သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ဖိလစ်ပိုင် တောင်တရုတ်ပင်လယ်မှာ ပူးတွဲကင်းလှည့်

ယခင်မှတ်တမ်းရုပ်ပုံ | ဖိလစ်ပိုင်နိုင်ငံ Bataan ကမ်းရိုးတန်းအလွန်က တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်၊ ဂျပန်နဲ့ အမေရိကန်တို့ စစ်ရေးလေ့ကျင့်နေကြစဉ် (ဇွန် ၆၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ဖိလစ်ပိုင်နိုင်ငံ Bataan ကမ်းရိုးတန်းအလွန်က တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်၊ ဂျပန်နဲ့ အမေရိကန်တို့ စစ်ရေးလေ့ကျင့်နေကြစဉ် (ဇွန် ၆၊ ၂၀၂၃)

တရုတ်နိုင်ငံရဲ့ တင်းမာတဲ့ လုပ်ရပ်တွေ တိုးလာနေချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနေတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ တောင်တရုတ်ပင်လယ်မှာ လေကြောင်း၊ ရေကြောင်း ပူးတွဲကင်းလှည့်နေကြပါတယ်။ တရုတ်နိုင်ငံက လက်အောက်ခံအဖြစ် သဘောထားတဲ့ ထိုင်ဝမ်ကျွန်းနဲ့ ကီလိုမီတာ ၂၀၀ လောက်သာဝေးတဲ့ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်စွန်း Batanes အရပ်မှာ မနေ့တုန်းက လေကြောင်းကနေ ပူးတွဲကင်းလှည့်တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ကြောင်း ဖိလစ်ပိုင်လေတပ်က ဒီကနေ့ပဲ ပြောခဲ့တာပါ။

မနက်ဖြန် ကြာသပတေးနေ့အထိ ပူးတွဲကင်းလှည့်မယ့် အစီအစဉ်မှာ ၂ နိုင်ငံ ရေတပ်ဖွဲ့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြသဖို့ ပိုမိုတင်းမာတဲ့ လုပ်ရပ်တွေ တိုးလာနေတာကြောင့် အရေးကြီးတဲ့ အခြေအနေနဲ့ ကြုံနေရကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က ပြောဆိုလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ပူးတွဲကင်းလှည့်နေကြတာပါ။

တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာထားတာကြောင့် ဖိလစ်ပိုင်နဲ့သာမက ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်း စတဲ့ဒေသတွင်း နိုင်ငံတွေနဲ့ပါ အငြင်းပွားမှုတွေ ပေါ်ပေါက်နေပြီး၊ သြဇာအရှိန်အဝါအတွက် အားပြိုင်နေကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာလည်း မကြာခဏထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံရလေ့ရှိပါတယ်။

ကန်နဲ့ ဖိလစ်ပိုင် တောင်တရုတ်ပင်လယ်မှာ ပူးတွဲကင်းလှည့်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG