သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရအဖွဲ့သစ် ဘုရင်အတည်ပြု


ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin (သြဂုတ် ၂၂၊ ၂၀၂၃)
ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin (သြဂုတ် ၂၂၊ ၂၀၂၃)

ထိုင်းအစိုးရ Cabinet ဝန်ကြီးအဖွဲ့သစ်ကို ထိုင်းဘုရင်က အတည်ပြုလိုက်တဲ့အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ၃ လကျော်အကြာမှာ ဝန်ကြီးချုပ်သစ် Srettha Thavisin ဦးဆောင်တဲ့ အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

တော်ဝင်မှတ်တမ်း ထုတ်ပြန်ချက်အရ ဝန်ကြီး Cabinet အဖွဲ့မှာ အိမ်ခြံမြေသူ‌ဌေးကြီးလဲဖြစ်တဲ့ ဝန်ကြီးချုပ် Srettha ကဘဏ္ဍာရေးဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ထမ်းမှာ ဖြစ်ပါတယ်။ သူ့ရဲ Pheu Thai ပါတီဝင် ၃ ယောက်ကလည်း ဒုဝန်ကြီးချုပ်တာဝန်တွေအပြင် နိုင်ငံခြားရေး၊ စီးပွားကူးသန်းစတဲ့ အဓိကကျတဲ့ ဝန်ကြီးတာဝန်တွေကို ပူးတွဲ ယူကြမှာဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်က Parnpree Bahiddha-Nukara ဖြစ်လာတော့မှာပါ။ ဒုဝန်ကြီးချုပ်တာဝန်ကိုတော့ ၆ ယောက်က ပူးတွဲထမ်းဆောင်ကြပါလိမ့်မယ်။ ပြည်ထဲရေးဝန်ကြီးတာဝန်ကတော့ ညွန့်ပေါင်းအဖွဲ့မှာ ဒုတိယ အများဆုံးပါတဲ့ Bhumjaithai ပါတီဝင်ကို ရွေးချယ်တာဝန်ပေးထားပါတယ်။

မေလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် ဒုတိယမဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီက ပထမအများဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီမပါဘဲ၊ တခြားပါတီတော်တော်များများနဲ့ ညွန့်ပေါင်းဖွဲခဲ့တာဖြစ်ပါတယ်။ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်ခန့်အပ်ဖို့ ထိုင်းလွှတ်တော်က ပယ်ချခဲ့တဲ့အတွက် ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်နဲ့ အစိုးရသစ်ဖွဲ့ဖို့ ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။

အစိုးရသစ်တက်နိုင်ဖို့ Pheu Thai ပါတီက ဝန်ကြီးချုပ်လောင်းကို အဆိုပြုမယ်လို့ Move Forward ပါတီက ပြောကြားခဲ့ပေမဲ့ Pheu Thai ပါတီညွန့်ပေါင်းဖွဲ့ချိန်မှာ Move Forward ပါတီ မပါဝင်ခဲ့ပါဘူး။ Pheu Thai ပါတီဟာ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ဆက်နွယ် ထောက်ခံမှုရထားတဲ့ ပါတီဖြစ်ပါတယ်။

XS
SM
MD
LG