သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AUKUS (၃)နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ နျူကလီးယားရေငုပ်သင်္ဘော တပ်ဆင်ရေး ဆွေးနွေး


ယခင်မှတ်တမ်းရုပ်ပုံ |
ယခင်မှတ်တမ်းရုပ်ပုံ |

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ အမေရိကန် အနောက်ခြမ်းက ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန်တောင်ကြား နည်းပညာ ရပ်ဝန်းမှာ သြစတြေးလျနဲ့ ဗြိတိန် နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ သောကြာနေ့မှာ တွေ့ဆုံပြီး တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ အခြားအဆင့်မြင့်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြပါတယ်။

AUKUS လို့ခေါ်တဲ့ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန် မဟာမိတ် (၃) နိုင်ငံရဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအရ ၂၀၃၀ ခုနှစ်တွေထဲမှာ သြစတြေးလျက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (၃) စင်းကို အမေရိကန်ဆီက ဝယ်ယူမှာ ဖြစ်သလို အရှေ့အာရှ က အင်အားကြီး တရုတ် မလိုလားမယ့် အစီအစဥ◌်တွေလည်း ပါဝင်ပါတယ်။

အခု တွေ့ဆုံမှုမှာ ကာကွယ်ရေး ဝန်ကြီး (၃) ဥ◌ီး AUKUS (၃) ပွင့်ဆိုင် သဘောတူညီချက်ရဲ့ နောက်ဆုံး အခြေအနေတွေကို ဖြည့်စွက် ဆွေးနွေးမယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က အစောပိုင်းမှာ ပြောပါတယ်။ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဝယ်ယူမှာက မမှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီ (၃) နိုင်ငံစလုံးက အန္တရာယ်လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း ဒီနှစ်အစောပိုင်းတုန်းက တရုတ်က သတိပေးခဲ့ဖူးပြီး သဘောတူညီချက်ကို ရှုတ်ချခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ အရင်လက ဆန်ဖရန်စ္စကိုမှာ တွေ့ဆုံတုန်းကတော့ နှစ်ဖက်စလုံးက တင်းမာမှုတွေကို လျှော့ချဖို့ ကတိပြုခဲ့ကြပြီး အဆင့်မြင့်စစ်ရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

သြစတြေးလျဟာ အမေရိကန်နဲ့ အခုလို သဘောမတူခင်တုန်းက သူ့ရဲ့ ခေတ်နောက်ကျနေတဲ့ သမရိုးကျ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို အစားထိုးဖို့ ဒေါ်လာ ၆၆ ဘီလီယံတန်ဖိုး ပြင်သစ်ဆီက ရေငုပ်သင်္ဘောတွေ ဝယ်ဖို့ စီစဉ်ခဲ့ပေမယ့် အဲ့ဒါကို ရုတ်ခြည်း ဖျက်သိမ်းပြီး အခု AUKUS သဘောတူညီချက် လုပ်ခဲ့လို့ ဒီ (၃) နိုင်ငံလုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ မဟာမိတ် ပြင်သစ်က မကျေမနပ် ဖြစ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG