
ဘန်ကောက်မြို့က ရဲတပ်ဖွဲ့ဆေးရုံကြီး

အကျဉ်းထောင်မှာ ကျန်းမာရေးအတွက် လုံလောက်တဲ့ ကုသစောင့်ရှောက်မှုတွေ ရနိုင်ဖို့ အာမမခံနိုင်တာကြောင့် ဆေးရုံကိုပို့ခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သမီးဖြစ်သူ ဦးဆောင်တဲ့ Pheu Thai ပါတီက Srettha Thavisin ကို လွှတ်တော်က ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်တဲ့ မနေ့ကပဲ ဝန်ကြီးချုပ်ဟောင်း ထိုင်းနိုင်ငံကို ပြန်ရောက်လာတာဖြစ်ပြီး၊ အရင်က စီရင်ချက်ချခံထားရတဲ့ အမှုဟောင်းအတွက် အချုပ်ထောင်ကို ပို့ဆောင်ခံခဲ့ရတာပါ။ အာဏာအလွဲသုံးစားမှု၊ အကျိုးစီးပွား ပဋိပက္ခတွေကြောင့် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်စီရင်ထားတာကို ဝန်ကြီးချုပ်ဟောင်း ကျခံရမှာ ဖြစ်တယ်လို့လည်း တရားရုံးချုပ်က မနေ့ကပဲ အတည်ပြုပြောဆိုထားပါတယ်။

XS
SM
MD
LG