သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်တောင်ပိုင်းမှာ ကန်လေယာဉ်ပျက်ကျမှု အနည်းဆုံး ၁ ဦးသေ


ဂျပန်တောင်ပိုင်းမှာ ပျက်ကျသွားတဲ့ အမေရိကန်စစ်ဘက်လေယာဉ်ကို ရှာဖွေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲသ‌ေင်္ဘာ (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ဂျပန်တောင်ပိုင်းမှာ ပျက်ကျသွားတဲ့ အမေရိကန်စစ်ဘက်လေယာဉ်ကို ရှာဖွေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲသ‌ေင်္ဘာ (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

လူရှစ်ဦးကိုတင်ဆောင်လာတဲ့ အမေရိကန် စစ်ဘက်လေယာဉ်တစင်း ဂျပန်တောင်ပိုင်းမှာ ဒီနေ့ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူတဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့တွေကလည်း သမုဒ္ဒရာထဲမှာ လေယာဉ်အပျက်အစီးတွေနဲ့ လူတယောက်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းနဲ့ ရှာတွေ့ရှိခဲ့တဲ့ သူအပါအဝင် အခြားသူတွေရဲ့ အခြေအနေကို ချက်ချင်းမသိရသေးဘူးလို့ ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Kazuo Ogawa က ပြောပါတယ်။

တောင်ပိုင်းကျူရှူးကျွန်းမှာရှိတဲ့ Kagoshima မြို့ တောင်ဘက်က ကျွန်းတစ်ခုဖြစ်တဲ့ Yakushima အနီးမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး၊ အဲ့ဒီမှာရှိတဲ့ ငါးဖမ်းလှေတခုက ကမ်းခြေစောင့် တပ်ဖွဲ့ဆီကို အရေးပေါ် အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ မီးခိုးရောင် အပျက်အဆီး အပိုင်းအစတွေနဲ့ လူတဦးကို ၁ ကီလိုမီတာ (၀.၆ မိုင်) ခန့်အကွာ ပင်လယ်ပြင်မှာ ကမ်းရိုးတန်းစောင့် လေယာဉ်နှင့် ကင်းလှည့်စက်လှေများ တွေ့ရှိခဲ့ရပြီး၊ အသေးစိတ်အခြေအနေနဲ့ ပတ်သက်လို့‌တော့ ချက်ခြင်းမသိရသေးဘူးလို့ Ogawa ကပြောပါတယ်။

ဂျပန်တောင်ပိုင်းမှာ Yakushima ကျွန်းအနီး ပျက်ကျသွားတဲ့ အမေရိကန်စစ်ဘက်လေယာဉ် MV-22 Osprey ရဲ့အပိုင်းအစတခု (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ဂျပန်တောင်ပိုင်းမှာ Yakushima ကျွန်းအနီး ပျက်ကျသွားတဲ့ အမေရိကန်စစ်ဘက်လေယာဉ် MV-22 Osprey ရဲ့အပိုင်းအစတခု (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အစိုးရက အတည်ပြု ထုတ်ပြန်မှာဖြစ်ပြီး အသက်ကယ်တင်ဖို့အရေး ဦးစားပေး လုပ်ဆောင်သွားမှာပါလို့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hirokazu Matsuno က သတင်းထောက်တွေကို ပြောပါတယ်။ အခု ပျက်ကျသွားတဲ့ Osprey လေယာဉ်ဟာ ရဟတ်ယာဉ်ကဲ့သို့ ဆင်းသက်နိုင်တဲ့ ဟိုက်ဘရစ်အမျိုးအစား လေယာဉ်ဖြစ်ပြီး၊ အမေရိကန် မရိန်းတပ်ဖွဲ့၊ ရေတပ်နဲ့ လေတပ်တို့မှာ အသုံးပြုနေတဲ့ လေယာဉ်လည်း ဖြစ်ပါတယ်။

အဲဒီလေယာဉ်ဟာ Yamaguchi စီရင်စုရှိ အမေရိကန် မရိန်းတပ်ဖွဲ့လေတပ်စခန်း Iwakuni မှ ထွက်ခွာခဲ့ပြီး အိုကီနာဝါမှာရှိတဲ့ Kadena လေတပ်စခန်းသို့ သွားရာလမ်းမှာ ပျက်ကျခဲ့တာလို့ Ogawa ကပြောပါတယ်။ လေယာဉ်ဟာ အခုလို မပျက်ကျခင် Yakushima လေဆိပ်မှာ အရေးပေါ်ဆင်းသက်ဖို့လည်း ကြိုးပမ်းခဲ့တယ်လို့ Ogawa ကပြောပါတယ်။

XS
SM
MD
LG