သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

Philippines Military Drill South China Sea
Philippines Military Drill South China Sea

ကန် ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

အမေရိကန်နဲ့ ဖိလစ်ပိုင် ၃ ပတ်နီးပါးကြာ နှစ်ပတ်လည် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ သောကြာနေ့မှာပြီး ဆုံးသွားခဲ့ပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ စစ်အင်အားစုစုပေါင်း ၁ သောင်း ၈ ထောင်လောက်ပါဝင်ပြီး၊ ၃၈ နှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

Balikatan တာဝန်တူညီမျှဝေ ထမ်းဆောင်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ၊ ပြီးခဲ့တဲ့နှစ် သမ္မတ မားကို့စ်ဂျူနီယာ အာဏာရလာပြီး ဆက်ဆံရေးတွေ တိုးတက်လာပြီးနောက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုကို San Antonio ကမ်းခြေမြို့၊ မျှော်စဉ်ပေါ်ကနေ သမ္မတ မားကို့စ် ကိုယ်တိုင်ကြည့်ရှုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွားမှုတွေကြောင့် တရုတ်နဲ့ တင်းမာမှုတွေ ရှိလာချိန်မှာ သမ္မတ မားကို့စ်ဟာ သူ့အရင်သမ္မတ ဒူတာတေးထက် အမေရိကန်နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပါတယ်။

၃ပတ်ကြာ ကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုစတင်
please wait

No media source currently available

0:00 0:01:23 0:00

ဒီရက်သတ္တပတ်အစောပိုင်းက စပရက်တလေ ကျွန်းစုတွေနဲ့ ဆက်စပ်နေတဲ့ Ayungin Shoal ကျွန်စုအနီး ပင်လယ်ပြင်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနဲ့ တရုတ်သင်္ဘောတွေ ဖြစ်ခဲ့တဲ့ကိစ္စဟာ အလွန် အန္တရာယ်ရှိကြောင်းနဲ့၊ အဲဒီကိစ္စမှာ ဖိလစ်ပိုင်ဘက်က ရန်လိုတယ်ဆိုတဲ့ တရုတ်ရဲ့စွပ်စွဲချက်ကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့မှာ ကြေငြာချက်ထုတ်ပြန် ငြင်းဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်ဟာ နောက်တပတ် ဧပြီလကုန်မှာ အမေရိကန်နိုင်ငံကို သွားရောက်ဖို့ရှိပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ကန် ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG