သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ဖိလစ်ပိုင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တရုတ်သတိပေး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင် (Wang Wenbin) ကို သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (ဧပြီ ၁၂၊ ၂၀၂၃)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင် (Wang Wenbin) ကို သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (ဧပြီ ၁၂၊ ၂၀၂၃)

အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား လုံခြုံရေးအရ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာတာက တရုတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိပါး နှောက်ယှက်တာ၊ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုတွေမှာ ဝင်ရောက် စွက်ဖက်တာမျိုး မဖြစ်သင့်ဘူးလို့ တရုတ်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ မနေ့ အင်္ဂါနေ့ကစတင်ပြီး အမေရိကန်နဲ့ ဖိလစ်ပိုင် တပ်ဖွဲ့တွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာ တရုတ်က ခုလို သတိပေးလိုက်တာပါ။

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ တတိယနိုင်ငံတခုကို ပစ်မှတ်ထားတာမျိုး မဖြစ်သင့်သလို၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မထိခိုက်စေတဲ့ လုပ်ရပ်မျိုးသာ ဖြစ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင် (Wang Wenbin) ရဲ့ ပြောဆိုချက်ကို မနီလာ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ တကယ်လို့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေက တရုတ်ရဲ့ အဓိက အကျိုးစီးပွားတွေကို ထိခိုက်လာခဲ့ရင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုတော့ ပြောခွင့်ရဝမ်က မပြောသွားပါဘူး။

(ဝဲမှယာ) ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးဌာနအကြီးအကဲ Carlito Galvez, ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Enrique Manalo, အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austion တို့ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၃)

၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့တွေ ဖိလစ်ပိုင်မှာ အချိန် အကန့်အသတ်မရှိ ထားရှိခွင့် ပြုထားတာဖြစ်သလို၊ ဖိလစ်ပိုင် စစ်စခန်း ၉ ခု တည်ဆောက်ရေးကိစ္စတွေမှာ အမေရိကန်က ကူညီမယ့် အစီအစဉ်တွေကို အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ အင်္ဂါနေ့က ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ထိုင်ဝမ်ရေလက်ကြားကို မျက်နှာမူထားတဲ့ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ အမေရိကန် စစ်စခန်းသစ်တည်ဆောက်ပြီး ထောက်လှမ်းစောင့်ကြည့်မှုတွေ ပိုပြီးလုပ်ဆောင်လာနိုင်မှာဖြစ်တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ ဖြစ်ပါတယ်။

အမေရိကန်-ဖိလစ်ပိုင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တရုတ်သတိပေး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG