သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်၊ တောင်ကိုရီးယား၊ဂျပန် ပထမဆုံးအကြိမ် လေကြောင်းစစ်ရေးလေ့ကျင့်


တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် တို့ ပထမဆုံးအကြိမ် လေကြာင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (အောက်တိုဘာ ၂၂၊ ၂၀၂၃)
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် တို့ ပထမဆုံးအကြိမ် လေကြာင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမြင်ကွင်း။ (အောက်တိုဘာ ၂၂၊ ၂၀၂၃)

ပေါ်ထွက်လာနေတဲ့ မြောက်ကိုရီးယား ညနျူကလီယားအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်စစ်တပ်တွေဟာ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်ကြပါတယ်။ မြောက်ကိုရီးယား ရဲ့ခြိမ်းခြောက်မှုတွေ ကို တုံ့ပြန်ရာမှာ ပူးတွဲစွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် ကိုရီးယားကျွန်းဆွယ်အနီးမှာ တနင်္ဂနွေနေ့ က ပူးတွဲ စစ်ရေး လေ့ကျင့်ခဲ့ကြတာဖြစ်တယ်လို့ တောင်ကိုရီးယား လေတပ်က သတင်းထုတ်ပြန်ပါတယ်။

လေ့ကျင့်ရာမှာ အမေရိကန်က နျူကလီယားစွမ်းဆောင်ရည်ရှိတဲ့ B-52 ဗုံးကြဲလေယာဥ်ကြီးတွေ ပါဝင်ကြသလို ဂျပန်နဲ့ တောင်ကိုရီးယား တိုက်လေယာဥ်တွေလည်း ပါဝင်ကြတယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ အမေရိကန်ရဲ့ အာရှ မှာအဓိကကျတဲ့ မဟာမိတ်တွေ ဖြစ်ကြပြီး အမေရိကန်တပ်သား ၈ သောင်းကို လက်ခံထားကြတာပါ။ ဒီ သုံးနိုင်ငံဟာ ကမ်းတက်တပ် တိုက်ပွဲ၊ ရေငုပ်သင်္ဘော ဆန့်ကျင်တိုက်ခိုက်ရေး နဲ့ ဒုံးကျည်ခုခံကာကွယ်ရေး စစ်ရေးလေ့ကျင့်ပွဲတွေကို မကြာခဏဆိုသလို လုပ်ခဲ့ကြပေမဲ့ လေကြောင်း ပူးတွဲလေ့ကျင့်မှုကတော့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီနှစ် ဩဂုတ်လတုန်းက အမေရိကန်နိုင်ငံ၊ သမ္မတနားနေစခန်း Camp David မှာ သမ္မတဂျိုး ဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် မူမီယို ကီရှီဒါ Fumio Kishida၊ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်တို့ တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယား ရဲ့ နျူကလီယာ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာမှာ ကာကွယ်ရေး ပူး‌ပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတာပါ။

ဂျပန် ရဲ့ ကိုလိုနီနိုင်ငံအဖြစ် ၁၉၁၀ ကနေ ၁၉၄၅ အထိ နေခဲ့ရတာကြောင့် တောင်ကိုရီးယာ မှာ ဂျပန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တယ်ဆိုတာ အကဲဆတ်လှတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG